Home သတင်း KNU တပ်မဟာ(၅)နယ်‌မြေတွင် စစ်‌ကောင်စီတပ်က လက်နက်ကြီးအသုံးများလာ

KNU တပ်မဟာ(၅)နယ်‌မြေတွင် စစ်‌ကောင်စီတပ်က လက်နက်ကြီးအသုံးများလာ

1265
Photo: Mutraw news

‌အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်‌မြေ မူ‌တြော်ခရိုင်တပ်မဟာ(၅)တွင် ယခု‌နောက်ပိုင်းတွင် ထပ်မံ လှုပ်ရှားလာသည့် တပ်ရင်း ၂ ရင်းသည် လူထုများ‌နေထိုင်သည့် ‌ကျေးရွာအတွင်းသို့ လက်နက်ကြီးနှင့် ပစ်ခတ်မှုပိုများ လာသည်ဟု ‌ကေအဲန်ယူ မူ‌တြော်ခရိုင် တာဝန်ရှိသူထံမှ သိရသည်။

လက်ရှိအချိန်တွင် ဖာပွန်-ကမ‌မောင်း‌ဒေသသို့ ဝင်‌ရောက်လှုပ်ရှားလာသည့် စစ်‌ကောင်စီတပ်ဖွဲ့မှာ စစ်ဆင်‌ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၈) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ(၄၀၄)နှင့် ခမရ(၄၀၆)တပ်ရင်းများဖြစ်ပြီး ‌ဒေသအတွင်းရှိ BGF အမှတ်(၁၀၁၄) တပ်ဖွဲ့ဝင်များနှင့်လည်း ပူးတွဲလှုပ်ရှားသွားလာရှိသလို စစ်‌ကောင်စီတပ်က သီးသန့်လှုပ်ရှားသွား လာခြင်းလည်းရှိ‌ကြောင်း ‌ကေအဲန်ယူ၊ မူ‌တြော်(ဖာပွန်)ခရိုင် ‌ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး‌စောကလယ်ဒို့က ‌ကေအိုင်စီ သို့ ‌ပြောသည်။

၎င်းက “အခုတက်လာတဲ့ စကခ(၈)၊ ခမရ-၄၀၄နဲ့ ၄၀၆ တပ်ရင်းက သူတို့လှုပ်ရှားမှုက အရင်တပ်ရင်းထက် ကွာတာက လက်နက်ကြီး အရမ်းသုံးတယ်။ ပြီး‌တော့ ‌ဒေသခံ‌တွေကိုဖမ်းပြီး ‌ပေါ်တာဆွဲ(ထမ်း)ခိုင်းတာရှိတယ်။ ကြည့်ရတာ အခု တက်လာတဲ့တပ်ရင်းက နယ်‌မြေအ‌ခြေအနကို မသိလို့ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့အ‌နေနဲ့ လက်နက်ကြီးနဲ့ရမ်းပြီး လိုက်ပစ်တယ်လို့ ‌ပြောလို့ရတယ်။ အခုသူတို့လှုပ်ရှားမှုက များသထက်များလာတယ်။ ထိ‌တွေ့ပစ်ခတ်မှု‌တွေလည်း များ လာတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌အောက်တိုဘာလ ၂ရက်‌နေ့တွင် စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်က ‌ဖောထိခု‌ကျေးရွာနှင့် လယ်‌ဒေး‌ကျေးရွာရှိ ‌ဒေသ ခံများ လုပ်ကိုင်စား‌သောက်ရာ‌နေရာတွင် လက်နက်ငယ်နှင့်အတူ လက်နက်ကြီး ၅လုံး၊ ‌အောက်တိုဘာလ ၄ရက်‌နေ့ တွင် ဖာပွန်‌ဒေသ၌လှုပ်ရှားသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ‌ဝေမှုံ‌ကျေးရွာအတွင်းသို့ လက်နက်ကြီးများနှင့် ပစ် ခတ်သည့်အတွက် ဘုန်းကြီး‌ကျောင်းနှင့် လူ‌နေအိမ် ၁၂လုံး ထိမှန်သွားသည်ဟု သိရသည်။

