Home သတင်း လှိုင်းဘွဲမြို့မဈေးသစ်တွင် ဆိုင်ခန်းဟောင်းပိုင်ရှင်များ ဆိုင်ခန်းမရ၍ ဈေးသည်များ အခက်ခဲဖြစ်နေ

လှိုင်းဘွဲမြို့မဈေးသစ်တွင် ဆိုင်ခန်းဟောင်းပိုင်ရှင်များ ဆိုင်ခန်းမရ၍ ဈေးသည်များ အခက်ခဲဖြစ်နေ

757

ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

လှိုင်းဘွဲမြို့ တွင်းရှိ မြို့မဈေးဟောင်းကို အသစ်ပြန်လည် တည်ဆောက်လိုက်ပြီးနောက် ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ စစ်ကောင်စီနှင့် နီးစပ်သည့် ဝန်းထမ်းများအား ဦးစားပေး ဆိုင်ခန်းချပေးသောကြောင့် ယခင် ဆိုင်ခန်းဟောင်းပိုင်ရှင်အချို့ ဆိုင်ခန်းမရ၍ အခက်အခဲ ကြုံနေကြရကြောင်း ဆိုင်းခန်းပြန်မရသည့် စျေးသည်များက ပြောသည်။

အဆိုပါ မြို့မဈေးတွင် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ဈေးရောင်းခဲ့သူများ၏ နေရာများတွင်း ဈေးသစ်ဆောက် လုပ်ပြီးသောအခါ စျေးခန်းများကို ယခင် နှစ်ဟောင်း စျေးရောင်းသူများအား ပြန်လည် ချပေးခြင်းမရှိပဲ စစ် ကောင်စီ၏ နီးစပ်သည့် စစ်တပ်အသိုင်းအဝိုင်းများ၊အုပ်ချုပ်ရေး ဝန်ထမ်းများ နှင့် စည်ပင်သာယာရေးမှ ဆိုင် ခန်းနေရာ(၄၀)ကျော်ခန့် ယူထားကြောင်း မြို့ခံ စျေးသည်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “အဒေါ်တို့ ဈေးရောင်းတာကြာပြီး။ ဈေးသစ်လုပ်မယ်ဆိုတော့ အစကထင်တာ ပိုစည်ကားလာမယ်။ သန့်ရှင်းလာမယ် အဲလိုထင်ခဲ့တာ။ အရင်ဈေးရောင်းတဲ့ လူတွေ အခု အရင်နေရာပြန်မရဘူး။ တချို့ဆို ဘယ်‌နေ ရာမှ မရတော့တာ ဈေးရောင်းစားတာ ဟိုအရင်အခေါတ်ထဲက ဒီအလုပ်နဲ့ အသက်မွေးလာတာ။ ဈေးမရောင်း ရရင် ဘာလုပ်စားရမလဲ” ဟု ကေအိုင်စီ သို့ ပြောသည်၊

၎င်းမြို့မဈေးအသစ်ကို မတည်ဆောက်မီ ကာလက စျေးဆိုင်ပိုင်ရှင်များကို ဆိုင်ခန်းအသစ်တွင် တရားဝင် စျေးရောင်းခွင့် ပြုပေးမည်ဟုဆိုတာ ဆိုင်ကြီးကို ကျပ်ငွေ တစ်သိန်း နှင့် ဆိုင်သေးကို ကျပ်ငွေ ရှစ်သောင်း ငွေကြေးကောက်ယူခဲ့သော်လည်း အဆိုပါ ငွေကြေး ထည့်ဝင်သူ ဆိုင်ခန်းပိုင်းရှင်အချို့မှာ ဆိုင်ခန်းမရရှိကြပဲ ၎င်းအစား ငွေကြေးတတ်နိုင်သူများကို မြို့နယ်စည်ပင်းသာယာရေးအဖွဲ့က နေရာချပေးလိုက်ကြောင်း ဆိုင်ခန်း မရရှိသည့် စျေးသည်အချို့က ပြောသည်။

မြို့မစျေးသစ်၏ ဆိုင်ခန်းပေါင်း ၄၀ ခန့်ကို စစ်ကောင်စီ နှင့် နီးစပ်သူများအား နေရာချပေးလိုက်သည့်အပြင် အခြားသော ငွေကြေး တတ်နိုင်သူများကို မြို့နယ် စည်ပင်သာယာအဖွဲ့မှ ဦးစားပေး နေရာချပေးလိုက်ခြင်း ကြောင့် ငွေကြေးပေးသွင်းထားသည့် ယခင် ဆိုင်ခန်းဟောင်းပိုင်ရှင်များမှာ နစ်နာကြကြောင်း ကုန်ခြောက် ရောင်းနေသူ တစ်ဦးက ယခုလို ပြောသည်။

၎င်းက” ကျမတို့ဒီမှာ ဈေးရောင်းတာကြာပြီး အသစ်ဖွင့်လိုက်တော့ ဆိုင်ခန်း မရဘူး။ အဲလိုပြောတော့ မရရင် မရောင်းနဲ့ပုံစံမျိုးတွေနဲ့ ငွေပေးနိုင်ရင်တော့ဆိုင်ခန်းရတယ်။ ငွေပေးနိုင်သူတွေကြတော့ တခြားနေရာတောင် ရတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ အသစ်ဖွင့်လှစ်လိုက်သည့် မြို့မ စျေးသစ်တွင် စျေးရောင်းချနိုင်သည့် ဆိုင်ခန်းပေါင်း နှစ်ရာကျော်ခန့် ရှိနိုင်ပြီး ဆိုင်ခန်းအားလုံး အခန်းမဖွဲ့နိုင်သေးသလို ယခင်ဈေးရောင်းနေသူများ ဆိုင်ခန်းမရရှိသူ ၃၀ ကျော်ခန့် ရှိကာ ၎င်းတို့နေရာတွင် ဈေးမရောင်းသူများက ဆိုင်ခန်းများရရှိနေပြီး အဆိုပါ ဆိုင်ခန်းများကိုပြန်လည် ရောင်း ဝယ်နေသောကြောင့် ဆိုင်ခန်း ပြန်လည်မရရှိသူများအနေဖြင့် နစ်နာကြကြောင်း ယခင်ဆိုင်ခန်းပိုင်ရှင် ဟောင်း များနှင့် နီးစပ်သူများက ဆိုသည်။

အလားတူ မြဝတီ ဘုရင့်နော်ဈေးအသစ်တည်ဆောက်သည့် ကာလတုန်းကလည်း ဈေးသည်ဟောင်းများ နေရာမရပဲ ငွေကြေးပေးနိုင်သူများသာ ဆိုင်ခန်းနေရာရကြသည့် ဖြစ်စဉ်မျိုးလည်း ရှိခဲ့သည်ဟု မြဝတီမှ လှိုင်းဘွဲသို့ပြောင်းရွှေ့လာသူတစ်ဦးက ပြောသည်။