Home သတင်း မြဝတီမြို့လယ် ‌ရွှေမြင်းဝန်ဘုရား မီးပွိုင့်ယာဉ်ထိန်းရုံးအနီး မိုင်းတစ်လုံး‌ပေါက်ကွဲမှုဖြစ်ခဲ့

မြဝတီမြို့လယ် ‌ရွှေမြင်းဝန်ဘုရား မီးပွိုင့်ယာဉ်ထိန်းရုံးအနီး မိုင်းတစ်လုံး‌ပေါက်ကွဲမှုဖြစ်ခဲ့

1397

ဇန်နဝါရီ ၂ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ ‌ရွှေမြင်းဝန်ဘုရားကြီးမီးပွိုင့် ယာဉ်ထိန်းရုံးအနီးတွင် ယမန်‌နေ့ည ၉း၃ဝ အချိန်ခန့်က လက်လုပ်မိုင်း (၁)လုံး ‌ပေါက်ကွဲမှု ဖြစ်သွားခဲ့‌ကြောင်း သိရသည်။

ယခု ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ‌နေရာသည် မြဝတီရဲစခန်း၊ ခရိုင်‌ထွေအုပ်ရုံး အစရှိသည့် ဌာနဆိုင်ရာရုံးများနှင့် ကိုက် ၅ဝ ခန့် သာ ကွာ‌ဝေးသည်။

“အသံက‌တော်‌တော်ကျယ်တယ် ။ မြို့လယ်‌နေရာကဆို‌ပေမယ့် မြို့အစွန်အဖျား‌နေရာအထိ ကြားရတယ်” ဟု မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါလက်လုပ်မိုင်း‌ပေါက်ကွဲ မှု‌ကြောင့် လူထိခိုက်ဒဏ်ရာရခြင်းများ မ‌တွေ့ရှိခဲ့‌ကြောင်း ရပ်ကွက်အုပ်ချုပ် ‌ရေးပိုင်းနှင့် နီးစပ်သူများက ‌ပြောသည်။

ထိုသို့ အလားတူ ယမန်‌နေ့ ည ၇ နာရီ‌ကျော်တွင်လည်း ကရင်ပြည်နယ် ဖားအံမြို့၊ အမှတ် (၄)ရပ်ကွက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာရုံးများ အ‌ခြေစိုက်သည့်‌နေရာဖြစ်‌သော ပြည်တွင်းအခွန်များ ဦးစီးရုံးအ‌နောက်ဘက်တွင် ဗုံးနှစ်လုံး‌ပေါက်ကွဲမှု ဖြစ်သွားခဲ့‌ကြောင်း သိရသည်။