Home သတင်း အုန်းဖျန်ဒုက္ခသည်စခန်း ကိုဗစ်ကူးစက်မှု စိုးရိမ်ရသည့် အ‌ခြေအ‌နေတွင်ရှိ‌နေဆဲ

အုန်းဖျန်ဒုက္ခသည်စခန်း ကိုဗစ်ကူးစက်မှု စိုးရိမ်ရသည့် အ‌ခြေအ‌နေတွင်ရှိ‌နေဆဲ

1244

နိုဝင်ဘာ ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း ပြီးခဲ့သည့်လကတည်းက စတင်ဖြစ် ပွားခဲ့‌သော ကိုဗစ်ကပ်‌ရောဂါ ကူးစက်ခံရသူတိုးလာပြီး စိုးရိမ်‌နေရသည့် အ‌ခြေအ‌နေတွင် ရှိ‌နေဆဲဖြစ်‌ကြောင်း စခန်းတာ ဝန်ရှိသူများက ဆိုသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၅ရက်‌နေ့မှစ၍ အုန်းဖျန်ဒုက္ခသည်စခန်းအတွင်းရှိ ကျန်းမာ‌ရေးဝန်ထမ်းများထံတွင် ကိုဗစ် ကူးစက်မှု စစ်‌ဆေး‌တွေ့ရှိရပြီး‌နောက် ထိ‌တွေ့ဆက်စပ်သူများကို ထပ်မံစစ်‌ဆေးရာ၌ ကူးစက်ခံရသူ ထပ်တိုးလာခဲ့ကာ ယမန်‌နေ့အထိ ကူးစက်ခံရသူ စစ်‌ဆေး‌တွေ့ရှိ‌နေရဆဲဖြစ်ကာ လူ‌ပေါင်း ၄၀၀‌ကျော်ခန့် ကူးစက်ခံခဲ့ရပြီးဖြစ်သည်ဟု စခန်းဒု-ဥက္ကဌ ‌စောနီဒို့က ယခုလို ‌ပြောသည်။

၎င်းက “ပြီးခဲ့တဲ့နှစ်ရက်က ၄‌ယောက် ထပ်‌တွေ့တယ်။ ဒီရက်ပိုင်း‌တွေက နည်းလာတယ်ဆို‌ပေမဲ့ စိတ်ချရတဲ့ အ‌ခြေအ ‌နေ‌တော့ မဟုတ်‌သေးဘူး။ အခုက ပွင့်ပွင့်လင်းလင်း‌ပြောရရင်‌တော့ စိုးရိမ်ရတဲ့ အ‌ခြေအ‌နေမှာပဲ ရှိ‌နေ‌သေးတာ‌ပေါ့။ lock down ချထားရတုန်းပဲ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌အောက်တိုဘာလမှစ၍ နိုဝင်ဘာလကုန်ခါနီးအထိ လူ‌ပေါင်း ၄၀၀‌ကျော် ကူးစက်ခဲ့ရာမှ ၂၀၀‌ကျော်မှာ ပြန်လည်သက် သာလာပြီးဖြစ်‌သော်လည်း ‌ဆေးကုသမှု ခံယူရသည့် အ‌ခြေအ‌နေ‌အောက်တွင်ရှိ‌သော ကျန်လူနာ ၂၀ဝနီးပါးရှိပြီး ကူးစက်ခံရသူများအနက် သက်ကြီးပိုင်းအရွယ် ၂ဦး ‌သေဆုံးသွား‌ကြောင်းလည်း ‌စောနီဒို့က ဆက်‌ပြောသည်။

အုန်းဖျန်စခန်းအတွင်း ရပ်ကွက် (၅)မှာ ကူးစက်ခံရမှု အများဆုံး ဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် စခန်းတစ်ခုလုံး ဝင်ထွက် သွားလာမှုများကို ကန့်သတ်ထားကာ ကူးစက်ခံရသူများထဲမှ အ‌ခြေအ‌နေ ဆိုးရွားသူများကို ထိုင်းကျန်းမာ‌ရေး တာဝန်ရှိ သူများဘက်မှ လိုအပ်သလို တာဝန်ယူ ‌ဆောင်ရွက်‌ပေး‌ကြောင်းလည်း သိရသည်။

အလားတူ အုန်းဖျန်ဒုက္ခသည်စခန်းတွင်း ‌နေထိုင်သူများအနက် အသက် ၁၈နှစ်မှ ၆ဝနှစ်အရွယ် ဒုက္ခသည် သုံး‌ထောင် (၃,၀၀၀)‌ကျော်ကို ကျန်းမာ‌ရေးတာဝန်ရှိသူများက ကိုဗစ်‌ရောဂါ ကာကွယ်‌ဆေး ထိုးနှံ‌ပေးထားပြီးဖြစ်‌ကြောင်းနှင့် ဆက် လက် ထိုးနှံ‌ပေးသွားရန် အ‌ခြေအ‌နေတွင် ရှိ‌နေ‌ကြောင်းလည်း တာဝန်ရှိသူများက ‌ပြောဆိုသည်။

လက်ရှိအချိန်တွင် ဒုက္ခသည်စခန်းအတွင်း၌ ‌နေထိုင်သူလူဦး‌ရေ စုစု‌ပေါင်း (၈,၀၀၀)‌ကျော်ရှိ‌နေ‌သေးပြီး ၎င်းလူဦး‌ရေ အားလုံးကို ကာကွယ်‌ဆေး ထိုးနှံသွား‌ပေးခြင်းရှိမရှိကို အတိအကျ မသိရ‌သေးသလို တချို့စခန်းတွင် ‌နေထိုင်သူများအ ‌နေဖြင့်လည်း ‌ဆေးမထိုးလိုကြသူများလည်း ရှိ‌နေ‌သေး‌ကြောင်းလည်း စခန်းတွင်း ‌နေထိုင်သူများထံမှ သိရသည်။

‌အောက်တိုဘာ ၄ရက်‌နေ့က စခန်းတွင်း ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေး‌နေသည့် IRC ဝန်ထမ်းတစ်ဦးထံမှ ကိုဗစ်ပိုး စတင် ‌တွေ့ရှိရသဖြင့် ၎င်းနှင့်ထိ‌တွေ့သူများကို ရပ်ကွက်အလိုက် လိုက်လံစစ်‌ဆေးရာမှ ကူးစက်ခံရသူ ‌နေ့စဉ် တိုးလာခဲ့ပြီး ‌နောက် ယခုလို ကူးစက်မှု မြှင့်တက်ခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း စခန်းတွင်းသို့ ပြန်လည်ခိုးဝင်လာသူများထံမှ ကိုဗစ်ပိုး ကူးစက်ခံရမှု ‌တွေ့ရှိခဲ့ရ ပြီး စခန်းတွင်းသွားလာမှုများကို ကန့်သတ်ပိတ်ပင်ထားပြီး စခန်းတွင်းရှိ စာသင်‌ကျောင်းများကိုလည်း ယာယီ ဆက် ပိတ်ထားရ‌ကြောင်း သိရသည်။