Home သတင်း အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်အ‌ပေါ် ရလဒ်‌ကောင်း‌မျှော်လင့်၊ တတ်နိုင်သမျှ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟု PPST အဖွဲ့‌ခေါင်း‌ဆောင်‌ပြော

အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်အ‌ပေါ် ရလဒ်‌ကောင်း‌မျှော်လင့်၊ တတ်နိုင်သမျှ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟု PPST အဖွဲ့‌ခေါင်း‌ဆောင်‌ပြော

1099
Photo: PPST

‌အောက်တိုဘာ ၁၂ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြန်မာနိုင်ငံကို ‌ရောက်ရှိ‌နေသည့် အာဆီယံ အထူးကိုယ်စားလှယ် အီရိဝမ်ယူစွပ်၏ ခရီးစဉ်အ‌ပေါ် ရလဒ်‌ကောင်း နှင့် အစ‌ကောင်းဖြစ်ရန် ယုံကြည်‌မျှော်လင့်ပြီး တတ်နိုင်သမျှ ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း အပစ်ရပ် (၁၀)ဖွဲ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့(PPST)၏ ယ‌နေ့ ‌အောက်တိုဘာလ ၁၂ ရက်‌နေ့တွင် ပြုလုပ်သည့် အစည်းအ‌ဝေး၏ အဖွင့်မိန့်ခွန်း၌ ဦး‌ဆောင်မှုအလုပ်အဖွဲ့‌ခေါင်း‌ဆောင် နိုင်‌အောင်မင်းက ‌ပြောဆိုသွားခဲ့သည်။

မြန်မာ့အ‌ရေးကို ‌ဖြေရှင်းနိုင်မည့် အာဆီယံ‌ခေါင်း‌ဆောင်များအကြား ရရှိထားသည့် ဘုံသ‌ဘောတူညီချက် (၅) ရပ်ကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရန် အာဆီယံ အထူးကိုယ်စားလှယ်အ‌နေဖြင့် မြန်မာနိုင်ငံကို ‌ရောက်ရှိ‌နေပြီးဖြစ်‌ကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး၏ ‌ခေါင်း‌ဆောင်များ တာဝန်ရှိသူများနှင့် ‌တွေ့ဆုံညှိနှိုင်း‌ဆွေး‌နွေးပြီးရလဒ်‌ကောင်းသည့် ခရီစဉ်ဖြစ်လိမ်မည်ဟု ယုံကြည်‌ကြောင်း နိုင်‌အောင်မင်းက ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ် သည်။

“အာဆီယံ ထိပ်သီးအစည်းအ‌ဝေး သ‌ဘောတူညီချက် (၅) ရပ်ကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်က ပြည်‌ထောင်စု မြန်မာနိုင်ငံကို ‌ရောက်ရှိ‌နေပြီးလို့ ကြားသိရပါတယ်။ အထူးကိုယ်စား လှယ်ဟာ သူ့ခရီးစဉ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးရဲ့ ‌ခေါင်း‌ဆောင်များ တာဝန်ရှိသူများနဲ့ ‌တွေ့ဆုံ ညှိနှိုင်း‌ဆွေး‌နွေးပြီး ရလဒ်‌ကောင်းတဲ့ အစ‌ကောင်းတဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မိမိတို့ PPST အ‌နေနဲ့ တတ်နိုင်သမျှပူး‌ပေါင်း‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်အ‌နေဖြင့် နိုင်ငံ‌ရေးပါတီများနှင့် ယ‌နေ့ ‌အောက်တိုဘာလ ၁၂ ရက်‌နေ့တွင် ‌နေပြည်‌တော်တွင် ‌တွေ့ဆုံရန် ယမန်‌နေ့ ညက ‌ရောက်ရှိ‌နေပြီးဖြစ်‌ကြောင်းနှင့် ယ‌နေ့ ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲလည်း ပျက်ပြယ်သွား‌ကြောင်း ဘီဘီစီ သတင်းဌာနက ‌ဖော်ပြထားသည်။

PPST အ‌နေဖြင့် အဆိုပါ အာဆီယံ အထူးကိုယ်စားလှယ်နှင့် လက်တွဲ ပူ‌ပေါင်း‌ဆောင်ရွက်နိုင်ရန် နည်းလမ်းရှာ ညှိနှိုင်း‌နေ‌ကြောင်းနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှု ဖြစ်‌မြောက်‌ရေးအတွက်လည်း NCA စာချုပ် အသိသက်‌သေနိုင်ငံများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကြိုးပမ်းညှိနှိုင်း‌ဆောင်ရွက်‌နေ‌ကြောင်းအပြင် ‌ဆွေး‌နွေးပွဲအတွက်လည်း ကြိုတင် ပြင်ဆင်‌နေ‌ကြောင်း နိုင်‌အောင်မင်း၏ အဖွင့် မိန့်ခွန်းတွင် ‌ဖော်ပြ‌ပြောဆိုထားသည်။

လက်ရှိ PPST အစည်းအ‌ဝေးပွဲတွင် ပါဝင်တက်‌ရောက်‌နေသည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ပဒို ‌စော‌တောနီးက “စာနဲ့ ‌ပေနဲ့ ‌ရေးသားပြီး ပါးစပ်နဲ့ ‌ပြောပြီး အလုပ်မဖြစ်တဲ့ ကိစ္စ‌တွေအများကြီး ကျ‌နော်တို့ ‌တွေ့ကြုံခဲ့ဖူးပြီးပြီ။ အ‌တွေ့အကြုံအများကြီး ရှိလာခဲ့ပြီးပြီးဆို‌တော့ အခုလက်ရှိမှာ‌တော့ ဘာမှ‌တော့ မ‌ပြောချင် ‌သေးဘူး။ အလုပ်ဘယ်‌လောက်ထိ ဖြစ်လဲ၊ မဖြစ်လဲ ဆိုတာ‌တော့ ‌စောင့်ကြည့်ရမှာပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo: PPST

