Home သတင်း အင်အားရာချီတက်လာသည့် စစ်‌ကောင်စီတပ်နှင့် KNLA တပ်မဟာ(၂)တို့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့

အင်အားရာချီတက်လာသည့် စစ်‌ကောင်စီတပ်နှင့် KNLA တပ်မဟာ(၂)တို့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့

1717

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

အင်အား ၁၀ဝခန့်ရှိ စစ်‌ကောင်စီတပ်များသည် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ‌တောင်ငူခရိုင်သို့ နယ်‌မြေ‌ကျော်ဝင်‌ရောက်လာသည့်အတွက် ဒီဇင်ဘာလ ၂၁ရက်၊ ယမန်‌နေ့က နယ်‌မြေခံ KNLA တပ်မဟာ(၂)တပ်ဖွဲ့ဝင်များနှင့် ထိ‌တွေ့ တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ယမန်‌နေ့ နံနက်ပိုင်းတွင် စစ်‌ကောင်စီတပ်ဖွဲ့အင်အား (၁၀၀)ခန့်ပါဝင်‌သော စစ်ကား ၄စီးသည် KNU ‌တောင်ငူခရိုင်၊ ကစယ်ဒို‌တောင်‌ခြေ၊ ခြင်ခြံကုန်းအနီး ရှားဇီးဘို‌ကျေးရွာအ‌ရှေ့‌တောင်ဘက်သို့ နယ်‌ကျော်ဝင်‌ရောက်လာခဲ့ပြီး အာဏာဖီ ဆန်‌ရေးလုပ်ထားသည့် (CDM)ဝန်ထမ်းများကို ရှာ‌ဖွေဖမ်းဆီးမှုများ ပြုလုပ်ခြင်း‌ကြောင့် ယင်းသို့ ထိ‌တွေ့တိုက်ပွဲ ဖြစ် ပွားခဲ့ခြင်းဖြစ်‌ကြောင်း ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

သူက “အခု သူတို့ အင်အားက တစ်ရာနီးပါး‌လောက်ရှိတာဆို‌တော့ ဒါက တပ်အချိန်းအ‌ပြောင်း လုပ်တာ မဟုတ်ဘူး။ CDM ‌တွေကို လိုက်ဖမ်းတာလည်း ပါမှာ‌ပေါ့။ မနက်ပိုင်း ‌ရောက်လာပြီး ‌နေ့လည် ၁နာရီ‌လောက်ကျ သူတို့ တက်လာ ‌တော့ ၁နာရီ၊ မိနစ် ၅၀‌လောက်မှာ တိုက်ပွဲဖြစ်‌တော့တာပဲ။ တပ်ရင်း (၆)က လူ‌တွေနဲ့ပဲဖြစ်တာ။ ဘာ PDF မှ မပါဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မိနစ် ၂ဝကြာ ပစ်ခတ်ခဲ့ကြသည့် အဆိုပါတိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုမရှိခဲ့ကြ‌သော်လည်း စစ်‌ကောင်စီဘက်က အင်အားသာလွန်သည့်အတွက် KNLA ဘက်မှ ဆုတ်ခွာခဲ့ပြီး‌နောက်တွင် စစ်‌ကောင်စီတပ်က CDM တွင် ပါဝင်သူ ၃ဦးကို လည်း ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့‌ကြောင်း ၎င်း‌ဒေသခံက ဆက်‌ပြောသည်။

အလားတူ ဒီဇင်ဘာလ ၂ဝရက်‌နေ့ကလည်း ၎င်းခရိုင်ရှိ KNU တပ်မဟာ(၂)နယ်‌မြေ ‌လေးလုံးပင်‌ဒေသအတွင်း ‌တော နင်းကာ စစ်‌ရေးလှုပ်ရှားလာသည့် စစ်‌ကောင်စီ၏ ‌ခြေမြန်တပ်ရင်း-ခမရ(၅၇)တပ်နှင့် KNLA တပ်ရင်း(၆)တပ်ဖွဲ့ဝင်အ ကြား ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခြင်းရှိခဲ့ရာ စစ်‌ကောင်စီဘက်မှ (၈)ဦး ကျဆုံးကာ (၃)ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး လက်နက်အချို့ကို KNLA က သိမ်းဆည်းရမိခဲ့‌ကြောင်းလည်း KNU နှင့်နီးစပ်သူ ‌ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ‌ပြောပြချက်များအရ သိရသည်။

လတ်တ‌လော ဒီဇင်ဘာလ‌နှောင်းပိုင်းတွင် KNU ထိန်းချုပ်နယ်‌မြေအသီးသီး၌ စစ်‌ကောင်စီဘက်မှ စစ်‌ရေးကို ပိုမိုလှုပ် ရှားလာမှု‌ကြောင့် ‌နေ့စဉ် ထိ‌တွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေသလို ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြ ရသည့် ‌သောင်းနှင့်ချီ‌သော ‌ဒေသခံပြည်သူများမှာလည်း အ‌ရေး‌ပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။