ဇွန် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်မြို့သို့ စစ်ကြောင်းထိုးလာသော စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ကတိုင်တိအထက်ပိုင်းရှိ နို့ဖောထီးကျေးရွာအနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း မူတြော်စစ်ရေးသတင်းအရင်းမြစ်မှ သိရသည်။
နယ်မြေစိုးမိုးရေးအတွက် ဖာပွန်သို့တက်လာသည့်...