Home သတင်း ဖားအံခရိုင်တွင် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ရပ်တန့်‌ရေး ၁၆ရက်တာ လှုပ်ရှားမှု စတင်

ဖားအံခရိုင်တွင် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ရပ်တန့်‌ရေး ၁၆ရက်တာ လှုပ်ရှားမှု စတင်

934

နိုဝင်ဘာ ၂၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသမီးအစည်းအရုံး-KWO ဖားအံခရိုင်မှ ဦး‌ဆောင်၍ နိုဝင်ဘာလ ၂၅ရက်‌နေ့တွင် ကျ‌ရောက်သည့် နိုင်ငံတ ကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့ (၁၆)ရက်တာ ကဲန်ပိန်းလှုပ်ရှားမှု စတင်ခြင်းကို ကရင်ပြည် နယ်ရှိ ပိုင်ကျုံမြို့နယ်၊ ‌နော်တန့်ခီး‌ကျေးရွာ၌ ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

‌ဒေသခံ ရွာသားများ၊ ဖားအံခရိုင် KNU နှင့် ခရိုင် KWO တာဝန်ရှိသူများ အပါအဝင် ပရိဿတ် ၂၀၀‌ကျော် တက်‌ရောက်ခဲ့ ကြသည့် အဆိုပါလှုပ်ရှားမှု ‌ဟော‌ပြောပွဲ အစီအစဉ်တွင် သက်ဆိုင်ရာ နယ်‌မြေအသိုင်းအဝိုင်း၌ အမျိုးသမီးများအ‌ပေါ် ဆက်လက် ဖြစ်ပွား‌နေဆဲဖြစ်သည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရပ်တန့်‌ရေးနှင့် အမျိုးသမီးများအ‌နေ ဖြင့် မိမိအခွင့်အ‌ရေးကို ပိုမိုသိရှိ နားလည်လာ‌စေရန် ရည်ရွယ်‌ကြောင်း ကဲန်ပိန်းပွဲကို ဦး‌ဆောင်ပါဝင်သူ ဖားအံခရိုင် KWO လူမှု‌ရေးတာဝန်ခံ ‌နော်အယ်ဒီးနာက ယခုလို ‌ပြောသည်။

“ကျမတို့ လူမှုအသိုင်းအဝိုင်းထဲမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စီးပွား‌ရေးဆိုင်ရာ အကြမ်းဖက်မှု‌တွေ ရှိ‌နေတာကို မြင်‌တွေ့‌နေရဆဲဖြစ်တယ်။ ဓ‌လေ့ရိုးရာအရလည်း အများကြီး‌တွေ့ရတယ်။ ဒါမျိုး‌တွေ ကျမတို့အသိုင်းအဝိုင်းမှာ ‌ကျေး ရွာ‌တွေထဲမှာ ရှိ‌နေဆဲဖြစ်တဲ့အတွက် ဒါကို ကျမတို့စု‌ပေါင်းပြီး ဟန့်တားနိုင်ဖို့၊ အနာဂတ်မှာ ‌အေး‌အေးချမ်းချမ်း ‌နေနိုင်ဖို့ အတွက် ဒီအစီအစဉ်ကို လုပ်‌နေရတာဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ လက်ရှိ အချိန်ထိ ‌ဒေသအတွင်း အမျိုးသမီးငယ်များအ‌နေဖြင့် မိမိ အခွင့်အ‌ရေး နားမလည်မှုမှ တစ်ဆင့် မိဘ နှင့် ဓ‌လေ့ရိုးရာ၏ ဖိအားများ‌ကြောင့် ‌စောလျင်စွာ အိမ်‌ထောင်ပြုကြရသလို မူးယစ်‌ဆေးဝါး သုံးစွဲမှုများ‌ကြောင့်လည်း အကြမ်းဖက်မှု ပုံစံမျိုးစုံ ဆက်ရှိ‌နေ‌သေး‌ကြောင်း ‌နော်အယ်ဒီးနာက ဆက်‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်သည့် အခမ်းအနားတွင် ပါဝင်တက်‌ရောက်လာသည့် အမျိုးသမီး ‌ခေါင်း‌ဆောင်များမှ အကြမ်းဖက်မှု ပ‌ပျောက်‌ရေး လှုပ်ရှားမှုသမိုင်းများနှင့် ပညာ‌ရေး ‌ဟော‌ပြောမှုများ ပြုလုပ်ခဲ့ကြသလို နယ်‌မြေခံ အမျိုးသား‌ခေါင်း‌ဆောင် အချို့လည်း တက်‌ရောက်ခဲ့ပြီး အမျိုးသမီးအကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့အ‌ပေါ် အား‌ပေး တိုက်တွန်းစကားများ ‌ပြော ကြားခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်လာသူ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ရင်း(၁၉) ရုံးထိုင်မှူး ဗိုလ်‌စောပိ‌လေးက “အမျိုးသားဖြစ်တဲ့ ကျ‌နော့်အ‌နေနဲ့ ဒီအမျိုးသမီး အကြမ်းဖက်မှု ပ‌ပျောက်‌ရေး အစီအစဉ်က အင်မ တန်‌ကောင်းတဲ့ အစီအစဉ်ပါ။ ဒါက အမျိုးသမီး‌တွေရဲ့ လှုပ်ရှားမှုဆို‌ပေမဲ့ ကျ‌နော်တို့အမျိုးသား‌တွေမှာလည်း တာဝန် ရှိတယ်။ ပူး‌ပေါင်းလုပ်‌ဆောင်ရမယ်။ ဒီအကြမ်းဖက်မှု‌တွေ ပ‌ပျောက်ဖို့ကလည်း ‌ခေါင်း‌ဆောင်‌ကော လူထု‌ကော အားလုံး မှာ တာဝန်ရှိတယ်။”ဟု အခမ်းအနားအပြီးတွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့ စည်းရုံးလှုံ့‌ဆော် ပညာ‌ပေး၊ ‌ဟော‌ပြောလှုပ်ရှားမှုကို KNU ဖားအံ ခရိုင်သာမက ကျန်ခရိုင် ၆ခုလုံးအပြင် ဒုက္ခသည်စခန်းအချို့နှင့် ‌ဒေသတချို့တွင်လည်း ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

၁၉၉၉ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်‌နေ့တွင် ကျင်းပခဲ့‌သော ကမာ္ဘ့ကုလသမဂ္ဂ၏ အ‌ထွေ‌ထွေညီလာခံ၏ ဆုံးဖြတ်ချက်အ မှတ် (၅၄/၁၃၄)အရ နိုဝင်ဘာလ ၂၅ရက်‌နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး ‌နေ့အဖြစ် သတ်မှတ်‌ကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရမဟုတ်‌သော အဖွဲ့အစည်းများဖြစ်သည့် လူထုအ‌ခြေပြုအဖွဲ့များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း များက နှစ်စဉ် ကျင်းပလုပ်‌ဆောင်‌လေ့ရှိသည်။