အောက်တိုဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ နို့တကော(ကြာအင်းဆိပ်ကြီး)မြို့နယ်ထဲရှိ တပ်ဖွဲ့အခြေချနေရာများသို့ ယမန်နေ့၊ အောက်တိုဘာ(၁၂)ရက်နေ့က လူအပြောင်းအလဲလုပ်ရန်လာသည့် စစ်အုပ်စုကို KNLA ပူးပေါင်းတပ်က ပုလိန်ရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ခလယ်တံခွန်တိုင်နှင့် သံဖြူဇရပ်ဒေသဘက်သို့ ယမန်နေ့ညနေပိုင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်ရောက်လာခြင်းဖြစ်ပြီး တောင်ဒီး၊...