Home သတင်း ‌လေး‌ကေ‌ကော် မြို့သစ်ရှိ နီပွန်‌ဖောင်‌ဒေးရှင်းမှ လှူဒါန်းထားသည့် ပစ္စည်းများအား စစ်‌ကောင်စီတပ် ဝင်‌ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့

‌လေး‌ကေ‌ကော် မြို့သစ်ရှိ နီပွန်‌ဖောင်‌ဒေးရှင်းမှ လှူဒါန်းထားသည့် ပစ္စည်းများအား စစ်‌ကောင်စီတပ် ဝင်‌ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့

1786

ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

တိုက်ပွဲဖြစ်ပွားရာ မြဝတီ‌တောင်ဘက် ‌လေး‌ကေ‌ကော်မြို့သစ် ဧရိယာအတွင်း တပ်စွဲထားသည့် စစ်‌ကောင်စီတပ်များသည် မြို့သစ်အတွင်းရှိ နီပွန်‌ဖောင်‌ဒေးရှင်းမှ လှူဒါန်းထည့် ပညာ‌ရေး၊ ကျန်းမာ‌ရေး အ‌ဆောက်အုံနှင့် စာသင်‌ကျောင်း သင်ကြား‌ရေး အ‌ထောက်အကူပြုပစ္စည်းများအား ဝင်‌ရောက် ဖျက်ဆီးမှုများ ပြုလုပ်သွားခဲ့သည်ဟု ‌မြေပြင်သတင်းအရ သိရသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေဆဲ ‌လေး‌ကေ‌ကော်‌ဒေသတွင် စစ်‌ကြောင်းထိုးဝင်‌ရောက်လာသည့် စစ်‌ကောင်စီတပ်များသည် ပြည်သူများ၏‌နေအိမ်များ၊ ဂျပန်နိုင်ငံ နီပွန်‌ဖောင်‌ဒေးရှင်းမှ ကူညီ‌ထောက်ပံ့ ထားသည့် ပညာ‌ရေး၊ ကျန်းမာ‌ရေး အ‌ဆောက်အုံနှင့် ‌ဒေသဖွံ့ဖြိုး‌ရေး သင်တန်း‌ကျောင်းသုံးပစ္စည်းများ၊ ကွန်ပျူတာသင်ကြား‌ရေးစက်ပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ၊ သင်‌ထောက်ကူ အသုံးအ‌ဆောင်များအားယူ‌ဆောင် ဖျက်ဆီးမှုများပြုလုပ်သွားခဲ့‌ကြောင်း ‌လေး‌ကေ‌ကော် ‌ဒေသတွင်း ပြန်လည်‌နေထိုင်ရန် စစ်‌ဘေး‌ရှောင်စခန်းမှ ‌နေရပ်ပြန်သည့် ‌ဒေသခံများက ‌ပြောသည်။

‌လေး‌ကေ‌ကော် ကျန်းမာ‌ရေးဝန်ထမ်းတစ်ဦးက “အခု ကျမတို့ ရပ်ကွက်သား‌တွေကို ပြန်လာ‌နေလို့ ရပြီ ဆိုပြီး BGF ဗိုလ်မုတ်သုန်က ‌ပြောတယ်၊ ပြန်‌တော့ ကျမတို့ စာသင်‌ကျောင်းမှာ လုပ်ထားတဲ့ ကိုဗစ်စင် တာက ကျန်းမာ‌ရေးပစ္စည်း‌တွေ ဖျက်ဆီးထားတယ်၊ ‌ဆေးဝါး‌တွေ အချို့ မရှိ‌တော့ဘူး ။ တချို့ ‌ဆေးဝါး‌တွေ ဖျက်ဆီးထားခဲ့တယ်ဆိုတာ သိရတယ်။ ရပ်ကွက်‌တွေထဲလည်း အိမ်‌တွေ ‌ဖောက်ယူ ထားတယ်။ ‌ဈေးဆိုင်‌တွေ ကုန်စုံဆိုင်‌တွေ စတိုးဆိုင်‌တွေ အကုန်ယူတယ် ၊ ဆိုင်သုံးပစ္စည်း‌တွေ အကုန် ဖျက်ဆီးထားခဲ့တယ်၊ မြို့ပျက် သ‌ဘောဖြစ်သွားပြီ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌လေး‌ကေ‌ကော်မြို့သစ်အပြင် ထီးမယ်ဝါးခီး ၊ ပဟိက‌လော်စသည့်‌ကျေးရွာ ဘက်တွင်လည်း လူအိမ်များ၊ ဆိုင်များအား အကုန် စိတ်ကြိုက်‌ဖောက်ယူပြီး ပစ္စည်းများ သယ်ယူ‌နေကြသည်ဟုလည်း ၎င်း‌လေး‌ကေ‌ကော် ကျန်းမာ‌ရေးဝန်ထမ်းက ဆက်လက်‌ပြောဆိုသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်‌မြေ၊ ‌လေး‌ကေ‌ကော်ဧရိယာတွင် စစ်‌ရေးအရ ထိန်းချုပ်နိုင်ပြီဟု စစ်‌ကောင်စီပိုင် သတင်းမီဒီယာများက ‌ပြောဆို‌သော်လည်း ‌မြေပြင်တွင် ယ‌နေ့ ဇန်နဝါရီလ ၃ရက်‌နေ့အထိ နှစ်ဘက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်သည်ဟု ‌နေရပ်ပြန် စစ်‌ရှောင်များက ‌ပြောသည်။

အဆိုပါ ရက်၂ဝ ကာလ တိုက်ပွဲ‌ကြောင့် ‌ကျေးရွာ ၆ ရွာ အပါအဝင် ‌လေး‌ကေ‌ကော် ‌ဒေသရပ်ကွက် ၆ ခု မှ စစ်‌ဘေး‌ရှောင်‌နေရသူ ‌ဒေသခံ ၁၅,၀၀ဝ ‌ကျော်မှ နယ်ခြား‌စောင့်တပ်-BGF တာဝန်ရှိသူ ဗိုလ်မှူးမုတ်သုန် ပြန်လည်ပို့‌ဆောင်မှု‌ကြောင့် လူ ၃၀ဝ ခန့် ‌နေရပ်ပြန် ‌နေထိုင်ရန် ပြန်လည်ဝင်‌ရောက် ‌နေထိုင်ခဲ့ကြသည်။

သို့‌သော်လည်း အများစုမှာ မိမိ‌နေရပ် ပြန်ကြည့်၍ ပျက်စီးဆုံးရှုံးမှုများ ရှိ‌နေခြင်း၊ နှစ်ဖက်တိုက်ပွဲများ ပစ်ခတ်‌နေဆဲအ‌ခြေအ‌နေ‌ကြောင့် နီးစပ်ရာ စစ်‌ဘေး‌ရှောင်‌နေရာများသို့ ပြန်လည်လာ‌ရောက် စစ်‌ဘေး ‌ရှောင်‌နေကြဆဲဖြစ်‌ကြောင်း စစ်‌ဘေး‌ရှောင် စား‌သောက်‌နေရာချထား‌ရေး ကူညီ‌နေသူများက ‌ပြောသည်။