Home သတင်း စစ်‌ရေးဆိုင်ရာ ‌ကောလာဟလ သတင်းများ‌ကြောင့် လှိုင်းဘွဲ ‌ဒေသခံရွာသားအချို့ ကြိုတင်‌ရှောင်တိမ်း‌နေ

စစ်‌ရေးဆိုင်ရာ ‌ကောလာဟလ သတင်းများ‌ကြောင့် လှိုင်းဘွဲ ‌ဒေသခံရွာသားအချို့ ကြိုတင်‌ရှောင်တိမ်း‌နေ

1467

ဇန်နဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အတွင်း စစ်‌ကောင်စီဘက်မှ စစ်‌ရေးအရ ဝင်‌ရောက်လှုပ်ရှားနိုင်သည့် ‌ကောလာဟလ သတင်းများ‌ကြောင့် လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်အနီးရှိ သ‌ရေဖိုးကွီး ‌ဒေသခံအချို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည်ဟု သိရသည်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်း ၂ ရက်‌နေ့တွင် ကျ‌ရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ မတိုင်ခင် ရက်ပိုင်းများက ‌ဒေသခံ‌ကျေးရွာသားများထဲမှာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် က‌လေးငယ် များသည် ‌ကောလာဟလ စစ်‌ရေးသတင်းများ‌ကြောင့် ‌ဘေးလွတ်ရာ နယ်စပ်‌ဒေသများသို့ ထွက်‌ပြေး တိမ်း‌ရှောင်ခဲ့ကြရပြီး ယခုအချိန်ထိ မပြန်လာရဲကြ‌သေး‌ကြောင်း ‌ဒေသခံ တာဝန်ရှိသူတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “သူတို့က အရင်က ‌ပြေးရလွှားရတဲ့ အ‌တွေ့အကြုံက ရှိထားကြတာဆို‌တော့ တစ်ခုခုကြားတယ် ဆိုရင်ပဲ ကြို‌ပြေးဖို့ပဲ‌တွေးကြတာ‌ပေါ့။ အခုက ‌ပြေးတဲ့အထဲမှာ အမျိုးသမီး‌တွေ က‌လေး‌တွေ သက်ကြီး ရွယ်အို‌တွေ အများဆုံး‌ပြေးကြတာ‌ပေါ့။ ရွာထဲမှာ လူသိပ်မရှိ‌တော့ဘူး။ သူတို့ကြားတာက စစ်တပ်က နှစ်သစ်ကူး‌နေ့မှာ ပစ်မယ်၊ ခတ်မယ်လို့ကြားကြ‌တော့ ‌ပြေးကြတာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရက်သတ္တပတ်နီးပါး ‌ရှောင်တိမ်း‌နေကြပြီးဖြစ်‌သော်လည်း ယ‌နေ့ အချိန်အထိ အဆိုပါ ‌ဒေသများတွင် ‌ကောလာဟလ သတင်းများ ပြန့်‌နေဆဲဖြစ်သလို ကရင်အမျိုးသား အစည်းအရုံးဘက်မှလည်း ခုခံ ကာကွယ်စစ်အတွက် စစ်‌ရေးပြင်ဆင်ထားမှုများရှိ‌နေ‌ကြောင်း သတင်းများ‌ကြောင့် ၎င်းတို့ ‌နေရပ်သို့ မပြန်ရဲ‌သေးကြ‌ကြောင်းလည်း ၎င်းတာဝန်ရှိသူက ဆက်‌ပြောသည်။

အဆိုပါ ‌ဒေသသည် နှစ်ဖက်စစ်‌ရေးအရ တိုက်ခိုက်မှုမရှိ‌သေးသည့် KNU တပ်မဟာ (၇) နယ်‌မြေတွင် တည်ရှိ‌နေပြီး ကရင်နှစ်သစ်ကူး‌နေ့ ဖြစ်သည့် ဇန်နဝါရီလ ၂ ရက်‌နေ့တွင်လည်း ရာနှင့်ချီ‌သော စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ရှမ်းရွာသစ်မြို့ ဘက်သို့ ဝင်‌ရောက်လာကြသည့် ‌ကောလာဟလ သတင်းများ ပြန့်နှံ့ခဲ့ပြီး ‌ဒေသခံများအကြားလည်း စိုးရိမ်မှုမြှင့်တက်ခဲ့‌သေးသည်။

သို့‌သော် လက်ရှိတွင် အဆိုပါ‌ဒေသတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်‌ရေးလှုပ်ရှားမှုများနှင့် နှစ်ဖက် ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားမှုအ‌ခြေအ‌နေများကို မကြားသိရ‌သေး‌သော်လည်း ‌ဒေသတွင်းစစ်‌ရေးဆိုင်ရာ ‌ကောလာဟလ သတင်းများ ပြန့်နှံ့လျက်ရှိသည်ဟု ‌ဒေသခံများက ဆိုသည်။

အာဏာသိမ်းမှု‌နောက်ပိုင်း KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာအသီးသီးတွင် အာဏာသိမ်း စစ်‌ကောင်စီ တပ်များနှင့် ထိ‌တွေ့ တိုက်ပွဲကြီးငယ်များ ဖြစ်‌ပေါ်လျက်ရှိ‌သော်လည်း KNU တပ်မဟာ (၇) နယ်‌မြေတွင်မူ ယ‌နေ့ အချိန်ထိ ထိ‌တွေ့တိုက်ပွဲများ မရှိ‌သေး‌ကြောင်း သိရသည်။