Home ဆောင်းပါး ‌တောက်မည့် မီးခဲ တရဲရဲနှယ်ရှိ‌နေသည့် ‌လေး‌ကေ‌ကော်‌ဒေသ စစ်‌ရေးအ‌ခြေအ‌နေ

‌တောက်မည့် မီးခဲ တရဲရဲနှယ်ရှိ‌နေသည့် ‌လေး‌ကေ‌ကော်‌ဒေသ စစ်‌ရေးအ‌ခြေအ‌နေ

1460

မျိုး‌ဇော် ( ဒီဇင်ဘာ ၅ ရက်၊ ၂၀၂၂ ခုနှစ် )

ယခင်နှစ် ဒီဇင်ဘာလ ၁၅ ရက်မှ အစပြုခဲ့သည့် မြဝတီ‌တောင်ခြမ်း ‌လေး‌ကေ‌ကော်‌ဒေသ တိုက်ပွဲသည် ယခု ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်‌နောက်ပိုင်းတွင် ယခင်ရက် များထက် ပိုမိုပြင်းထန် လာဖွယ်ရှိသည်ဟု နှစ်ဖက် စစ်‌ရေးအသိုင်းအဝိုင်းများအကြား ‌ဝေဖန်‌ပြောကြားမှုများ ရှိ‌နေပါသည်။

ယခင်နှစ် ဒီဇင်ဘာလ ၁၄ ရက်‌နေ့က မြဝတီမြို့၏ ‌တောင်ဘက် ၉ မိုင်ခန့် အကွာရှိ ငြိမ်းချမ်း‌ရေးပြယုဂ်အဖြစ် တည်‌ဆောက်ထား‌သော ‌လေး‌ကေ‌ကော်မြို့သစ်ကို စစ်‌ကောင်စီတပ်က စစ်‌ကြောင်း ၄ ‌ကြောင်းခွဲ၍ စစ်ဆင် ‌ရေးသဖွယ် ဝင်‌ရောက် လူဖမ်းခြင်းမှအစပြုခဲ့သည့် ပဋိပက္ခသည် ‌နောက်တစ်‌နေ့ ဒီဇင်ဘာ ၁၅ ရက် မှစ၍ စစ်‌ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်မဟာ ၆ မဟာမိတ်ပူး‌ပေါင်းအဖွဲ့တို့၏ ထိ‌တွေ့တိုက်ပွဲအဖြစ် အ‌ကြောင်းဖန်လာပါသည်။

ထိုတိုက်ပွဲကာလအတွင်း ဒီဇင်ဘာလ ၂၃ ရက် မှ ၂၅ ရက်‌နေ့ထိ သုံးရက်ဆက်တိုက် အပြင် ဒီဇင်ဘာလ ၂၇ ရက်‌နေ့များတွင် စစ်‌ကောင်စီဘက်က ‌လေယာဉ်များနှင့် ဗုံးကြဲပစ်ခတ်မှုများကို လုပ်‌ဆောင်လာပြီး ‌မြေပြင် တွင်လည်း တစ်ရက်ကို လက်နက်ကြီး အချက်‌ရေ ရာနှင့်ချီပစ်ကူကာ စစ်‌ကြောင်းထိုးသည့်ပုံစံ ‌ဆောင်ရွက်ခဲ့သည်။

တိုက်ပွဲကာလတစ်‌လျှောက် အမြင့်ဆုံးအဆင့်ကို ‌ရောက်ရှိ‌နေသည့် ထိုရက်‌တွေ အတွင်း အနီးဝန်း ကျင်ရှိ‌ကျေးရွာ‌ပေါင်း ၁၅ ရွာ ခန့်မှ ‌ဒေသခံပြည်သူ နှစ်‌သောင်းဝန်းကျင်မှာ စစ်‌ဘေးဒုက္ခများ ပိုမို ခံစား‌နေရပြီး အိုးအိမ်စွန့်ခွာ၍ တဖက်ထိုင်းနိုင်ငံနယ်စပ်အပါအဝင် ‌ဘေးလွတ်ရာကို တိမ်း‌ရှောင်‌နေကြရသည်။

