ဇူလိုင်လ ၁၇ရက်၊ ၂၀၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်တောင်ခြေ၊ အာရှလမ်းသစ် တစ်တန်နေရာ၌ ယမန်နေ့ ဇူလိုင်လ ၁၆ရက်နေ့ နံနက် ၆နာရီ ဝန်းကျင်တွင် ရေဆင်းခပ်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာမှုရှိကြောင်း သိရသည်။
ကော့ကရိတ်တောင်ခြေ၊ တစ်တန်တွင် တပ်စွဲထားသော စစ်ကောင်စီများ ရေခပ်ဆင်းလာချိန် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့၍ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။
“သူတို့က တံတားပေါ်မှာ ပိုက်ဆံကောက်ဖို့စောင့်တာ ၃ယောက်၊ ၁ယောက်က ရေခပ်ဖို့ဆင်းလာချိန်မှာ ကျနော်တို့နဲ့ တွေ့ပြီး အပြန်အလှန် ပစ်ခတ်လို့ နေရာမှာပဲထိပြီး လဲကျသွားတယ်”ဟု သူက ကေအိုင်စီသို့ ပြောသည်။
မိနစ် ၂၀ ဝန်းကျင်ခန့် ပစ်ခတ်မှုဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ကော့က ရိတ်အခြေစိုက် ခလရ(၉၇)မှ လက်နက်ကြီးဖြင့် အဆက်မပြတ် လှမ်း၍ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နာရေးကူညီမှုကားများတက်လာပြီး ထိခိုက်ဒဏ်ရာရသူကိုတင်သွားကြောင်း သိရသော် လည်း ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကိုမူ မသိရှိရပေ။
ကော့ကရိတ်တောင်ခြေ၊ အာရှလမ်း တစ်တန်နေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များမှာ တပ်မ-၂၂ လက် အောက်ခံတပ်ဖွဲ့ဝင်များဖြစ်သည်ဟု နယ်ခံပြည်သူများထံမှ သိရသည်။



















