Home သတင်း ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ၅ ခုတွင် တလအတွင်း တိုက်ပွဲ ၂၇၅ကြိမ်ဖြစ်ပွား၊ စစ်‌ကောင်စီတပ် ၂၇၁ ဦးကျဆုံးကာ ၂၆၆...

‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ၅ ခုတွင် တလအတွင်း တိုက်ပွဲ ၂၇၅ကြိမ်ဖြစ်ပွား၊ စစ်‌ကောင်စီတပ် ၂၇၁ ဦးကျဆုံးကာ ၂၆၆ ဦးဒဏ်ရာရ

1424
Photo: KNLA

နိုဝင်ဘာ ၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်‌မြေ တပ်မဟာ ၅ ခုထဲတွင် ပြီးခဲ့သည့် ‌အောက်တိုဘာလ တစ်လအတွင်း နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ (KNDO) နှင့် စစ်‌ကောင်စီတပ်၊ နယ်ခြား‌စောင့်တပ် (BGF) ပူး‌ပေါင်းတပ်တို့အကြား တိုက်ပွဲ‌ပေါင်း ၂၇၅ ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီ တပ်ဘက်မှ ၂၇၁ ဦးကျဆုံးကာ ၂၆၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု ယ‌နေ့ ‌ကေအဲန်ယူက သတင်းထုတ်ပြန်သည်။

‌ကေအဲန်ယူ နယ်‌မြေ ၇ ခုရှိသည့်အနက် တပ်မဟာ -၄ (ဘိတ်ထားဝယ်ခရိုင်) နှင့် တပ်မဟာ -၇ (ဖားအံခရိုင်) မှလွဲ၍ တပ်မဟာ-၁ (သထုံခရိုင်) နယ်‌မြေ၊ တပ်မဟာ-၂(‌တောင်ငူခရိုင်)၊ တပ်မဟာ -၃ ( ‌ညောင်‌လေးပင်ခရိုင် )၊ တပ်မဟာ -၅ (မူ‌တြော်ခရိုင် )နှင့် တပ်မဟာ -၆ (ဒူးပလာယာခရိုင် ) နယ်‌မြေများအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် ‌ကေအဲန်ယူ တပ်မဟာ ၅ နယ်‌မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးနှင့် စစ်‌ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်သည်ဟု ‌ဖော်ပြပါရှိသည်။

စစ်‌ကောင်စီတပ်ဖွဲ့မှ ကျဆုံးသူများထဲတွင် တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူးတစ်ဦး၊ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦး ပါဝင်ခဲ့ပြီး ဒဏ်ရာရသူ (၂၆၆)ဦးထဲတွင် ဒု-တပ်ရင်းမှူး တစ်ဦး၊ ဒု-ဗိုလ်မှူးကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး ပါဝင်ခဲ့သည်ဟု ‌ကေအဲန်ယူ၏ လစဉ်သတင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်နှင့် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ဘက်တွင် နှစ်ဦး ကျဆုံးပြီး (၂၀)ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU က‌ပြောသည်။

အာဏာသိမ်း စစ်‌ကောင်စီသည် စစ်‌ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ခုနှစ်၊ ‌အောက်တိုဘာလ ၁ရက်‌နေ့မှ ၂၀၂၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂၈ရက်‌နေ့အထိ ငါးလတာ အပစ်ရပ်‌ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်‌နေ့က ‌ကြေညာချက် ထုတ်ပြန်ထားခဲ့သည်။