Home သတင်း ‌ကော့ကရိတ်မြို့‌တောင်ပိုင်း‌ဒေသမှ စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် တစ်ကိုယ်‌ရေသုံးပစ္စည်းများ UNICEF ‌ထောက်ပံ့

‌ကော့ကရိတ်မြို့‌တောင်ပိုင်း‌ဒေသမှ စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် တစ်ကိုယ်‌ရေသုံးပစ္စည်းများ UNICEF ‌ထောက်ပံ့

1398
Photo_ကဆ‌ောဝါး

နိုဝင်ဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ၏ ဒူးပလာယာခရိုင် ‌ကော့ကရိတ်မြို့‌တောင်ပိုင်း‌ဒေသတွင် နယ်‌မြေခံ ကရင်လက်နက် ကိုင်တပ်ဖွဲ့နှင့် အာဏာသိမ်းစစ်‌ကောင်စီတပ်တို့အကြား စစ်‌ရေးပဋိပက္ခ‌ကြောင့် ‌ဒေသခံ‌ကျေးရွာများမှ စစ်‌ဘေး‌ရှောင်ရသူ ပြည်သူလူထု (၃၀၀၀)ဦး‌ကျော်အတွက် ကုလသမဂ္ဂက‌လေးသူငယ်များရံပုံ‌ငွေအဖွဲ့ (UNICEF) မှ ‌ထောက်ပံ့‌‌ပေး‌သော တစ်ကိုယ်‌ရေသုံးပစ္စည်း (၄၀၀)ဦးစာအား ယမန်‌နေ့ ‌အောက်တိုဘာလ ၃၁ ရက်‌နေ့တွင် အံဖကြီး‌ကျေးရွာ၌ စု‌ဝေး၍ ‌ဝေငှ‌ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ UNICEF မှ ‌ထောက်ပံ့‌ပေး‌သော ပစ္စည်းများမှာ အသက် (၁၈)နှစ်‌အောက် အမျိုးသား၊ အမျိုး သမီးနှင့် က‌လေးသူငယ်များအတွက်ရည်ရွယ်‌သော တစ်ကိုယ်‌ရေသုံးပစ္စည်း (၄၀၀)ဦးစာကို ခရိုင်/မြို့နယ် ကရင်အမျိုးသမီးအစည်းအရုံး(KWO)အဖွဲ့က ဝာာဝန်ယူ ‌ဝေငှ‌ပေးခဲ့ခြင်းဖြစ်သည်။

“စစ်တပ်က ရွာကိုလက်နက်ကြီးနဲ့ပစ်လို့ အိမ်‌တွေပျက်စီး၊ ‌မွေးထားတဲ့တိရိစာ္ဆန်‌တွေလည်း‌သေတယ်။ သူတို့‌တွေ ဝင်လာကြပြန်‌တော့ ကျ‌နော်တို့‌တွေ အိုးအိမ်ပစ်ပြီး ထွက်‌ပြေးလာခဲ့ရတာ‌ပေါ့။ ပြီး‌တော့ လည်း အိမ်ကရှိတဲ့ပစ္စည်း‌တွေယူကြ၊ ‌မွေးထားတဲ့ ကြက်၊ ဝက်‌တွေကိုလည်း သတ်စားကြပြီးတာ‌တောင် မ‌ကျေနပ်‌သေးဘူး။ ယူလို့မရတဲ့ပစ္စည်း‌တွေကို အကုန်ဖျက်ဆီးသွားကြတာ။ အခုလို ‌ထောက်ပံ့‌ပေးလို့ သက်ဆိုင်တဲ့အဖွဲ့အားလုံးကို ‌ကျေးဇူးတင်တာ‌ပေါ့”ဟု ရွာသစ်ကုန်း‌ကျေးရွာ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo_ကဆ‌ောဝါး

‌ကော့ကရိတ်မြို့‌တောင်ပိုင်း‌ဒေသတွင် စစ်‌ရှောင်ပြည်သူ‌ပေါင်း (၃၀၀၀)‌ကျော်ရှိသည့်အနက် ယခု‌ ‌ထောက်ပံ့‌‌ပေးမှုမှာ လူဦး‌ရေ (၄၀၀)စာအတွက် တစ်ကိုယ်‌ရေသုံးပစ္စည်းများဖြစ်ပြီး စစ်‌ဘေး ‌ရှောင်ပြည်သူများ မိမိ‌နေရပ်ရင်း‌ကျေးရွာများသို့ ပြန်လည် ‌နေထိုင်‌ရေရှည်ဘဝရပ်တည်နိုင်ရန် ပြန်လည်ထူ‌‌ထောင်နိုင်‌ရေးအတွက် လိုအပ်ချက်များစွာ ရှိ‌နေ‌သေး‌ကြောင်း ‌ကျေးရွာတာဝန်ရှိသူများက ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလဆန်းပိုင်းမှ လကုန်ပိုင်းအထိ ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ‌ကော့ကရိတ်မြို့‌တောင်ပိုင်း‌ဒေသတွင် အာဏာသိမ်းစစ်‌ကောင်စီတပ်မှ နယ်‌မြေကျူး‌ကျော် စစ်‌ရေးလှုပ်ရှားမှု‌ကြောင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် ( KNLA)၊ တပ်မဟာ ၆ တပ်ဖွဲ့နှင့်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့၍ ‌ထောင်နှင့်ချီ‌သော ‌ဒေသခံပြည်သူများမှာ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရခြင်းဖြစ်သည်။

လတ်တ‌လောတွင် အာဏာသိမ်းစစ်‌ကောင်စီတပ်များသည် ‌ကျေးရွာဘုန်းကြီး‌ကျောင်းများ ၊ စာသင်‌ကျောင်းများနှင့် ‌ဒေသခံ‌နေအိမ်များအတွင်း ဝင်‌ရောက်‌နေထိုင်တပ်စွဲထားသည့်အတွက် ရွာသစ်ကုန်းရွာ၊ ကမိုင်ကုန်းရွာ၊ အံက‌လော်‌ကျေး ရွာ ၊ အံဖ‌လေး‌ကျေးရွာနှင့် သုံးဆယ်သုံးဆူ ‌ကျေးရွာ များဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည့်အ‌ရေးကို စိုးရိမ်ပူပန်ကာ ‌ရှောင်တိမ်း‌နေထိုင်‌နေရဆဲ ဖြစ်‌ကြောင်း သိရှိရပါသည်။