Home သတင်း ‌လေး‌ကေ‌ကော်တွင် စစ်‌ကောင်စီတပ်မှ လက်နက်ကြီးများစတင်မှုနှင့်အတူ ‌မြေပြင်တိုက်ပွဲဆက်လက်ဖြစ်ပွား‌နေ

‌လေး‌ကေ‌ကော်တွင် စစ်‌ကောင်စီတပ်မှ လက်နက်ကြီးများစတင်မှုနှင့်အတူ ‌မြေပြင်တိုက်ပွဲဆက်လက်ဖြစ်ပွား‌နေ

975

ဇန်နဝါရီ ၁ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

မြဝတီ‌တောင်ဘက် ‌လေး‌ကေ‌ကော်မြို့သစ် ဗျူးပွိုင့်အ‌နောက်ဘက် ရ‌သေ့ဂူ‌ကျေးရွာဘက်သို့ ယ‌နေ့ဇန်နဝါရီ ၁ရက် ၊ နံနက် ၆နာရီခန့်မှ စတင်၍ စစ်‌ကောင်စီတပ်များ မှ ‌မော်တာစိန်‌ပြောင်း လက်နက်ကြီးများ စတင်ပစ် ခတ်‌နေသဖြင့် KNU တပ်မဟာ ၆ နယ်‌မြေ၊ ကရင်မျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA ပူး‌ပေါင်းတပ်များနှင့် ‌မြေပြင်တိုက်ပွဲဆက်လက်ဖြစ်ပွား‌နေ‌ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ‌နေရာမှာ ဖလူကြီး ၊ ရ‌သေ့ဂူ၊ ‌လေး‌ကေ‌ကော် ‌ကျေးရွာချင်းဆက် လမ်းပိုင်းရှိ ရ‌သေ့ဂူ ကုန်း‌နေရာနှင့် ‌လေး‌ကေ‌ကော် ဗျူးပွိုင့်အနီး စွယ်‌တော်ကုန်းဟု‌ခေါ်‌သော စစ်‌ကောင်စီအ‌မြှောက်ကုန်းစစ်စခန်းတို့ အကြား နှစ်ဘက်တိုက်ပွဲ ဖြစ်ပွား‌နေသည့် အ‌ခြေအ‌နေဖြစ်သည်။

အဆိုပါ ရ‌သေ့ဂူ စခန်း‌နေရာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ဝ ရက်က အိမ်စီးကားဖြင့် စစ်‌ကောင်စီတပ်များ တပ်‌ဖျောက်နယ်‌ကျော် ‌ရွှေ့‌ပြောင်းဝင်‌ရောက်လာစဉ် တပ်ခွဲမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးအား KNLAတပ်ဖွဲ့ များမှ လူ၊ လက်နက်ခဲယမ်း ၊အသုံးပြုယာဉ်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

ထို့ဖြစ်စဉ်‌ကြောင့် စစ်‌ကောင်စီတပ်များဘက်မှ ၎င်းရ‌သေ့ဂူ စခန်းကုန်း‌နေရာ ဘက်သို့ ဒီဇင်ဘာ ၂၉ရက် မှ ယ‌နေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်အထိ ‌နေ့စဉ် ‌မြေပြင်တပ်များမှ ပစ်ခတ်ခြင်း၊ မြဝတီမြို့ ဘက် ပြည်သူ့စစ်ကုန်းများ ၊ ‌ကျောက်ဂူဘုရား‌တောင် စစ်‌ကောင်စီစခန်း၊ စွယ်‌တော်အ‌မြှောက်ကုန်းများ မှ 60mm၊ 81mm၊ 120mm ‌မော်တာစိန်‌ပြောင်းများဖြင့် ‌နေ့စဉ်ရက်ဆက် ပစ်ကူ‌ပေးတိုက်ခိုက်‌နေသည်ဟု သိရသည်။

အဆိုပါ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်‌နေမှု‌ကြောင့် ‌ဒေသခံများ၏ ပဲခင်း၊ ‌ပြောင်းခင်း၊ ‌တောင်ယာကုန်းများနှင့် ‌နေအိမ်အ‌ဆောက်အအုံ အများအပြား ပျက်စီး‌နေ‌ကြောင်း စစ်‌ရှောင်စခန်းအတွင်း စစ်‌ဘေး‌ရှောင် ရ‌သေဂူ ရွာသား ‌ပြောစကားအရ သိရသည်။