Home သတင်း ကျုံဒိုးမြို့တိုက်ပွဲဖြစ်စဉ်အပေါ် ရင်ဆိုင်ကြုံတွေ့နေရသည့် ဒေသခံအချို့၏ စကားသံများ

ကျုံဒိုးမြို့တိုက်ပွဲဖြစ်စဉ်အပေါ် ရင်ဆိုင်ကြုံတွေ့နေရသည့် ဒေသခံအချို့၏ စကားသံများ

704

ကျုံဒိုးမြို့တိုက်ပွဲဖြစ်စဉ်အပေါ် ရင်ဆိုင်ကြုံတွေ့နေရသည့် ဒေသခံအချို့၏ စကားသံများ

မတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် မတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်စဉ်အတွင်း လူနေအိမ် ၃၃ လုံး၊ ကား ၄ စီးနှင့် ဆိုင်ကယ် ၃ စီး မီးလောင်ပျက်စီးကာ အရပ်သား ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။

ထို့အပြင် တိုက်ပွဲကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် အသက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ အဆိုပါ မြို့တွင်း တိုက်ပွဲကြောင့် လက်ရှိတိမ်းရှောင်နေရသည့် ပြည်သူအချို့၏ ရင်ဖွင့်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ကျုံဒိုးမြို့ပေါ်နေ ဒေသခံတစ်ဦးက
တိုက်ပွဲစဖြစ်တာတော့ လက်နက်ကြီးတွေကျတာတို့ လူနေဝန်းကျင်တွေမှာ ကျ တယ်။ အသိတွေပြည်သူတွေ လက်နက်ကြီးထိတော့ စိတ်တော့မကောင်းဘူး ပေါ့နော်။ တိုက်ပွဲဖြစ်ရင်ကတော့ ထိခိုက်မှုတော့ရှိမယ် ဆိုတာတော့ သိပါတယ်။ ထိခိုက်မှာပဲလေ စစ်နည်းဗျူဟာအရတော့ ကျနော်နားမလည်ဘူး။ စစ်ဟာ ဘယ်လိုရှိလဲဆိုတာ ကျနော်မသိဘူး၊ ဖြစ်နိုင်ရင်ပေါ့နော် ပြည်သူတွေ အတွက် ရှောင်ထွက်လိုရမယ့်နည်းလမ်းလေးရှိရင်တော့ပိုအဆင်ပြေပါတယ်။

အခုက တိုက်ပွဲထဖြစ်တယ်၊ ဒီမြို့ထဲမှာရှိတဲ့သက်ကြီးရွယ်အိုတွေ ကလေးတွေ မထွက်နိုင်ဘူးပေါ့နော်။ အဲလိုမထွက်နိုင်တဲ့အတွက် မလိုအပ်ဘဲနဲ့ ထိခိုက်ဆုံးရှုံးမှုတွေဖြစ်သွားတယ်ပေါ့နော်။

ပြည်သူတွေ ပြင်ဆင်ခွင့် ထွက်ချိန်မရတဲ့အတွက် တော်လှန်ရေး အဖွဲ့တွေကို တော့အမြင် နည်းနည်းစောင်းသွားကြတယ်။ ဒါပေမဲ့ ကျနော်တို့က နားလည်ပါ တယ်။ အခုက ကျုံဒိုးမြို့ကလည်း တပ်စခန်းတွေက မြို့နယ်နဲ့ အရမ်းနီးတော့လည်း ဒီလိုဖြစ်သွားတာပေါ့နော်။ ဒါပေမဲ့တချို့ကတော့ နည်းနည်း ကြောက်လန့် သွားတာပေါ့။ ထိတ်လန့်သွားတယ်၊ ပုံမှန်ထိခိုက် ပျက်စီးဆုံးရှုံးမှု ဆိုရင်ကတော့ အမြင်စောင်းချင်မှစောင်းမယ်ပေါ့နော်။ အခုဟာက မြို့ခံလူတွေရော၊ သေကြေပျက် စီးကြတာဆိုတော့ အခုလို မြို့တွင်းတိုက်ပွဲတွေဖော်ဆောင်တဲ့အခါမှာ တော်လှန်ရေး ရဲဘော်တွေကိုပြောချင်တာကတော့ ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးဖို့ရယ်၊ ပြည်သူတွေကလည်း ပြန်လည်ကူညီစောင့်ရှောက်ပေးမှာပါ။

