Home သတင်း က‌လေးများ၏ ပညာသင်ယူခွင့် ပိတ်ပင်တားဆီးခြင်းမရှိဟု ကရင်ပညာ‌ရေးဌာန‌ပြော

က‌လေးများ၏ ပညာသင်ယူခွင့် ပိတ်ပင်တားဆီးခြင်းမရှိဟု ကရင်ပညာ‌ရေးဌာန‌ပြော

1708

နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်‌နေ့က စစ်‌ကောင်စီမှ စာသင်‌ကျောင်းများကို ပြန်လည်ဖွင့် လှစ်ခဲ့ရာတွင် KNU-ကရင်အမျိုးသားအစည်းအရုံးက ဟန့်တားပိတ်ပင်မှု လုပ်‌ဆောင်သည်ဟု ‌ပြောဆို‌ဝေဖန်မှုနှင့် ပတ်သက်၍ မိမိတို့အ‌နေဖြင့် က‌လေးများ၏ ပညာသင်ယူခွင့်ကို ပိတ်ပင်တားဆီးခြင်းမရှိဟု ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန (KECD)က ‌ပြောသည်။

KNU ဒူးပလာယာခရိုင်သည် ၎င်းတို့ထိန်းချုပ်နယ်‌မြေအတွင်းရှိ စာသင်‌ကျောင်းများကို ဖွင့်ခွင့်မ‌ပေးသည့်အပြင် ပညာ‌ရေးဝန်ထမ်းများကိုလည်း ဟန့်တားပြီး က‌လေးများ၏ ပညာသင်ယူခွင့်ဥပ‌ဒေကို ချိုး‌ဖောက်လျက်ရှိသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် ‌ပြောဆို‌ရေးသားခဲ့ခြင်းနှင့်ပတ်သက်၍ KNU ၏ ပညာ‌ရေးဌာနက တာဝန်ရှိသူက ယခုလို ပြန်လည်တုန့်ပြန် ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ဘာပဲဖြစ်ဖြစ် ပညာ‌ရေးဟာ လူတိုင်းအကျုံးဝင် သင်ယူခွင့်ရှိတယ်။ သူများ‌ကျောင်းကို သွားမထိဖို့ အ‌ဆောက် အဦး‌တွေ၊ ပညာသင်ခွင့်‌တွေ၊ လိုက်ပိတ်ပင်တာ‌တွေ မလုပ်ဖို့ ဗဟိုကညွှန်ကြားထားတယ်။ စာသင်‌ကျောင်း‌တွေ ပိတ်သလိုလိုနဲ့ ကျ‌နော်တို့ကို စွပ်စွဲ‌ပြောဆိုတာရှိတယ်။ ပညာ‌ရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း ကူညီ‌ပေး တာပဲရှိ တယ်” ဟု KNU ဒူးပလာယာခရိုင် ပညာ‌ရေးမှူးပဒိုမန်းက‌နေဒီက ယ‌နေ့ နိုဝင်ဘာ ၄ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ထိန်းချုပ်နယ်‌မြေအတွင်းရှိ စစ်‌ကောင်စီ‌ကျောင်းများသည် နိုဝင်ဘာလ ၁ ရက်‌နေ့တွင် အသီးသီးဖွင့် လှစ်လျက်ရှိပြီး ‌ဒေသအတွင်း ကိုဗစ်-၁၉ ကူးစက်‌ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်‌ဆေးအပြည့်အဝ မထိုးနှံရ ‌သေးသည့်အ‌ပေါ် ‌ကျောင်းသားမိဘအများစု က‌လေးများအတွက် စိုးရိမ်လျက်ရှိသည်ဟု ဆိုကြသည်။

ထို့အပြင် ‌ကျောင်းအတွင်း မကြားခဏဗုံး‌ပေါက်ကွဲမှု ဖြစ်‌ပေါ်သည့်အတွက်လည်း ဆရာ/ဆရာမအများစုမှာ စိုးရိမ်ထိတ်လန့်‌နေကြရသည်ဟု ပညာ‌ရေးဝန်ထမ်းများထံမှ သိရသည်။

“ တချို့နယ်‌တွေက ကိုဗစ်ကူးစက်မှုရှိ‌နေတုန်းပဲ။ ကိုဗစ်ကာကွယ်‌ဆေးလည်း မထိုးနှံရ‌သေးတဲ့လူ‌တွေ အများကြီးကျန်တယ်။ ‌ကျောင်း‌တွေမှာလည်း ဗုံး‌ပေါက်ကွဲတာရှိ‌တော့ က‌လေး‌တွေကို ‌ကျောင်းပြန် မထား ရဲ‌သေးဘူး‌လေ။ ‌ရောဂါကူးမှာ‌ရော၊ ဗုံး‌ရော ‌ကြောက်တယ်။ အသက်နဲ့ရင်းပြီး ‌ကျောင်းတက်ရမယ်ဆိုရင် အဆင်မ‌ပြေဘူး‌လေ‌နော်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ အမည်မ‌ဖော်လိုသူ ပညာ‌ရေးဝန်ထမ်းတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး‌နောက်ပိုင်း စစ်‌ကောင်စီဖွင့်လှစ်မည့်စာသင်‌ကျောင်းများတွင် ‌ကျောင်းတက်ရန် ဆန္ဒမရှိကြသည့် ‌ကျောင်းသူ/‌ကျောင်းသားများကို ၎င်းတို့ ဖွင့်လှစ်ထားသည့် စာသင်‌ကျောင်းများတွင် လက်ခံပညာသင်ကြား‌ပေးမှုများရှိသလို ပညာဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍လည်း အမြဲတမ်း ကူညီ‌ပေးသွားမည်သည်ဟု KNU ပညာ‌ရေးဌာန တာဝန်ရှိသူများက ‌ပြောသည်။