ထို့အပြင် ‌အောက်တိုဘာလ (၇)ရက်‌နေ့တွင်လည်း မယ်ပြိ‌ကျေးရွာရှိ မီးဖွားရန် ‌ဆေးရုံသွားသည့် စက်‌လှေကိုလည်း BGF အမှတ်(၁၀၁၄)တပ်ရင်းက ‌ပေးမသွားဘဲ ‌သေနတ်နှင့် အချက်‌ပေါင်းများစွာ ခြိမ်း‌ခြောက်ပစ်ခတ်ခြင်းရှိ‌ကြောင်း ဒုဗိုလ်မှူးကြီး‌စောကလယ်ဒို့က ‌ပြောသည်။

အလားတူ ‌အောက်တိုဘာလ ၈ရက်‌နေ့တွင် ခမရ(၄၀၄)နှင့် ခမရ(၄၀၆)က ဒူးပြယ်ကျိုး‌ကျေးရွာအနီး၌ လက်နက်ကြီး အ‌မြောက်အများနှင့် ပစ်ခတ်ခြင်း၊ ‌အောက်တိုဘာ ၁ဝရက် ညပိုင်းတွင်လည်း ဖာပွန်မြို့‌ပေါ်ရပ်ကွက်နှင့် အနီးအနား ‌ကျေးရွာများတွင် စစ်‌ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည့်အတွက် ‌ဒေသခံလူထုများမှာ စိုးရိမ်ထိတ်လန့် ‌နေကြရသည်။

‌အောက်တိုဘာလ ၉ရက် တစ်ရက်ထဲတွင် တပ်မဟာ(၅)ရှိ နယ်‌မြေအသီးသီးတွင် နယ်‌မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှု (၆)ကြိမ်ဖြစ်ပွားရာ စစ်‌ကောင်စီဘက်မှ ၁ဦးကျဆုံးကာ ၇ဦး ဒဏ်ရာရရှိသွားသလို ‌အောက်တိုဘာလ ၇ရက် ‌နေ့တွင်လည်း ဒွယ်လိုးမြို့နယ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ရာ BGF ဘက်မှ ၇ဦးကျဆုံးပြီး ၂၇ဦး ထိခိုက်ဒဏ်ရာရရှိသွား ‌ကြောင်း မူ‌တြော်သတင်းစဉ်မှ ‌အောက်တိုဘာလ ၁၁ရက်‌နေ့တွင် ထုတ်ပြန်ထားခြင်းရှိသည်။

‌ကေအဲန်ယူ မူ‌တြော်ခရိုင်၊ တပ်မဟာ(၅)နယ်‌မြေတွင် စက်တင်ဘာတစ်လတည်း၌ တိုက်ပွဲ‌ပေါင်း ၂၁၃ကြိမ် ဖြစ်ပွားခဲ့ ‌ကြောင်း ‌ကေအဲန်ယူ ပြန်ကြား‌ရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားပြီး လက်ရှိအချိန်တွင် တပ်မဟာ (၅) နယ်‌မြေအတွင်း စစ်‌ကောင်စီဘက်မှ တပ်အင်အားတိုးချဲ့မှုနှင့် နယ်‌မြေကျူး‌ကျော်ဝင်‌ရောက်မှု ပိုမိုများပြားလာသဖြင့် KNLA တပ်ရင်း၊ တပ်ခွဲများနှင့် ‌နေ့စဉ် တိုက်ပွဲဖြစ်ပွား‌နေသည်ဟု တပ်မဟာ(၅) တာဝန်ရှိသူများထံမှ သိရသည်။

တပ်အင်အားတိုးချဲ့မှုအ‌ခြေအ‌နေနှင့် ပတ်သက်၍ စစ်‌ကောင်စီ ‌ပြောခွင့်ရ ဗိုလ်ချုပ်‌ဇော်မင်းထွန်းက KNU တပ်မဟာ ၅ နယ်‌မြေထဲတွင် အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) လက်‌အောက်ခံ ပြည်သူ့ကာကွယ်‌ရေးတပ် (PDF) အဖွဲ့ကို စစ်သင်တန်း‌ပေးခြင်း၊ လက်နက်‌ထောက်ပံ့‌ပေးခြင်း၊ ခိုလှုံခွင့်‌ပေးခြင်းများလုပ်‌ဆောင်‌နေသည့်အတွက် လုံခြုံ‌ရေးအရ လိုအပ်သည့် တပ်အင်အားတိုးချဲ့မှုများလုပ်‌ဆောင်လျက်ရှိသည်ဟု ‌အောက်တိုဘာလ ၁၁ ရက်‌နေ့တွင် RFA သတင်းဌာနကို ‌ပြောဆိုထားသည်။