Home သတင်း မတ်လအတွင်း တိုက်ပွဲပေါင်း (၁၉၀) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက် အကျအဆုံးများကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်

မတ်လအတွင်း တိုက်ပွဲပေါင်း (၁၉၀) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက် အကျအဆုံးများကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်

891
Photo: KNU Mutraw News

ဧပြီလ ၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေတွင် ပြီးခဲ့သည့် မတ်လ တစ် လတာအတွင်း စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တို့အကြား နှစ် ဖက်တိုက်ပွဲပေါင်း (၁၉၀)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့ကြောင်း KNU မူတြော်ခရိုင်သတင်းစဉ်၏ ယမန်နေ့ (ဧပြီလ ၃ ရက်)ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ တစ်လတာအတွင်း စစ်ကောင်စီအပြင် နယ်ခြားစောင့်တပ်(BGF) နှင့် KNLA အကြား ထိတွေ့ တိုက်ပွဲပေါင်း (၁၉၀)ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၉၂ ဦးသေဆုံးပြီး ၄၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း KNU တပ်မဟာ (၅)၏ လစဉ်တိုက်ပွဲစာရင်းချုပ် သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

နှစ်ဖက်တိုက်ပွဲအတွင်း KNU ဘက်မှလည်း ၄ ဦး ကျဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ စစ်ကောင်စီ ဘက် ထိခိုက်သေဆုံးမှုတွင် တပ်ခွဲမှူးအဆင့်အပါအဝင် တပ်ကြပ်ကြီး ၂ ဦးလည်း ပါဝင်ခဲ့ကြောင်း စာရင်းအရ သိရသည်။

မတ်လ တိုက်ပွဲများတွင် KNU ဘက်မှ စစ်ကောင်စီ၏ အခြေစိုက် စခန်းတစ်ခုဖြစ်သည့် မယ်တရိသံ လွင်မြစ်ကမ်းနားတွင်တည်ရှိသော မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းအား KNLA-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ပူးပေါင်းတပ်က မတ်လ (၂၈) နေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင် စီဖက်မှ (၁၆)ဦး သေဆုံးကာ(၇)ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရယူနိုင်ခဲ့သည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သုံးမော်တော်ယာဉ် (၃) စီးနှင့် ဆိုင်ကယ်တစ်စီးအား ဖျက်ဆီး နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီး ၁၆ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းအပြင် ဒေသခံများနေထိုင်ရာ ကျေးရွာနှင့် ဥယျာဉ်ခြံမြေများအတွင်း သို့ လက်နက်ကြီးကျည် (၁၄၂) လုံးအထိ ပစ်ခတ်ခဲ့ခြင်းကြောင့် အပြစ်မဲ့အရပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း KNU မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။