Home သတင်း ‌ကော့ကရိတ်‌တောင်ပိုင်းတွင် ကရင်ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်အကြား ပစ်ခတ်မှုထပ်မံဖြစ်ပွား

‌ကော့ကရိတ်‌တောင်ပိုင်းတွင် ကရင်ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်အကြား ပစ်ခတ်မှုထပ်မံဖြစ်ပွား

1280

‌အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်‌တောင်ပိုင်း ရွာသစ်‌ကျေးရွာဘက်တွင် ကရင်ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ် အကြား လက်နက်ကြီး လက်နက်ငယ်များဖြင့် ယ‌နေ့ (‌အောက်တိုဘာလ ၁၂ ရက်)တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွား လျက်ရှိသည်။

‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ ‌ကော့ကရိတ်‌တောင်ပိုင်း ရွာသစ်‌ကျေးရွာထိပ်တွင် နယ်‌မြေကျူး‌ကျော် ဝင်‌ရောက်လာသည့် စစ်‌ကောင်စီ တပ်‌ခြေမြန်တပ်ရင်း ခမရ ၅၅၆ တပ်ဖွဲ့အား ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ(၆) တပ်ရင်း(၁၈) နှင့် ခွဲထွက် DKBA ပူး‌ပေါင်းတပ်ဖွဲ့တို့က ‌စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

အမည်မ‌ဖော်လိုသည့် ‌ဒေသခံတစ်ဦးက ” ၁၁ နာရီဝန်းကျင်‌လောက်မှာ စဖြစ်တာ။ အခု အလုံးကြီး‌ကော၊ ‌သေနတ်အ‌သေး‌ကော ဆက်တိုက်ပဲ။ သူတို့က ဒီဘက်ရွာသစ်ဘက်ကို လာကြတာ‌လေ။ ” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာအနီးအနားတွင် ‌နေထိုင်သည့် ‌ဒေသခံများသည် နီးစပ်ရာမိတ်‌ဆွေများအိမ်ကို ‌ပြောင်း‌ရွှေ့‌ရှောင်တိမ်း‌နေထိုင်ကြသူများရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ယမန်‌နေ့ ‌အောက်တိုဘာလ ၁၁ရက်‌နေ့ကလည်း ‌ကော့ကရိတ်မြို့ ‌တောင်ပိုင်း အာရှလမ်းမအနီးရှိ ‌ကော့နွဲရွာ ဘက်တွင် ကရင်ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့တို့အကြား သုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီတပ်ဘက်မှ ( ၅)ဦး‌သေဆုံးပြီး ၂ဝ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူများက ‌ပြောသည်။