ဒီဇင်ဘာလ ‌နောက်ဆုံးအပတ်တွင် ‌နေရာတစ်ချို့မှလွဲ၍ ပစ်ခတ်မှုမရှိဘဲ စစ်‌ရေး အ‌ခြေအ‌နေ အနည်းငယ် ‌အေးသ‌ယောင်ရှိသည့်အ‌နေအထားတွင် ထိုင်းဘက်ခြမ်း နှင့် မြဝတီမြို့တွင်းမှ ပစ်ခတ်မှု ဧရိယာနှင့် အနည်းငယ် လှမ်းသည့် ‌မေတ္တာလင်းမြိုင်၊ မဲ့‌ထော်သ‌လေး၊ မင်းလက်ပံ ၊ ဖလူးကြီးနှင့် ဖလူး‌လေး အစရှိ‌သော ‌ကျေးရွာများက စစ်‌ရှောင်တစ်ချို့သည် မိမိတို့၏ ရပ်ရွာဆီ ပြန်လာ‌နေထိုင်မှု တစ်ချို့ ရှိခဲ့သည်။

သို့‌သော်လည်း ဒီဇင်ဘာလ ၂၉ ရက်‌နေ့က ‌လေး‌ကေ‌ကော်‌ဒေသအနီး ရ‌သေ့ဂူရွာဘက်တွင် စစ်‌ကောင်စီတပ်က တပ်ခွဲမှူးအပါအဝင် (၇) ဦးကို စစ်‌ရေးနယ်‌မြေအတွင်း KNLA မဟာမိတ်အဖွဲ့က ဖမ်းဆီးထားပြီး‌နောက် တ‌ကျော့ပြန် ပစ်ခတ်မှုများဖြင့် တိုက်ပွဲများ အရှိန်ပြန်ရစပြုလာသည်။

ထိုတ‌ကျော့ပြန် တိုက်ပွဲအတွင်း ဇန်နဝါရီလ ၃ ရက်က စစ်‌ကောင်စီဘက်က ပစ်လိုက်‌သော လက်နက်ကြီးကျည် ထိမှန်၍ (ပြီးခဲ့သည့်ရက်ကမှ ထိုင်းဘက်ခြမ်းသို့ စစ်‌ရှောင်ပြီး ပြန်လာသူ) ဖလူး‌ကျေးရွာ‌နေ အသက် ၄ဝ နှစ်အရွယ် အမျိုးသမီးတစ်ဦး ‌သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရရမှုရှိခဲ့သည်။

ထိုသို့ တ‌ကျော့ပြန် တိုက်ပွဲဂယက်‌ကြောင့် အသက်အိုးအိမ် လုံခြုံစိတ်ချရမှု မရှိသည့် အ‌ခြေအ‌နေ တွင် တိုက်ပွဲဧရိယာအနီး ‌ဒေသခံပြည်သူ တစ်‌ထောင်‌ကျော်သည် ထိုင်းဘက်သို့ ပြန်လည်၍ စစ်‌ရှောင်‌ပြေးကြရသည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်များက ‌ပြောသည်။

“ဇန်နဝါရီ ၃ ရက်‌နေ့မှာ ဖလူးရွာဘက်နဲ့ ‌လေး‌ကေ‌ကော်ဘက်‌တွေမှာ တိုက်ပွဲ‌တွေ ပြင်းထန်လာလို့ ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ မဲ့‌ထော်သ‌လေးရွာ‌တွေက ‌ဒေသခံပြည်သူ တစ်‌ထောင်‌ကျော် ထိုင်းဘက်ခြမ်းကို တ‌ကျော့ပြန် စစ်‌ဘေးတိမ်း ‌ရှောင်လာကြပါတယ်။ ‌ပြေးလာတဲ့ သူ‌တွေထဲက လူ (၂၀၀) ‌ကျော် ထိုင်းနယ်စပ်မှာ ဖွင့်ထားတဲ့ မဲ့ကိုကင်း ယာယီစစ်‌ရှောင်စခန်းမှာ ‌ရောက်‌နေပါတယ်။ ကျန်တဲ့သူ‌တွေ က‌တော့ စစ်‌ရှောင်စခန်းရဲ့အပြင်ဘက် ‌သောင်ရင်းမြစ်ကမ်းအနီး နှစ်နိုင်ငံ နယ်စပ်မျဉ်းမှာ ရွက်ဖျင်တဲထိုးပြီး ‌နေကြတယ်” ဟု စစ်‌ဘေး‌ရှောင်အ‌ရေး ကူညီ‌ဆောင်ရွက်သူတစ်ဦးက ‌ပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်‌နေ့တွင် စစ်‌ကောင်စီတပ်က ‌လေး‌ကေ‌ကော်မြို့ သို့ စစ်ဆင်‌ရေးသဖွယ် ဝင်‌ရောက်ပြီး စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ၎င်းတို့နှင့်နိုင်ငံ‌ရေး အမြင်မတူသူ ၂၄ ဦးခန့်ကို ဝင်‌ရောက်ဖမ်းဆီးခဲ့၍ ထိ‌တွေ့ တိုက်ပွဲများ ဖြစ်ခဲ့သလို တဖက် KNLA မဟာမိတ်ပူး‌ပေါင်းအဖွဲ့လည်း တိုက်ပွဲကာလအတွင်း စစ်‌ကောင်စီ ဘက်မှ တပ်သား ၆ ဦးနှင့် နယ်ခြား‌စောင့်တပ်-BGF တပ်ဖွဲ့ဝင် ၂ ဦးအား ပြန်လည် ဖမ်းဆီးခဲ့ပြီး‌နောက် တိုက်ပွဲအရှိန် ပို၍ မြှင့်တက်ခဲ့သည်။

