Home သတင်း နယ်‌မြေထိန်းချုပ်နိုင်ပြီဟု စစ်‌ကောင်စီက ‌ကြေညာခဲ့‌သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေဆဲ

နယ်‌မြေထိန်းချုပ်နိုင်ပြီဟု စစ်‌ကောင်စီက ‌ကြေညာခဲ့‌သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေဆဲ

1112

ဒီဇင်ဘာ ၃ဝရက်၊ ၂၀၂၁ခုနှစ်။

နယ်‌မြေလုံခြုံ‌ရေးအရ ထိန်းချုပ်နိုင်ပြီဖြစ်၍ ‌နေရပ်စွန့်ခွာ ထွက်‌ပြေးတိမ်း‌ရှောင်ကြသည့် ‌လေး‌ကေ‌ကော်‌ဒေသ စစ်‌ရှောင်များအ‌နေဖြင့် ‌နေရပ်ပြန်နိုင်ပြီဟု စစ်‌ကောင်စီက လိုက်လံ‌ဆော်ဩခဲ့‌သော်လည်း ယ‌နေ့ ဒီဇင်ဘာလ ၃ဝရက်‌နေ့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်သည်။

‌လေး‌ကေ‌ကော် အ‌မြှောက်ကုန်း ‌လေး‌ကေ‌ကော် အုပ်ချုပ်‌ရေးရုံး ‌လေး‌ကေ‌ကော်စာသင်‌ကျောင်း ‌နေရာတို့တွင် စခန်းထိုင်ထား‌သော စစ်‌ကောင်စီတပ်များ နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA ပူး‌ပေါင်း တပ်များအကြား နံနက် ၇နာရီ ခန့်မှ စတင် တိုက်ပွဲ ဖြစ်ပွား‌နေသည်ဟု သိရသည်။

လုံခြုံ‌ရေးအရ ထိန်းချုပ်နိုင်ပြီဖြစ်၍ မိမိ‌နေရပ်သို့ ပြန်လာနိုင်ဖြစ်ပြီး မှဲ့တစ်‌ပေါက်မှ မစွန်း‌စေရဟု ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ရက်‌နေ့တွင် စစ်‌ကောင်စီမှ စစ်‌ဘေး‌ရှောင်များအား လိုက်လံ‌ကြေညာ ‌ခေါ်‌ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့‌သော်လည်း လူသားဒိုင်းအသုံးပြုအကာအကွယ်ယူကာ တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်‌ခြေရှိ‌နေသည့်အတွက် အများစုမှာ လက်နက်ကြီးပစ်မှု ‌လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်မှုနှင့် လွတ်နိုင်‌ခြေရှိသည့် ‌နေရာများတွင် ဆက်လက် စစ်‌ဘေး‌ရှောင်‌နေကြဆဲဖြစ်‌ကြောင်း ‌ဒေသခံ စစ်‌ဘေး‌ရှောင်အ‌ရေးကူညီ ‌စောင့်‌ရှောက်‌ပေး‌နေသည့် ‌လေး‌ကေ‌ကော် ‌ဒေသခံ‌ပြောဆိုချက်အရ သိရသည်။

စစ်‌ကောင်စီဘက်မှ ထိုသို့ လိုက်လံ‌ကြေညာခြင်းနှင့်အတူ နယ်ခြား‌စောင့်တပ် (BGF) တပ် ၄ တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး‌စောမုတ်သုံကလည်း စစ်‌ရှောင်များ ခိုလှုံ‌နေထိုင်သည့် ‌နေရာများသို့ လိုက်လံ စည်းရုံးခြင်းတို့‌ကြောင့် စစ်‌ရှောင် ၅၀ဝ ခန့် ‌နေရပ်ပြန်ခဲ့သည်ဟု ‌မြေပြင်သတင်းအရ သိရသည်။
အလားတူ ‌ကော့ကရိတ် မြို့‌ဟောင်း ‌ကျေးရွာဘက်တွင်လည်း ယ‌နေ့နံနက် ၇ နာရီခန့်မှ စတင်၍ တိုက်ပွဲဖြစ်ပွား‌နေ‌ကြောင်း သိရသည်။