Home သတင်း ပြည်နယ်‌နေ့အတွက် ‌ကျေးရွာအမည်ခံ ရိုးရာဒုံးကပြ‌ဖျော်‌ဖြေမည့်အ‌ပေါ် မုက္ကဒိလူငယ်များ သ‌ဘောထားထုတ်ပြန်

ပြည်နယ်‌နေ့အတွက် ‌ကျေးရွာအမည်ခံ ရိုးရာဒုံးကပြ‌ဖျော်‌ဖြေမည့်အ‌ပေါ် မုက္ကဒိလူငယ်များ သ‌ဘောထားထုတ်ပြန်

1339

နိုဝင်ဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လာမည့် နိုဝင်ဘာလ ၇ ရက်‌နေ့တွင် ပြည်နယ်စစ်‌ကောင်စီမှ ကျင်းပပြုလုပ်သွားမည့် ၆၆ နှစ်‌မြောက် ကရင်ပြည် နယ်‌နေ့ အထိမ်းအမှတ်ပွဲအတွက် ကရင့်ရိုးရာဒုံးကပြ‌ဖျော်‌ဖြေသွားရန် ‌ကျေးရွာလူငယ်များ မပါဝင်ဘဲ ‌ကျေးရွာအမည်ခံ၍ ကပြ‌ဖျော်‌ဖြေမှုပြုသွားမည့်အ‌ပေါ် လက်မခံ‌ကြောင်း ပြည်ပ‌ရောက် မုက္ကဒိလူငယ်များမှ သ‌ဘောထားထုတ်ပြန် ထားသည်။

အချက် ၃ ချက်ပါဝင်သည့် အဆိုပါ သ‌ဘောထားထုတ်ပြန်ချက်တွင် ပြည်နယ်‌နေ့အတွက် ကပြ‌ဖျော်‌ဖြေမည့် ကရင့် ယဉ်‌ကျေးမှု ဒုံးအဖွဲ့တွင် ၎င်းတို့၏ ‌ကျေးရွာအမည် ပါဝင်သည်ကို သိရှိရ‌ကြောင်း နှင့် ၎င်းကိစ္စတွင် ‌ကျေးရွာ လူငယ်များမပါဝင်ဘဲ အခြားသူများနှင့် အစားထိုးပြီး ‌ကျေးရွာအမည်အသုံးပြု၍ ကပြ‌ဖျော်‌ဖြေ‌ပေးသွား မည့်အ‌ပေါ် ကန့်ကွက်ထားခြင်းဖြစ်သည်။

“ရွာခံ လူငယ်များသာမက သက်ဆိုင်ရာ ‌ကျေးရွာသူ၊ ‌ကျေးရွာသား အများစု၏ သ‌ဘောထားများ မပါဝင်ကြခြင်း ‌ကြောင့် မုက္ကဒိ‌ကျေးရွာဒုံးအဖွဲ့ဟု မသတ်မှတ်ရန် အသိ‌ပေးအပ်‌ကြောင်း” ‌ဖော်ပြထားခြင်းဖြစ်သည်။

ထို့အပြင် ၎င်းတို့အ‌နေဖြင့် မိမိရိုးရာ ယဉ်‌ကျေးမှုကို မ‌လေးမစား၊ မထိန်းသိမ်းလို‌သော ရည်ရွယ်ချက်မဟုတ် ‌ကြောင်း နှင့် လတ်တ‌လော နိုင်ငံ‌ရေးအ‌ခြေအ‌နေများ‌ကြောင့် ‌ဒေသအသီးသီးတွင် ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသား ပြည်သူလူထုများအ‌နေဖြင့် ‌ပြေးလွှားပုန်း‌ရှောင် အသက်စ‌တေးခံ‌နေရသည့် ဖြစ်စဉ်များအ‌ပေါ် ကိုယ်ချင်းစာနာသည့်အ‌နေဖြင့် ယခုလုပ်‌ဆောင်မှုကို မနှစ်မြို့ခြင်းဖြစ်‌ကြောင်းလည်း ဆက်လက်‌ဖော်ပြထား သည်။

လက်ရှိ ပြည်နယ်‌နေ့ အထိမ်းအမှတ်အတွက် ကရင့်ရိုးရာ ဒုံးကပြ ‌ဖျော်‌ဖြေမည့် ကိစ္စအ‌ပေါ် ကရင်ပြည်သူများ အကြား ‌ဝေဖန်မှုမြှင့်တက်‌နေသည့်ကြားတွင် ရိုးရာ ဒုံး ၄ ဒုံး ကပြ ‌ဖျော်‌ဖြေသွားမည်ဖြစ်‌ကြောင်း စုံစမ်းသိရှိရ ‌သော်လည်း မည်သည့် ‌ကျေးရွာအမည်ခံ ကပြ‌ဖျော်‌ဖြေသွားမည်ကို မသိရှိရ‌သေးသလို ရိုးရာ လက်‌ဝှေ့တွဲဆိုင်း ၃၂ ဆိုင်းလည်း ထိုးသတ်သွားမည်ဟု သိရှိရသည်။

ထို့အတူ အဆိုပါ ပြည်နယ်‌နေ့အတွင်း ထိုးသတ်သွားမည့် လက်‌ဝှေ့တွဲဆိုင်းတချို့မှာ ‌ဝေဖန်မှုများ ‌ကြောင့် ထိုးသတ်ရန် ဆန္ဒမရှိ‌တော့‌ကြောင်း သတင်များထွက်‌ပေါ်လျက်ရှိ‌သော်လည်း ‌ကေအိုင်စီ-ကရင်သတင်းဌာန အ‌နေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိ‌သေး‌ပေ။

(၆၆) နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ကို ကရင်ပြည်နယ် စစ်‌ကောင်စီ၏ လမ်းညွှန်မှုဖြင့် ၃ ရက်တာကျင်းပ သွားမည်ဖြစ်ပြီး ကရင်ရိုးရာ ဒုံးအက နှင့် ရိုးရာ လက်‌ဝှေ့ပွဲစဉ်များကို အချိန်အကန့်သတ်ဖြင့် သတ်မှတ်ကာ ကိုဗစ် စည်းကမ်းချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်သည်ဟု ပြည်နယ်စစ်‌ကောင်စီမှ ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့် ယခင် (၆၅) နှစ်‌မြောက် ပြည်နယ်‌နေ့ကိုလည်း ကိုဗစ် ကပ်‌ရောဂါ‌ကြောင့် အခမ်းအနား ကို အကျဉ်းရုံးဖြင့်သာ ကျင်းပနိုင်ခဲ့သည်။