Home သတင်း ကျဆုံးထားဝယ်ပြည်သူ ၆၀ကျော်အတွက် မီးထွန်းဆုတောင်း အောက်မေ့ဖွယ်ပြုလုပ်

ကျဆုံးထားဝယ်ပြည်သူ ၆၀ကျော်အတွက် မီးထွန်းဆုတောင်း အောက်မေ့ဖွယ်ပြုလုပ်

741
Photo: CJ

ဖေဖော်ဝါရီ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသတွင် ဒေသခံလူငယ်များက ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ထားဝယ်သပိတ်ဖြိုခွင်းခံရသည့် နှစ်ပတ်လည်နေ့၊ ယနေ့တွင် စစ်ကောင်စီ၏ အာဏာသိမ်း တစ်နှစ်အတွင်း သတ်ဖြတ် ခံခဲ့ရသည့် ထားဝယ်ပြည်သူ ၆၀ကျော်အတွက် အောက်မေ့ဖွယ် မီးထွန်းလှုပ်ရှားမှုကို ကံပေါက်တွင် ပြုလုပ်ခဲ့သည်။

ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည့် နှစ်ပတ်လည်နေ့ ဖေဖော်ဝါရီ ၂၈ရက်၊ ညနေပိုင်းတွင် ထားဝယ်ခ ရိုင်၊ ကံပေါက်ဒေသခံလူငယ်များက “60 light Candles for fallen stars in Tanintharyi” ဟူသော ဝမ်းနည်းအောက် မေ့ဖွယ် ဖယောင်းတိုင်မီးထွန်း ဆုတောင်းခြင်း လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

“စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ တနင်္သာရီဒေသက ပြည်သူပေါင်း ၆၀ ကျော်ကို ဒီနေ့ ကျရောက်တဲ့ ထားဝယ်လူထုသပိတ်သွေးမြေကျတဲ့ နှစ်ပတ်လည်နေ့မှာ ဝမ်းနည်းအောက်မေ့ခြင်း၊ ဂုဏ် ပြုခြင်း၊ အသိအမှတ်ပြုခြင်း ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်။”ဟု လှုပ်ရှားမှု၌ ပါဝင်သူက ပြောသည်။

၂၀၂၁၊ ဖေဖော်ဝါရီ ၂၈ရက်နေ့က ထားဝယ်လူထု ပင်မသပိတ်စစ်ကြောင်းကို အာဏာသိမ်း စစ်တပ်က အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းကြောင့် ထားဝယ်မြို့မှ ကိုလွင်လွင်ဦး၊ ကိုသန်းဝင်း၊ ရေဖြူမြို့မှ ကိုဖေသန်း၊ လောင်းလုံးမြို့နယ်မှ ကိုဗညားအောင်တို့ လေးဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံရသူလည်း အများအပြား ရှိခဲ့သည်။