Home သတင်း စစ်ကောင်စီတပ်နှင့် BGF နေထိုင်သည့် တပ်စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု BPLA ထုတ်ပြန်

စစ်ကောင်စီတပ်နှင့် BGF နေထိုင်သည့် တပ်စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု BPLA ထုတ်ပြန်

1459
Photo: BPLA

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး၊ မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်များ ပူးပေါင်းနေထိုင်သည့် တပ်စခန်း တစ်ခုကို ယနေ့ ဖေဖော်ဝါရီလ (၂၅)ရက်၊ နံနက် ၆ နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တပ်စန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု (BPLA)က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ ကွက်ကဲရေးမှူး မောင်ဆောင်းခက “တပ်စခန်းကို မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။ ရန်သူဘက်က အကုန်ပြေးကြတာဆိုတော့ ပြန်တိုက်လိုတဲ့စိတ်ဓာတ်အနေအထားမရှိပါဘူး။ လေကြောင်းကတော့ တိုက်ပွဲမရှိလည်း လာနေကြပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

နာရီဝက်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် တပ်စခန်းထဲရှိ စစ်ကောင်စီတပ်များနှင့် BGF တပ်များစခန်း စွန့်ခွာထွက်ပြေးကာ အလောင်းတစ်လောင်း လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း (BPLA)က ထုတ်ပြန်ထားသည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)နယ်မြေရှိ စစ်ကောင်စီတပ်နှင့် BGF တပ်များပူးပေါင်းနေထိုင်သည့် တပ်စခန်းတစ်ခုအား တိုက်ခိုက်သိမ်း ပိုက်ခံရမှုနှင့် ပတ်သက်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သည့် (BPLA)ဘက်မှ ၎င်းတို့လူမှုကွန်ယက်စာမျက်နှာ ပေါ်တွင် သတင်းထုတ်ပြန်ထားခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။

Photo: BPLA