Home သတင်း ပြည်နယ်‌ကောင်စီဝန်ကြီးချုပ် ‌စောမြင့်ဦး ကိုဗစ်ကူးစက်ကာ ရန်ကုန်စစ်‌ဆေးရုံ၌ ကုသမှုခံယူ‌နေ

ပြည်နယ်‌ကောင်စီဝန်ကြီးချုပ် ‌စောမြင့်ဦး ကိုဗစ်ကူးစက်ကာ ရန်ကုန်စစ်‌ဆေးရုံ၌ ကုသမှုခံယူ‌နေ

1466

နိုဝင်ဘာ ၈ရက်၊ ၂ဝ၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီမှ ခန့်အပ်ထားသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ‌စောမြင့်ဦးသည် ကိုဗစ်‌ရောဂါ ကူးစက်ခံရကာ ရန်ကုန်မြို့ ရှိ စစ်‌ဆေးရုံ၌ ‌ဆေးကုသမှုခံယူ‌နေ‌ကြောင်း ပြည်နယ်၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီထံမှ သိရသည်။

၎င်းပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတစ်ဦးက “ကိုဗစ်‌ရောဂါ‌ကြောင့် ရန်ကုန်မြို့ စစ်‌ဆေးရုံမှာ ‌ဆေးကုသမှု ခံယူ‌နေရတယ်လို့ သိရတယ်။ သူက ကိုဗစ်ကာကွယ်‌ဆေးလည်း ထိုးထားခဲ့ပြီးပြီ။ ပြည်နယ်‌နေ့မတိုင်ခင်ကတည်းက ဖြစ်သွားတာပါ။ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်ကို‌တော့ ဗိုလ်မှူးကြီးမျိုးမင်း‌နောင်ကို တာဝန်‌ပေးထားတယ်။”ဟု နိုဝင်ဘာလ ၈ရက်‌နေ့တွင် ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

ပြည်နယ်‌ကောင်စီအဖွဲ့တွင် ‌စောမြင့်ဦး အပါအဝင် ပြည်နယ်စီးပွား‌ရေးရာဝန်ကြီး ‌စောခင်‌မောင်မြင့်သည်လည်း ကိုဗစ် ‌ရောဂါ ကူးစက်ခံထားရသည့်အတွက် ‌ဆေးကုသမှုခံယူလျှက်ရှိပြီး ၎င်းတို့ရာထူး‌နေရာတွင် အစားထိုးတာဝန် ‌ခေတ္တ ခန့် အပ်ထားသည်ဟုလည်း နီးစပ်သူများက ‌ပြောဆိုသည်။

ယမန်‌နေ့က ကျင်းပပြုလုပ်သည့် (၆၆)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ ပွဲ‌တော်ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်‌ကောင် စီဝန်ကြီးချုပ် မတက်‌ရောက်နိုင်သည့်အတွက် ‌ခေတ္တပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြည်နယ်လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်း‌နောင်က မိန့်ခွန်း‌ပြောဆိုခဲ့ပြီး ပွဲ‌တော်ကို စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်‌ပေးခဲ့‌ကြောင်း MRTV ရုပ်သံသတင်းတွင် ‌ဖော်ပြထားသည်။

‌စောမြင့်ဦးသည် ကရင်ပြည်နယ်၏ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ဥက္ကဌဖြစ်ပြီး ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့ စစ်တပ်က အာဏာမသိမ်းမှီအထိ ကရင်ပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သည်။

၎င်း‌နောက် စစ်‌ကောင်စီလက်ထက်တွင် ပြည်နယ်‌ကောင်စီဥက္ကဌအဖြစ် ဆက်လက်တာဝန်‌ပေးခြင်းခံခဲ့ရပြီး စစ်‌ကောင် စီက ဖွဲ့စည်းလိုက်သည့် အိမ်‌စောင့်အစိုးရ၏ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ထပ်မံ တာဝန်‌ပေးအပ်ခံရသည်။