အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ နို့တကော(ကြာအင်းဆိပ်ကြီး)မြို့နယ်တွင် အောက်တိုဘာ(၉)ရက်မှ (၁၀)ရက်အထိ ကော်သူးလေအမျိုးသမီးများကွန်ရက်(K.W.N) ဦးဆောင်ပြုလုပ်ခဲ့သည့် ရှမ်းအမျိုးသမီးများတွေ့ဆုံဆွေးနွေးပွဲအပြီး ရှမ်းလူမျိုး အမျိုးသမီးကွန်ရက်ကို ဖွဲ့စည်းလိုက်ကြောင်း ကေအဲန်ယူထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ဆွေးနွေးမှုဖြင့် ရှေ့လုပ်ငန်းစဥ်များကို ချမှတ်အတည်ပြုခဲ့ပြီးနောက် ရှမ်းလူမျိုးအမျိုးသမီးကွန်ရက်ကို ဖွဲ့စည်းပေးခဲ့သည်ဟု ကေအဲန်ယူ...