ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မြဝတီတောင်ဘက် ဖလူး-ဝေါလေ လမ်းမပေါ်၌ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA မှ ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် အခြားအဆင့် တစ်ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကောင်စီ ၅၈၅တပ်ရင်း၊ စကစ ၁၃ ထုတ်နုတ်အဖွဲ့၏ ယာဉ်(၃)စီးသည် ၎င်းတို့စစ်ကြောင်းတာဝန်ယူစောင့် ရှောက်နေသော ဖလူး-ဝေါ်လေလမ်းမမှ ဖြတ်သန်းလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုတိုက်ပွဲဖြစ်စဉ်အတွင်း ကော်ဘရာ စစ်ကြောင်းဘက်တွင်လည်း (၁)ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီများက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်သဖြင့် အနီးအနားရှိ ဒုက္ခသည်စခန်းတွင် နေထိုင်ခိုလှုံသည့် စစ်ရှောင်ပြည်သူ ၁ ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။



















