Home သတင်း ‌လေး‌ကေ‌ကော် စစ်‌ရှောင်ပြည်သူများ၏ ‌နေအိမ်အသုံးအ‌ဆောင်များနှင့် ကား၊ ဆိုင်ကယ်အများအပြားကို စစ်‌ကောင်စီတပ်မှ ယူ‌ဆောင်သွား

‌လေး‌ကေ‌ကော် စစ်‌ရှောင်ပြည်သူများ၏ ‌နေအိမ်အသုံးအ‌ဆောင်များနှင့် ကား၊ ဆိုင်ကယ်အများအပြားကို စစ်‌ကောင်စီတပ်မှ ယူ‌ဆောင်သွား

989
Photo: ‌ဒေသခံ

ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့‌တောင်ဘက်ရှိ ‌လေး‌ကေ‌ကော်‌ဒေသတွင် ဒီဇင်ဘာလ ၁၅ ရက်‌နေ့ကစတင်ဖြစ်ပွား‌သော တိုက်ပွဲ‌ကြောင့် ‌ဒေသခံပြည်သူများ စစ်‌ဘေး‌ရှောင်‌နေသည့် ကာလအတွင်း စစ်‌ကောင်စီတပ်မှ ‌နေအိမ်များအတွင်းရှိ အိမ်အသုံးအ‌ဆောင်ပစ္စည်းများနှင့် ကား၊ ဆိုင်ကယ်အများအပြားများအား ယူ‌ဆောင်သွားခဲ့သည်ဟု ‌နေရပ်ပြန်ပြည်သူအချို့က ‌ပြောသည်။

တိုက်ပွဲ‌ကြောင့် ‌လေး‌ကေ‌ကော် ၊ ထီးမယ်ဝါးခီး၊ ပဟိက‌လော်စသည့် ‌ကျေးရွာများတွင် ‌နေထိုင်ကြ‌သော ပြည်သူများ စစ်‌ရှောင်‌နေဆဲကာလအတွင်း ၎င်းတို့‌နေအိမ်များအား စစ်‌ကောင်စီတပ်များ ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ပျက်စီးခြင်း၊ စစ်‌ကောင်စီတပ်မှ ၎င်းတို့‌နေအိမ်များအတွင်းရှိ အသုံးအ‌ဆောင်များအား ‌ဖောက်ထွင်းယူ‌ဆောင်ခြင်း၊ သယ်ယူ၍မရသည့် ပစ္စည်းများအား ဖျက်ဆီးခဲ့ခြင်း၊ ‌နေအိမ်ခြံဝင်းများအတွင်း ရပ်နားထားသည့် ကား၊ ဆိုင်ကယ်၊ စက်ဘီးများအား ယူ‌ဆောင်သွားသည်ဟု ‌နေရပ်ပြန် စစ်‌ရှောင်များက ‌ပြောသည်။

ထီးမယ်ဝါးခီး‌ကျေးရွာ‌နေ စစ်‌ရှောင်တစ်ဦးက “ကျမတို့ စစ်‌ရှောင်‌တွေကို BGF က ‌စောမုတ်သုန်က အိမ်ပြန်‌နေလို့ရပြီဆိုတာကို လာ‌ပြောတယ်။ စစ်‌ရှောင်စခန်းက‌နေ အိမ်ဘက် ခဏပြန်ကြည့်‌တော့ အိမ်မှာအခန်း‌တွေ ဖျက်ဆီးပြီး တီဗွီ‌တွေ၊ ပိုက်ဆံ‌တွေ၊ ကွန်ပျူတာ‌တွေ၊ ယူသွားတယ်၊ ကားလည်း ယူသွားတယ်။ ပစ္စည်းယူချင်‌ပေါ့ယူ‌ပေါ့။ အခုက သူတို့ မယူနိုင်တဲ့ ‌ရေခဲ‌သေတ္တာ‌တွေ၊ ဗွီဒို‌တွေ၊ ပရိ‌ဘောဂ‌တွေ အကုန်ရိုက်ချိုးဖျက်ဆီးသွားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် စစ်‌ကောင်စီတပ်များသည် စစ်‌ရှောင်ပြည်သူများ၏ အိမ်သုံးအ‌ဆောင်ပစ္စည်းများယူ‌ဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်သည့်အပြင် ‌နေအိမ်အတွင်းရှိ စား‌သောက်စရာများနှင့် အိမ်‌မွေးတိရိစာ္ဆန်များကိုလည်း ခိုးယူ၊ သတ်ဖြတ်စား‌သောက်ခဲ့‌သေးသည်ဟု အဆိုပါ ထီးမယ်ဝါးခီး‌ကျေးရွာ‌နေ စစ်‌ရှောင်အမျိုးသမီးက ဆက်‌ပြောသည်။

သူမက ” စား‌သောက်စရာ‌တွေ၊ ‌မွေးမြူထားတဲ့ ကြက်၊ ဝက်နဲ့ ဆိတ်‌တွေကို သတ်ဖြတ်စား‌သောက်ခဲ့တယ်။ ‌လေး‌ကေ‌ကော်ဘက်က အိမ်‌တွေ၊ ဆိုင်‌တွေလည်း အကုန်ယူ၊ အကုန်ဖျက်ဆီးခဲ့ကြတယ်။ စစ်တပ်က အခုလိုလုပ်‌တော့ ပြည်သူက ပိုနာကျည်းပြီ‌လေ။ အခု လူအကုန်ပြန်မလာကြ‌သေးလို့ ၊ ပြန်လာ‌နေကြပြီဆို ဆုံးရှုံးပျက်စီးကုန်တာ‌တွေ ကြည့်ပြီး ဒုက္ခထပ်‌ရောက်ကြအုံးမယ်”ဟု ‌ပြောသည်။

KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ နယ်‌မြေအတွင်းရှိ ‌လေး‌ကေ‌ကော် ၊ ထီးမယ်ဝါးခီး၊ ပဟိက‌လော်‌ကျေးရွာများသည် ဂျပန်နိုင်ငံ၊ နီပွန်‌ဖောင်‌ဒေးရှင်းအကူအညီဖြင့် ယခင် နအဖ စစ်အစိုးရ လက်ထက် စစ်ပွဲများ‌ကြောင့် ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်စခန်းများတွင် ခိုလှုံ‌နေထိုင်‌နေသည့် စစ်‌ဘေး‌ရှောင်ပြည်သူများအား ပြန်လည်အ‌ခြေချ‌နေထိုင်ရန် ၂၀၁၄ ခုနှစ်က ထူ‌ထောင်‌ပေးထား‌သော ‌ကျေးရွာများဖြစ်ကြသည်။

Photo: ‌ဒေသခံ

တိုက်ပွဲ ဖြစ်ရက် ၁၈ ရက် ကြာမြင့်လာသည့် ‌လေး‌ကေ‌ကော်‌ဒေသတွင် ယ‌နေ့ နံနက်ပိုင်းအထိ လက်နက်ကြီးပစ်ကူ၊ ‌မြေပြင်စစ်‌ကြောင်းထိုး တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်ပြီး ‌လေး‌ကေ‌ကော်အုပ်ချုပ်‌ရေးရုံး၊ ‌လေး‌ကေ‌ကော်စာသင်‌ကျောင်း၊ ထီးမယ်ဝါးခီး စာသင်‌ကျောင်း ၊ ‌လေး‌ကေ‌ကော် ပန်းခြံကုန်း၊ ‌လေး‌ကေ‌ကော် ၆ ရပ်ကွက် ၊ ဖလူးစာသင် ‌ကျောင်း ၊ မယ်‌ထော်သ‌လေးမင်းလက်ပံ လမ်းဆုံ‌နေရာများတွင် စစ်‌ကောင်စီတပ်များက ‌နေရာယူထားသည်ဟု ‌မြေပြင်သတင်းအရ သိရသည်။

အဆိုပါ စစ်‌ကောင်စီတပ်များမှ ရပ်ရွာအတွင်း ဝင်‌ရောက်ကာ စစ်‌ဘေး‌ရှောင်ပြည်သူများ၏ ‌နေအိမ်အ‌ဆောက်အအုံများအတွင်း ‌ဖောက်ထွင်းဝင်‌ရောက်ပြီး ပြည်သူများ၏ပစ္စည်းများအား ယူ‌ဆောင်ကာ စစ်‌ကောင်စီတပ် ရိက္ခာ‌ထောက်ပို့ကားများဖြင့် တင်‌ဆောင်သယ်ယူသွားကြခြင်းဖြစ်သည်ဟု ‌ဒေသခံ စစ်‌ဘေး‌ရှောင်သူများက ‌ပြောသည်။

စစ်‌ကောင်စီတပ်များ၏ ယခုလို ဖျက်ဆီးမှုများလုပ်‌ဆောင်‌နေကြသည့်အတွက် စစ်‌ဘေး‌ရှောင်စခန်းများမှ စစ်‌ရှောင်များသည် ၎င်းတို့ရပ်ရွာပြန်လည်‌နေထိုင်ရန် ‌နေရပ်မပြန်ရဲကြ‌တော့ဘဲ လက်နက်ကြီး ပစ်ခတ်မှု၊ ‌လေ‌ကြောင်းတိုက်ခိုက်မှုများနှင့် လွတ်နိုင်သည့် ‌နေရာများသို့ ဆက်လက် စစ်‌ဘေး‌ရှောင်‌နေဆဲဖြစ်‌ကြောင်း ‌နေရပ်ပြန်ကြည့်ခဲ့ကြသည့် ‌ဒေသခံစစ်‌ရှောင်များက ‌ပြောသည်။

‌လေး‌ကေ‌ကော်‌ဒေသ တိုက်ပွဲများ ဖြစ်ပွားချိန်တွင် နယ်ခြား‌စောင့်တပ် -BGF မှ ဗိုလ်မှူး‌စောမုတ်သုန်နှင့် စစ်‌ကောင်စီတပ်များမှ စစ်‌ရှောင်များအား ယာယီ ခိုလှုံခွင့်‌ပေးထားသည့် ဖလူး‌လေး‌ကျေးရွာ DKBA ဗိုလ်စလုံး ဂိတ်စခန်းသို့ ‌ရောက်ရှိလာကာ စစ်‌ဘေး‌ရှောင်သူများအား ‌နေရပ်ပြန်ကြရန်သ‌ဘောထားရှိသူများအား ‌နေရပ်‌ကျေးရွာများသို့ ပြန်လည် ပို့‌ဆောင်‌ပေးသည့် အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။

ထို‌နေရပ်ပြန် ‌နေထိုင်ကြသည့် ‌ဒေသခံ ‌နေအိမ်များတွင် ၎င်းတို့ပစ္စည်းများ ပျက်စီး‌ပျောက်ဆုံး‌နေကြသည့် အ‌ခြေအ‌နေကို ကြုံ‌တွေ့ကြရခြင်းဖြစ်သည်သည်ဟု ‌ပြောဆိုကြသည်။