ထို့အပြင် ဒီဇင်ဘာလ ၂၉ ရက်‌နေ့တွင်လည်း စစ်‌ကောင်စီတပ်မှ တပ်ခွဲမှူး အပါအဝင် ၇ ဦးအား ‌လေး‌ကေ ‌ကော်‌ဒေသ ရ‌သေ့ဂူရွာအနီး၌ KNLA မဟာမိတ် ပူး‌ပေါင်းအဖွဲ့က ထပ်မံဖမ်းဆီးခဲ့သည်။

ထိုသို့ စစ်‌ကောင်စီတပ်မှ (၇) ဦး ဒုတိယအကြိမ် အဖမ်းခံရခြင်းနှင့် ပတ်သက်၍ စစ်တပ်‌ထောက်ခံသူများက တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် အပါအဝင် တပ်ပိုင်းဆိုင်ရာ အကြီးအကဲများ အ‌ပေါ် ‌ဖေ့ဘွတ်လူမှုကွန် ယက်စာမျက်နှာ‌ပေါ်တွင် ‌ဝေဖန်ပြစ်တင်မှုများ ကျယ်ကျယ်‌လောင်‌လောင် ပြုလုပ်လာသည်ကို ‌တွေ့ရသည်။

‌ဖေ့ဘွတ်လူမှုကွန်ရက် အသုံးပြုသူ စစ်တပ်‌လော်ဘီတစ်ဦးက “ဝက်သားဒိုင်‌တွေဟာ ဝက်‌တွေကို သူ့ရဲ့စီးပွား ‌ရေးမှာ အသားအတွက်ပဲ သ‌ဘောထားသလို လက်ရှိ ကာချုပ်ကြီးကလည်း ‌အောက်‌ခြေတပ်သား‌တွေကို ဝက်ဒိုင်က ဝက်‌တွေအ‌ပေါ် သ‌ဘောထားတဲ့ ပုံစံအတိုင်းရှိ‌နေတယ်” ဟု ၎င်းရက်များအတွင်း လူမှုကွန်ယက်စာမျက်နှာ‌ပေါ်တွင် ပြင်းပြင်းထန်ထန် ‌ဝေဖန်‌ရေးသားခဲ့သည်။

ထို့အပြင် ဇန်နဝါရီလ ၄ ရက် လွတ်လပ်‌ရေး‌နေ့ ‌နောက်ပိုင်းတွင် စစ်‌ကောင်စီဘက်က ယခင်ရက်များထက် ပိုမိုအင်အားဖြည့်တင်းမှုများ လုပ်‌ဆောင်ပြီး တိုက်ပွဲအရှိန် မြှင့်လာနိုင်သည်ဟု စစ်တပ်‌ထောက်ခံသူ အသိုင်းအဝိုင်းများဘက်က ‌ပြောကြားမှုများ ရှိ‌နေပါသည်။

တစ်ဖက်တွင်လည်း ယခုနှစ် ဇန်နဝါရီလ ၂ ရက် ကရင်နှစ်သစ်ကူးပြီး‌နောက် ခုခံကာကွယ်စစ်မှ ‌နောက်တဆင့် အတွက် စစ်‌ရေးပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ယခင်ရက်များကထက် တိုက်ပွဲအရှိန်ပို၍ တိုးမြှင့်လာနိုင် သည်ဟု KNLA မဟာမိတ်ပူး‌ပေါင်းအဖွဲ့နှင့် နီးစပ်သူ အသိုင်းအဝိုင်းများကြား ‌ဝေဖန်‌ပြောကြားမှုများ ရှိ‌နေသည်။

