Home သတင်း KNU တပ်မဟာ ၆ တွင် နှစ်ရက်အတွင်း စစ်‌ကောင်စီတပ် ၉ ကျဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိ

KNU တပ်မဟာ ၆ တွင် နှစ်ရက်အတွင်း စစ်‌ကောင်စီတပ် ၉ ကျဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိ

1796
Photo: KNLA

ဒီဇင်ဘာ၂၃ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA) တပ်မဟာ (၆) နယ်‌မြေထဲတွင် KNLA နှင့် စစ်‌ကောင်စီတပ်အကြား နှစ်ရက်အတွင်း ဖြစ်ပွားသည့် ထိ‌တွေ့ပစ်ခတ်မှုတွင် စစ်‌ကောင်တပ်ဘက်မှ ၉ ဦးကျဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်ယူက ယ‌နေ့ သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၁ရက်၊ ‌နေ့လည် (၁၁) ခွဲနာရီ ဝန်းကျင်အချိန်ခန့်တွင် KNLA တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇) ပူး‌ပေါင်းတပ်ဖွဲ့များနှင့် စစ်‌ကောင်စီတပ် ခမရ(၂၀၁)၊ (၃၁၀) ပူး‌ပေါင်းတပ်ဖွဲ့တို့အကြား ‌ကော့ကရိတ်မြို့နယ်၊ ‌ကော့နွဲ‌ကျေးရွာ အာရှလမ်းမ၌ ထိပ်တိုက် ပစ်ခတ်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီတပ်ဘက်မှ တပ်ခွဲမှူး (၁)ဦးအပါအဝင် (၇)ဦးကျဆုံးပြီး (၈)ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ဒီဇင်ဘာလ (၂၀)ရက်‌နေ့တွင်လည်း ၎င်း KNLA တပ်ဖွဲ့ နှင့် စစ်‌ကောင်စီတပ် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၁၃)လက်‌အောက်ခံ ခမရ (၅၄၅၊ ၅၄၆)၊ တပ်မ (၇၇) ပူး‌ပေါင်းတပ်ဖွဲ့တို့နှင့် ‌ကောတာကလားတွင် (၁)ကြိမ်၊ ‌မော်‌မောင်းထာ့ နှင့် ကလားမ‌ရွှေတွင် (၁)ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီတပ်ဘက်မှ (၂)ဦးကျဆုံးပြီး (၃)ဦး ဒဏ်ရာရခဲ့သည်ဟု KNU ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

၎င်းအပြင် တပ်အင်အား (၁၀၀) ခန့်ရှိ ထို့စစ်‌ကောင်စီတပ်ဖွဲ့သည် ဒီဇင်ဘာလ ၂၂ ရက်‌နေ့ နံနက် (၅) နာရီခွဲဝန်းကျင်အချိန်ခန့်တွင် ‌ကော့ကရိတ်မြို့နယ် ‌ကော့နွဲ‌ကျေးရွာအတွင်း ဝင်‌ရောက်ကျူး‌ကျော်လာသဖြင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြသည့်‌ဒေသခံ ရွာသားများမှာ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရသည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ယ‌နေ့‌နေ့ ဒီဇင်ဘာလ ၂၃ ရက်‌နေ့တွင်လည်း မြဝတီ-‌ကော့ကရိတ် အာရှလမ်းမ‌ဘေးရှိ ‌တော‌နော်‌ရေတံခွန်အနီးတွင် KNLA တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်အကြား ထိ‌တွေ့ပစ်ခတ်မှု ဆက်လက်ဖြစ်ပွား‌သေးပြီး နှစ်ဘက်ထိခိုက်‌သေဆုံးမှုအ‌ခြေအ‌နေကို မသိရှိရ‌သေး‌ပေ။

Photo: KNLA