Home သတင်း ပိုင်ကျုံတွင် အသားစျေး၊ ငါးစျေး အဆမတန်မြင့်တက်နေ

ပိုင်ကျုံတွင် အသားစျေး၊ ငါးစျေး အဆမတန်မြင့်တက်နေ

594
Photo: CJ

မတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ ပိုင်ကျုံမြိုနယ်တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ အသားစျေး၊ ငါးစျေး အဆမတန်‌ မြင့်တက်လာနေ သောကြောင့် စားသုံးသူ ဒေသခံပြည်သူများ ဝယ်မစားနိုင်ကြတော့ကြောင်း ဒေသခံပြည်သူလူထုများထံမှ သိရသည်။

ယခင်နှစ်များတွင် ငါးခူတစ်ပိဿာလျှင် ကျပ် ၃,၀၀၀(သုံးထောင်)၊ ကျပ် ၄,၀၀၀(လေးထောင်)သာစျေးရှိရာမှ ယခုအချိန်တွင်တစ်ပိဿာကို ကျပ် ၁၀,၀၀၀(တစ်သောင်း)မှ ကျပ်၁၂,၀၀၀ (တစ်သောင်းနှစ်ထောင်) အထိ စျေးရှိလာနေသလို ကြက်သား၊ ဝက်သားတို့မှာလည်း ယခင်နှစ်က တစ်ပိဿာလျှင် ကျပ် ၅,၀၀၀(ငါးထောင်)မှ ယခု ကျပ် ၁၀,၀၀၀ (တစ်သောင်း)ကျော်အထိစျေးရှိနေသည့်အတွက် ဝင်ငွေနည်းပါးသည့် မိသားစုများမှာ မဝယ်စားနိုင်ကြတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပိုင်ကျုံဒေသခံ နော်ဆဲဂေက “ယခင်က ဆိုရင် တစ်ပတ်ကို အသားငါး ၃ ရက်လောက်တော့ ဝယ်စားနိုင် သေးတယ်။ အခုဆိုရင်တစ်ပတ်ကိုတစ်ခါမှ အသားငါးမစားရတဲ့ရက်တွေလည်းရှိတယ်။ အစကဝက်သား တို့ကြက်သားတို့၊ အမဲသားတို့ တစ်ပိဿာမှ စျေးအကြီးဆုံးက ငါးထောင်ပဲ”ဟု ကေအိုင်စီသို့ ပြောသည်၊

အသားများ၊ ငါးများစျေးနှုန်းအဆမတန်မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများဝယ်မစားနိုင်တော့သည့်အ တွက် အသားငါးများတင်သွင်းရောင်းချသောဆိုင်တွင် ရောင်းအားကျဆင်းနေသည့်အတွက် ယခင်က ပိုင်ကျုံမြို့ ပေါ်တွင် အသားငါးအဓိက ရောင်းချသော ဆိုင်ကြီး (၈)ဆိုင်ခန့်ရှိရာမှ ယခု (၃)ဆိုင်ခန့်သာကျန်တော့ကြောင်း အသားငါးရောင်းသည့်ဆိုင်ရှင်များက ပြောသည်။

“အာဏာသိမ်းပြီးနောက် ဘာကိုမှ ရောင်းရတာအဆင်မပြေတော့ဘူး။ အစကဆိုရင် ဖောက်သည်စျေး ကသက်သက်နဲ့ရောင်းလို့ရတယ်။ အခုကျတော့ ဖောက်သည်စျေးလည်းဒီအတိုင်းပဲ၊ ဘာအသားပဲဖြစ်ဖြစ် တစ်ပိဿာကိုတစ်သောင်း(၁၀,၀၀၀)ကျော်တယ်ဆိုတော့ သိပ်ဝယ်မစားကြတော့ဘူး”ဟု ပိုင်ကျုံဒေသခံ အသားငါးရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ဝင်ငွေနည်းပါးလာပြီး အသားစျေးငါးစျေးများ ယခုလို အဆမတန် မြင့်တက်လာသည့်အတွက် မဝယ်စားကြ‌တော့ဘဲ စားသောက်ရေးအဆင်ပြေရန်အတွက် ဆီ၊ ဆား၊ ကြက်သွန်တို့ သာအဓိက အရေးပေးဝယ်ယူနေကြရကြောင်း ဒေသခံအများက ပြောသည်။