Home ကဗျာ “လူငယ်နှင့် ငြိမ်းချမ်းရေး”

“လူငယ်နှင့် ငြိမ်းချမ်းရေး”

2534

“လူငယ်နှင့် ငြိမ်းချမ်းရေး”

အနာဂတ်ရဲ့ မျိုးဆက်မောင်
လူငယ်တို့ ဦးဆောင်
ရှေ့သို့ရောက်အောင် ချီတက်သွား
နိုင်ငံ့ရဲ့ အင်အား… ။

ရိုးသားကြိုးစား လူငယ်တွေ
စည်းလုံးကြပါလေ
အခက်ခဲတွေ အတူတကွ
စုပေါင်း ဖြေရှင်းကြ … ။

ငြိမ်းချမ်းဖို့က ရေးကြီးတာ
စွမ်းဆောင်လို့ ကူဗျာ
ညီညီညာညာ ရုန်းပါမှ
ခက်ခဲ လွတ်ကင်းရ… ။

အတ္တများကို ရှောင်ကြနော်
ငြိမ်းချမ်းရေး တို့မျှော်
မဝေးပါသော် နီးနီးလေး
ဒုံးဒုံးချမှတ်တွေး… ။

နှစ်များစွာဝေး ဆိတ်သုဥ်းပြီ
အေးချမ်းမှုများဆီ
တူစုံသွားမည် လက်ချင်းယှက်
ငြိမ်းချမ်းရေး လင်းလက်… ။

အနာဂါတ်ရဲ့ ပန်းလေးတွေ
ငြိမ်းချမ်းစွာ ပွင့်ဝေ
ဤကမ္ဘာမြေ သာယာဖို့
တို့လူငယ်များ စွမ်းဆောင်စို့ … … … ။

ဇင်မင်းစိုး (ဗိုလ်ကလေး)