‌ကျုံဒိုးဒေသခံ အမျိုးသမီးတစ်ဦး
ဒီတိုက်ပွဲတွေစဖြစ်တော့ ဒီရဲစခန်းဘေးနားက ဈေးတန်းမှာ ဈေးဝယ်နေတာ သေနတ်သံတွေစပစ်တော့ ကျမတို့အရမ်းကြောက်တယ်။ ကျမမှာ နှလုံးရောဂါရှိ တယ်။ အသံကျယ်ကျယ်ကြားတော့ ရင်ဘတ်ကို ဖိပြီးတော့ တော်တော်ထိန်း ထားရတယ်။ ပထမဦးဆုံး အသိဝင်တာတော့ ဒီနေရာကနေအမြန် ဆုံးထွက်ခွာ ရမယ်။ သားသမီးတွေ အိမ်မှာကျန်ခဲ့တယ်၊ ဒါပေမယ့် ထွက်လိုမရခဲ့ဘူး ၁၁( နံနက်) နာရီလောက်မှာ ထွက်လို့ရတယ်။ အိမ်ပြန်ရောက်တော့ သားတွေကို ရှာမရဘူး၊ စိတ်ပူသွားတယ်။ နောက်မှ ဦးလေးက သူတို့ကို ခေါ်ထားတာသိရမှ စိတ်အေးသွား တယ်။ နောက်တစ်ခါ မကြုံချင်ဘူး။ ဖြစ်နိုင်ရင် တော်လှန်ရေးကိုလည်း အေးအေး ဆေးဆေးပြီးစေချင်တယ်။ စစ်ပွဲဖြစ်မှ ပြီးမယ်ဆိုတာသိပါတယ် ဒါပေမယ့် အခုလိုမျိုးဆုံးရှုံးမှုတွေ၊ ရဲဘော်တွေသေ၊ ပြည်သူ‌သေတာတွေ မြင်ရတဲ့အခါမှ အရမ်းဝမ်းနည်းပါတယ်။ ဒါ‌ကြောင့် စစ်ကို မကြုံချင်တော့ပါဘူး။

နေအိမ် မီးလောင်သွားသော ဒေသခံတစ်ဦး
ကျနော့်အိမ် မီးလောင်တာရှိတယ်။ တချို့နေရာမှာဆိုရင် ပစ္စည်းဆုံးရှုံးတာ တွေရှိတယ်။ လက်နက်ကြီးနဲ့ထိတာတွေ ရှိတယ်။ စကစဘက်က စစ်သားတွေဆိုရင် လက်နက်ကြီးနဲ့လိုက်ပစ်တာပေါ့နော်၊ သူတို့ရဲ့ရန်သူတွေ ထိလားမထိလားတော့ မသိဘူး။ ဒါပေမဲ့ သေချာတာကတော့ ပြည်သူလူထုတွေထိနေတယ်။ ကျနော့် အနေနဲ့ကတော့ နှစ်ဖက်လုံးကို အေးချမ်းစေချင်တယ်။ ပြည်သူလူထု တစ်ယောက် အနေနဲ့ကတော့ အေးအေးချမ်းချမ်းဖြစ်သွားစေချင်တယ်ပေါ့နော်။ နှစ်ဖက်လုံးကို ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်စေချင်တယ်။

ဒေသခံ တစ်ဦးက
တစ်ဖက်နဲ့တစ်ဖက်နဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားထဲမှာရောက်နေတော့ ပြည်သူလူထုပဲဒုက္ခရောက်တယ်။ ကျနော့်အထင်ပေါ့။ တော်လှန်ရေးပြီးဖို့ အတွက်ဆိုရင် တိုက်နေရုံနဲ့မပြီးနိုင်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အကြီးပိုင်းတွေရော၊ ညှိညှိနှိုင်းနှိုင်းနဲ့သေသေချာချာ လုပ်မှသာလျှင်ပြီးမယ် လို့ထင်တယ်။ အောက်ခြေကတော့ တိုက်နေတယ်၊ အပေါ်မှာကတော့ ဒီတိုင်းနေတယ်ဆိုရင်ကတော့ ဒါသိပ်မဟုတ်ချင်ဘူး။

အကြီးပိုင်းတွေ ဆွေးနွေးမှုမရှိဘူး၊ ဘာမှလည်းမလုပ်ဘူး အောက်ခြေကတော့ လိုက်ပစ်နေမယ်၊ ခတ်နေမယ်နောက်ပြီးတော့ စစ်ကောင်စီဘက်က စစ်သားတွေ ကလည်း သိတဲ့အတိုင်းပဲ ရမ်းကြမ်းနေတယ်ဆိုတော့ ကျနော်စိတ်ထင်တော့ ဒါလွယ်တဲ့ ကိစ္စတော့မဟုတ်ဘူးပေါ့။ အခုလို တိုက်ပွဲကြီးကြုံလိုက်တော့ နောက်တစ်ခါမကြုံချင်တော့ဘူး။ မကြုံဖို့လည်း ကျနော်ဆု‌တောင်းတယ် တကယ့်ဒီမှာနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ စစ်ဖြစ်နေတဲ့အတိုင်းပဲ ကြားနေရတာ တွေကို နောက်တစ်ခါမကြုံချင်တော့ဘူး။

နေအိမ်ပျက်စီးသွားသော အမျိုးသမီးတစ်ဦး
တစ်ခုပြောချင်တာက ကေအဲန်ယူဘက်ကိုပေါ့ ကေအဲန်ယူဘက်ကိုလည်း ကျမတို့ပြည်သူတွေက တတ်နိုင်သလောက် ကူညီပေးပါမယ်။ ပြည်သူတွေကိုလည်း စောင့်ရှောက်ပေးပါ၊ ကာကွယ်ပေးပါ။ စစ်ကောင်စီ တွေမရှိတော့အောင် တိုက်ပေးပါလို့ ပြောချင်ပါတယ်။