Home သတင်း မြဝတီမြို့တွင် မီးသွေးစျေး အဆမတန်မြင့်တက်နေ

မြဝတီမြို့တွင် မီးသွေးစျေး အဆမတန်မြင့်တက်နေ

759

မေလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြိုနယ်တွင် လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်လာသည်နှင့်အမျှ မြို့တွင်း နေထိုင်သူများအနေဖြင့် ချက်ပြုတ်ရေးအတွက် မီးသွေးကို အဓိကအားထားလာရသောကြောင့် လက်ရှိ တွင် မီးသွေးများ အဆမတန်စျေးမြင့်တက်နေကြောင်း မြို့ခံများထံမှ သိရသည်။

မြဝတီမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ၅ လနီးပါးရှိနေပြီး ချက်ပြုတ်ရေးအတွက် လျှပ် စစ်မီးအစား ဂတ်(စ်)မီးဖိုများအပြင် မီးသွေးမီးဖိုများကိုပါ အားထားအသုံးပြုလာရ‌သော ကြောင့် မီးသွေးစျေးများ မြင့်တက်လာရခြင်းဖြစ်သည်ဟု မြဝတီမြို့နေ နန်းအီက ယခုလိုပြောသည်။

“မီမလာတော့ မီးသွေးကိုအားကိုးပြီး ချက်ပြုတ်နေရတာ။ အခု မီးသွေးဈေးက ရွှေဈေးကျနေတာပဲ။ မဝယ်နိုင်တော့ဘူး။ ဝင်ငွေလည်းမရှိဘူး။ နောက်ဆိုရင် ထမင်းဆိုင်က ပဲဝယ်စားတော့မယ်” ဟု ကေအိုင်စီသို့ပြောသည်၊

ယခင်လျှပ်စစ်မီးမပြတ်တောက်ခင်ကာလက မြဝတီမြို့နယ်တွင် မီးသွေးတစ်အိတ်လျှင် (၄၅၀၀) ကျပ် သာရှိပြီး ယခုကာလတွင်မူ (၈,၀၀၀) ကျပ် (၉,၀၀၀) ကျပ်အထိ စျေးပေါက်နေသည်ဟုလည်း မြဝတီမြို့ တွင်း နေထိုင်းသူများက ဆိုသည်။

ထို့အတူ မီးသွေးစျေးများ စျေးမြင့်တက်လာသောကြောင့် စားဝတ်နေရေးအတွက် လုပ်ကိုင်သော စားသောက်ဆိုင်များနှင့် တစ်ပိုင်တစ်နိုင်ဖြင့် စျေးရောင်းသူများအနေဖြင့်လည်း အခက်အခဲများ ကြုံလာရကြောင်း ပြောဆိုကြသည်။

တစ်နိုင်တစ်ပိုင် ထမင်းဆိုင်ဖွင့်ထားသူ တစ်ဦးက “ပုံမှန်ထမင်းတစ်ပွဲ (၁,၅၀၀)ကျပ်‌ရောင်းတယ်။ အခုမီး သွေးစျေးကုန်စျေးနှုန်းနဲ့က အဲ့စျေးရောင်းဖို့က အဆင်မပြေတော့ဘူး။ ထမင်းဟင်းကို စျေးတင်ရောင်းရင်လည်း ဘယ်သူမှစားမှာမဟုတ်တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်

မြဝတီမြို့နယ်အပါအ၀င် မြို့နယ် ၄ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများအား လျှပ်စစ်မီး ဖြန့်ဖြူးပေးနေသည့် (၂၃၀KV/၆၆KV)သင်္ဃန်းညီနောင်ဓါတ်အားခွဲရုံကို ပြီးခဲ့သည့် ဒီဇင်ဘာလက တိုက်ခိုက်ခံရမှုကြောင့် မီးလောင်ပျက်စီးခဲ့ရာမှ ယနေ့အချိန်ထိ ပြန်လည် ပြုပြင်နိုင်ခြင်းမရှိ သေးသောကြောင့် လျှပ်စစ်မီးများ ပြတ်တောက်နေဆဲဖြစ်ကြောင်း မြို့ခံများက ဆိုသည်။