Home သတင်း တပ်ခွဲမှူးအပါအဝင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးအား လက်နက်ခဲယမ်းနှင့်အတူ KNLA ထပ်မံ ဖမ်းမိ

တပ်ခွဲမှူးအပါအဝင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးအား လက်နက်ခဲယမ်းနှင့်အတူ KNLA ထပ်မံ ဖမ်းမိ

1492
Photo: KNLA

ဒီဇင်ဘာ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ယ‌နေ့ ဒီဇင်ဘာလ ၃ဝရက်‌နေ့ နံနက်ပိုင်းက ဖြစ်ပွား‌နေသည့် ‌လေး‌ကေ‌ကော်တိုက်ပွဲတွင် စစ်‌ကောင်စီတပ်မှ တပ်ခွဲမှူးအပါအဝင် ၇ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ KNLA ပူး‌ပေါင်းတပ်ဖွဲ့ ထပ်မံဖမ်းဆီးရမိထားသည်ဟု ‌မြေပြင်သတင်းအရ သိရသည်။

အိမ်စီးကားဖြင့် ‌နေရာ‌ရွှေ့‌ပြောင်းလာစဉ် ရ‌သေ့ဂူ ‌ကျေးရွာဝန်းကျင်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု KNLAနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ‌ပြောသည်။

၎င်းက” ဒီမနက် ပစ်တဲ့ပွဲမှာ မိတယ်။ ၇ ‌ယောက်မိတယ်။ တပ်ခွဲမှူးတစ်‌ယောက်ပါတယ်။ ကျန်တာ ရဲ‌ဘော်‌တွေ။ လူကြီး‌တွေဆီကို အပ်ထားတယ်။ “ဟု ‌ကေအိုင်စီသို့ အတည်ပြုထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်‌နေ့က ဖြစ်ပွားသည့် ‌လေး‌ကေ‌ကော်‌ဒေသ တိုက်ပွဲတွင်လည်း စစ်‌ကောင်စီ ခမရ ၂၇၅ မှ တပ်ဖွဲ့ ဝင် ၆ ဦးနှင့် နယ်ခြား‌စောင့်တပ် -BGF ၂ ဦးအား KNLA ကရင်ပူး‌ပေါင်းတပ်ဖွဲ့က အရှင်ဖမ်းမိ‌သေးသည်။

အဆိုပါ ဖမ်းမိစစ်‌ကောင်စီ စစ်သည်များကို ‌ကောင်းမွန်စွာ ထားရှိခဲ့သည်ဟုလည်း ‌ကေအဲန်ယူက ‌ပြောဆိုထားသည်။

Photo: KNLA