Home သတင်း ကရင်ပြည်နယ်၌ နွားများ အနာ‌ရောဂါ ကူးစက်မှုဖြစ်ပွား

ကရင်ပြည်နယ်၌ နွားများ အနာ‌ရောဂါ ကူးစက်မှုဖြစ်ပွား

2850

နိုဝင်ဘာ ၂၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ ‌ဒေသအသီးသီးတွင် နွားနာ‌ရောဂါကူးစက်မှု အ‌မြောက်အများရှိလာပြီး ‌သေဆုံးမှုများလည်း အများအပြား ဖြစ်ပွားလျှက်ရှိ‌နေသည်ဟု သက်ဆိုင်ရာ နွား‌မွေးမြူထားသူ ‌ဒေသခံထံမှ သိရသည်။

နွားများအနာဖြစ်ပွား‌နေ‌ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလကတည်းက စတင်‌တွေ့ရှိပြီး လက်ရှိအချိန်ထိ ကူးစက်မှု မြင့်မား‌နေဆဲဖြစ်သည့်အတွက် တိရိစာ္ဆန်ကုဆရာဝန် မရှိသည့်‌ဒေသများမှ နွားများမှာ ‌သေဆုံးမှုရှိ‌နေသည်ဟု နွားပိုင်ရှင် များထံမှ သိရသည်။

‌ကော့ကရိတ်မြို့နယ် ‌ကျောက်ဖျာ‌ကျေးရွာမှ ဦး‌မောင်က “ကျ‌နော်တို့နွားက ၃‌ကောင်ရှိတယ်။ အဲဒီအထဲမှ ၁‌ကောင်က ‌တော့ အဲလိုမျိုး အနာ‌တွေထိတယ်။ နွား‌တွေမှာလည်း အာ‌ခြောက်တယ်။ အသက်ရှူကြပ်တယ် အစာစားမဝင်ဘူး။ ခန္ဓာ ကိုယ်မှာ ထွက်တဲ့အဖု‌တွေလည်း ပြီးရင် အခြမ်းလိုက်ကွာတယ်။ ပြီး‌တော့ ‌ခြေ‌ထောက်မှာလည်း အနာဖြစ်ပြီး ပုပ်သလို မျိုး ဖြစ်တယ်။ အဲလိုအနာဖြစ်ရင် အရမ်းနံတယ်။”ဟု နွားပိုင်ရှင်တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် နွားများ၏ ကိုယ်‌ပေါ်၌ဖြစ်ပွား‌နေသည့် ‌ရောဂါလက္ခဏာအများစုမှာ ‌ခြေ‌ထောက်မှ ‌ပေါင်အထိ ‌ဖော ‌ရောင်ခြင်း၊ ‌ခြေ‌ထောက်အဆစ်များ‌ရောင်ခြင်း၊ တစ်ကိုယ်လုံး အဖု/အကြိတ်များ ‌ပေါက်လာသည့်အပြင် ထိုအဖု/အ ကြိတ်များတွင်လည်း အရည်များ‌ပေါက်ထွက်ကာ အနာပြန်ဖြစ်‌နေသည့် လက္ခဏာများဖြစ်‌နေ‌ကြောင်း နွားအနာဖြစ် ‌နေသည့် ရွာသားများထံမှ သိရသည်။

ယင်းသို့ ကူးစက်မှု မြင့်မား‌နေသည့် နွားနာ‌ရောဂါသည် ကရင်ပြည်နယ်အပြင် ပြည်နယ်ပြင်ပ အခြား‌ဒေသများ၌လည်း အလားတူ ဖြစ်ပွားမှုရှိသည်ကို‌တွေ့ရှိ‌နေရသလို ယခုဖြစ်ပွားသည့် ‌ရောဂါမှာ ပထမဦးဆုံးအကြိမ်အဖြစ် ကြုံ‌တွေ့ရခြင်း ဖြစ်သည်ဟု နီးစပ်ရာ‌ကျေးရွာများတွင် တိရိစာ္ဆန်‌ဆေး လိုက်ထိုးနှံကုသ‌ပေး‌နေသည့် ‌ကော့ကရိတ်မြို့နယ်ရှိ မန်း‌ရွှေ‌လေး က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခုဖြစ်တဲ့အနာမျိုးက ကျ‌နော် ဒါပထမဦးဆုံးပဲ ‌တွေ့ဖူး‌သေးတယ်။ အရင်တုန်းကဆိုရင် နွား‌တွေမှာ လျှာနာခွာ နာ ဖြစ်တာ‌လောက်ပဲ ‌တွေ့ဖူးတယ်။ အခုက ဖြစ်တာက ဆိုးတယ်။ ကိုယ်ခံအားမ‌ကောင်းတဲ့ တချို့နွား‌တွေဆိုရင် ‌သေ တာရှိတယ်။ တချို့နွားအထီးအ‌ကောင်ကြီး‌တွေ‌တောင် ‌သေတာရှိတယ်။ ကျ‌နော်တို့‌ဒေသမှာ ဖြစ်ပွားမှုနှုန်း အကြမ်း အားဖြင့်‌ပြောရရင် တစ်ရွာမှာ အ‌ကောင် ၃ဝထက် မနည်းဘူး။ ကူးတာ ‌တွေ့‌နေရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကဲ့သို့ နွားနာ‌ရောဂါကူးစက်မှု မြင့်မား‌နေသည့်အတွက် နွားပိုင်ရှင်များအ‌နေဖြင့် နွားများ‌ရောင်းချလို‌သော်လည်း ဝယ်ယူသူများ မရှိသည့်အတွက် အခက်ကြုံ‌တွေ့‌နေကြရသည်။

ဖားအံမြို့နယ် ဒုံရင်းတိုက်နယ်ရှိ ‌ကျေးရွာတစ်ရွာမှ နွားပိုင်ရှင်တစ်ဦးက “ဒီအချိန်မှာ စီးပွား‌ရေးအဆင်မ‌ပြေ‌တော့ ရှိတဲ့ နွားကို ‌ရောင်းချင်တယ်။ ဒါ‌ပေမယ့် နွားအနာ‌တွေဖြစ်‌တော့ နွား‌ဈေး‌တွေလည်း မရှိ‌တော့ဘူး။ တစ်ချို့‌ပြောတာက‌တော့ ထိုင်းဘက်ကို ပို့တဲ့လမ်း‌ကြောင်းက မဖွင့်‌သေးတာလည်း ပါတယ်။ အဲဒါ‌ကြောင့် ‌ဈေးကွက်မရှိတာ။ ဒီအချိန်မှာ‌ရောင်း ရင်လည်း ‌ဈေးနှိမ်တာရှိ‌တော့ အဆင်မ‌ပြေဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နွားများ အနာ‌ရောဂါကူးစက်မှု မြှင့်တက်‌နေသည့်အပြင် ‌ဈေးကွက်မရှိသည့်အတွက် နွားပိုင်ရှင်အချို့တွင် ‌ရောဂါကူး စက်ခံရမှု မခံရ‌သေးသည့်နွားများကို အ‌ကောင်လိုက်‌ဖော်ကာ ပိဿာချိန်နှင့် အမဲသားများကို ပြန်လည်‌ရောင်းချ‌နေကြ သူများလည်းရှိသည်ဟု သိရသည်။