Home သတင်း KNU ဘိတ်-ထားဝယ်ခရိုင်၊ ပု‌လောမြို့နယ်တွင် ‌နေအိမ်အချို့ မီးရှို့ခံရပြီး ‌ဒေသခံရွာလုံးကျွတ် နီးပါး တိမ်း‌ရှောင်‌နေရ

KNU ဘိတ်-ထားဝယ်ခရိုင်၊ ပု‌လောမြို့နယ်တွင် ‌နေအိမ်အချို့ မီးရှို့ခံရပြီး ‌ဒေသခံရွာလုံးကျွတ် နီးပါး တိမ်း‌ရှောင်‌နေရ

1748
Photo: ‌ဒေသခံ

ဇန်နဝါရီ ၁ဝရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ဘိတ်-ထားဝယ်ခရိုင်၊ ပု‌လောမြို့နယ် ပဝတ်ကုန်း‌ကျေးရွာထဲရှိ ‌ဒေသခံ‌နေအိမ် (၅)လုံးမှာ စစ်‌ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခံရပြီး‌နောက် ယခုအချိန်တွင် ‌ဒေသခံများမှာ ရွာလုံးကျွတ် နီးပါး ‌ကျေးရွာအတွင်းမှ တိမ်း‌ရှောင်‌နေရသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

‌ဒေသခံ‌နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည့် စစ်‌ကောင်စီတပ်ဖွဲ့မှာ ခလရ(၂၈၅)တပ်ရင်းမှဖြစ်ပြီး ဇန်နဝါရီ (၈)ရက် ‌နေ့တွင် အင်အား ၂၀ဝခန့်ရှိ စစ်‌ကြောင်းနှစ်‌ကြောင်း တက်လာခဲ့ပြီး ‌ကျေးရွာထဲတွင် လက်နက်ကြီးများနှင့် ရမ်းသမ်းပစ် ခတ်မှုများ ပြုလုပ်သွားခဲ့‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောသည်။

‌ကျေးရွာများအတွင်းသို့ စစ်‌ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ‌နေအိမ်များမီးရှို့ခြင်းများ‌ကြောင့် KNU ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)၊ ပု‌လောမြို့နယ်ရှိ ပဝတ်ကုန်း၊ ဒူးရင်းပင်‌ရှောင်၊ မြို့‌ဟောင်း၊ ကဒဲ၊ မ‌ဒေါနှင့် မင်းထိန်‌ကျေးရွာများမှ ‌ဒေသခံများမှာ ရွာအတွင်း မ‌နေရဲ‌တော့ဘဲ ရွာလုံးကျွတ်နီးပါး ထွက်‌ပြေးတိမ်း‌ရှောင်‌နေရခြင်း လည်းဖြစ်သည်။

ဇန်နဝါရီလ (၈)ရက်‌နေ့က ပု‌လော PDF ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်တို့ ပဝတ်ကုန်းရွာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ ပြီး စစ်‌ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကာ (၄)ဦး‌သေဆုံးသွားသည့်အပြင်၂ဝဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အဆိုပါ စစ်‌ကောင်စီတပ်ဖွဲ့သည် ပဝတ်ကုန်းရွာသားများ၏ ‌နေအိမ်များကို ပြန်လည်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံ တစ်ဦးက ယခုလို ‌ပြောသည်။

Photo: ‌ဒေသခံ

“စစ်တပ်ဘက်က မိုင်းထိထားတဲ့ကိစ္စ၊ လူထုအိမ်‌တွေ မီးရှို့ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရွာသား‌တွေက ရွာမှာမ‌နေရဲဘူး။ ထွက်‌ပြေးသွားကြကုန်ပြီး။ စစ်တပ်က အမှန်ဆို ရွာလုံးကျွတ်နီးပါး‌တောင် မီးရှို့ဖို့ လုပ်‌နေတယ်။ ဒီဘက်က PDF ‌ရောက် လာတာမြန်လို့ (၅)လုံးပဲ မီးရှို့မှီလိုက်တယ်။ သူတို့လူထိတာကို မ‌ကျေနပ်လို့ ‌ဒေသခံ‌တွေကိုပြန်လုပ်တာ။”ဟု ‌ဒေသခံ တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ဇန်နဝါရီလ (၄)ရက်‌နေ့ကလည်း ကဒဲ‌ကျေးရွာတွင် ပစ်ခတ်မှုတစ်ကြိမ် ဖြစ်ပွားခဲ့သလို ‌ဒေသခံရွာသား ၂ဝဦး ကိုလည်း စစ်‌ကောင်စီတပ်က လမ်းပြအဖြစ် အတင်းအဓမ္မ ‌ခေါ်‌ဆောင်သွားခြင်းရှိခဲ့‌ကြောင်းလည်း ‌မြေပြင်သတင်းအရ သိရသည်။

တနသင်္ာရီတိုင်း၊ ပု‌လောမြို့နယ်ထဲတွင် လက်ရှိအချိန်တွင် ထွက်‌ပြေး‌နေရသည့် စစ်‌ဘေး‌ရှောင် (၆၅၀၀)ဝန်းကျင်ရှိပြီး ၎င်းတို့မှာ စားနပ်ရိက္ခာ ‌ထောက်ပံ့မှု အကူအညီလိုအပ်လျှက်ရှိ‌ကြောင်း ကူညီ‌ဆောင်ရွက်‌ပေးသူများထံမှ သိရသည်။