ဒီဇင်ဘာလ ၁၅ ရက်‌နေ့မှစ၍ KNLA မဟာမိတ်ပူး‌ပေါင်းအဖွဲ့နှင့် စစ်‌ကောင်စီတပ် တို့၏ ဖြစ်ပွားလျက် ရှိ‌သောမြဝတီ‌တောင်ဘက်ခြမ်း ‌လေး‌ကေ‌ကော်‌ဒေသ တိုက်ပွဲတွင် ယ‌နေ့ ဇန်နဝါရီလ ၅ ရက်‌နေ့ထိ ဆက်ရှိ‌နေပြီး ယမန်‌နေ့ ညကတည်းက စစ်‌ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြု လုပ်ပြီး စစ်‌ရေးအရှိန်မြှင့်တင်ရန် လုပ်‌ဆောင်လာသည်ကို ‌တွေ့မြင်ရသည်။

“နှစ်ဖက်လူဖမ်းပွဲမှအစပြု၍ တိုက်ပွဲ Tempo ပိုမို မြင့်လာနိုင်တဲ့ အ‌နေအထားကို ‌လျှော့ချနိုင်‌ရေးအတွက်ဆို ရင် ပထမဆုံး ဖမ်းဆီးထားတဲ့ သုံ့ပန်း‌တွေကို အပြန်အလှန် လဲလှယ်ရမယ်။ ပြီးရင် မြဝတီ‌တောင်ခြမ်းမှာ စစ်ဆင်‌ရေး အဖြစ်ဝင်‌ရောက်‌နေတဲ့ စစ်‌ကောင်စီတပ်‌တွေကို အကြွင်းမဲ့ ရုပ်သိမ်းပြီး ယုံကြည်မှု တည်‌ဆောက်ကာ နှစ်ဖက် ‌ခေါင်း‌ဆောင်များ ‌ဆွေး‌နွေးကြဖို့ လိုအပ်တယ်”ဟု ‌ဒေသတွင်း စစ်‌ရေး၊ နိုင်ငံ‌ရေး ‌လေ့လာသုံးသပ်သူ တစ်ဦးက ဆိုပါသည်။

ဆက်လက်၍ ၎င်းက ” သို့‌ပေမယ့်လည်း ယခု ဖြစ်ပွား‌နေတဲ့ ‌လေး‌ကေ‌ကော် ‌ဒေသတိုက်ပွဲသည် ‌ဒေသတွင်း ပြည်နယ်တွင်း ဖြစ်ပွားတဲ့ ပဋိပက္ခလို့ ထင်ရပါ လိမ့်မယ်။ အမှန်တကယ်‌တော့ ဒါ‌တွေဟာ ၂၀၂၁ ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့‌နောက် ဖြစ်‌ပေါ်လာတဲ့ ‌နောက်ဆက်တွဲ ဗဟိုနိုင်ငံ‌ရေး ဂယက်‌တွေနဲ့ ဆက်စပ်‌နေပါတယ်။ နှစ်ဖက်ညှိနှိုင်း ‌ဆွေး‌နွေးမှု ရှိခဲ့ရင်‌တောင် အလုံးစုံ ‌ပြေလည်နိုင်မယ့် အ‌ခြေအ‌နေမှာ ရှိမလာနိုင်‌သေးပါဘူး” ဟု ၎င်း၏ အမြင်ကို ဆက်လက်‌ပြောဆိုထားသည်။

ထိုကဲ့သို့ ‌ဝေဖန်သုံးသပ်မှု အမျိုးမျိုးရှိ‌နေသည့်ကြားကပင် လက်ရှိ မြဝတီ‌တောင်ခြမ်း ‌လေး‌ကေ‌ကော်‌ဒေသ၏ တိုက်ပွဲအ‌ခြေအ‌နေမှာ နှစ်ဖက်အပြန်အလှန်စစ်‌ရေး တင်းမာမှုများဖြင့် ‌တောက်မည့်မီးခဲ တရဲရဲ နှယ်ရှိ‌နေ ‌ပေ‌တော့သည်။