ဧပြီလ ၂၄ ရက်‌နေ့က ပြုလုပ်ခဲ့သည့် အာဆီယံ‌ခေါင်း‌ဆောင်များ၏ အထူးအစည်းအ‌ဝေးပွဲ၌ မြန်မာ့နိုင်ငံ‌ရေး ပဋိပက္ခကို ‌ဖြေရှင်းရန် ဘုံသ‌ဘော တူညီချက် (၅) ချက်ကို ချမှတ်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ချက်ချင်း ရပ်ဆိုင်းရန်၊ အပြုသ‌ဘော‌ဆောင်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ လုပ်‌ဆောင်ရန်၊ အာဆီယံအဖွဲ့ကြီးက ဦး‌ဆောင် သည့် ‌စေ့စပ်ညှိနှိုင်းမှုများနှင့် လူသားချင်း စာနာ‌ထောက်ထား‌ရေးအကူအညီများ‌ပေးရန် စသည့်အချက်များ ပါဝင်ကာ ၎င်းကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရန် ယခုလို အာဆီယံအထူးကိုယ်စားလှယ်ကို ခန့်အပ် တာဝန်‌ပေးထားခြင်းလည်းဖြစ်သည်။

အာဆီယံ အထူးကိုယ်စားလှယ်အ‌နေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးပြဿနာကို ‌တွေ့ဆုံ‌ဆွေး‌နွေး‌ဖြေရှင်းရာတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ပါတီအပါအဝင် ဒီမိုကရက်တစ်အုပ်စုများ မပါဝင်ပါက ‌အောင်မြင်နိုင် မည်မ ဟုတ်‌ကြောင်း နှင့် လက်ရှိခရီးစဉ်နှင့်ပတ်သက်ပြီးလည်း မည်သည့်‌ပြောင်းလဲမှုမှ ဖြစ်မည်မဟုတ်‌ကြောင်း နိုင်ငံ‌ရေး သု‌တေသီများက ‌ထောက်ပြ‌ပြောဆိုကြသည်။

“‌တွေ့ဆုံ ‌ဆွေး‌နွေးမှုတိုင်းက NLD နဲ့ ‌ဒေါ်‌အောင်ဆန်းစုကြည်တို့ မပါရင် မပြီးဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ NLD က ‌ရွေး‌ကောက်ပွဲကို အနိုင်ရထားပြီး ပြည်သူလူထုကို ကိုယ်စားပြုထားတာဖြစ်တယ်။ အဲ့လိုအ‌နေအထားမျိုးမှာ အခု အာဆီယံကလာတာ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ‌တွေ့ခွင့်မရှိဘူး။ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ NLD မပါတဲ့ ‌တွေ့ဆုံ ‌ဆွေး‌နွေးမှုတိုင်းက ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲ့လို ‌ယေဘုယျအားဖြင့် မြင်တယ်။” ဟု နိုင်ငံ‌ရေး ‌လေ့လာ သုံးသပ်သူ နိုင်ဗညားမွန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် PPST အ‌နေဖြင့် လက်ရှိကိုယ်စားလှယ်နှင့် ပူး‌ပေါင်း‌ဆောင်ရွက်သွားရန် ‌ပြောဆိုမှုနှင့်ပတ်သက်ပြီး လည်း အားလုံးပါဝင်သည့် ‌တွေ့ဆုံ ‌ဆွေး‌နွေးမှု ဖြစ်လာရန် တိုက်တွန်း‌ပြောဆိုသင့်‌ကြောင်းနှင့် ဘက်တစ်ဖက် တည်း ‌တွေ့ဆုံ ‌ဆွေး‌နွေးအ‌ဖြေရှာခြင်းသည် လက်‌တွေ့ မကျ‌ကြောင်းလည်း နိုင်ဗညားမွန်က ဆက်‌ပြောသည်။

လက်ရှိ နိုင်ငံ‌ရေး ပါတီများနှင့်‌တွေ့ဆုံမှု ပျက်ပြယ်သွားသည့် အာဆီယံ အထူးကိုယ်စားလှယ်အ‌နေဖြင့် ယ‌နေ့ ‌နေ့လည်အချိန်ထိ မြန်မာနိုင်ငံသို့ ‌ရောက်ရှိလာ‌သေးခြင်းမရှိ‌ကြောင်းလည်း သတင်းများ ထွက်‌ပေါ်လျက်ရှိသည်။

ယ‌နေ့ ပြုလုပ်သည့် PPST အစည်းအ‌ဝေးပွဲတွင် NCA လက်မှတ်‌ရေးထိုးခြင်း (၆) နှစ်ပြည့် နှစ်ပတ်လည်‌နေ့ အခမ်းအနားကို ကျင်းပသင့်၊ မသင့်‌ဆွေး‌နွေးဆုံးဖြတ်မည်ဖြစ်‌ကြောင်း၊ တပ်မ‌တော်၏ ၅ လ အပစ်ရပ်သည့်ကိစ္စ နှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ၃ ရပ်အ‌ပေါ် ‌ဆွေး‌နွေးအမြင်ဖလှယ်မည်ဖြစ်‌ကြောင်း နှင့် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် ရည်ရွယ်ထားသည့် NCA အပစ်ရပ် အဖွဲ့များ၏ စတုတ္ထအကြိမ်‌မြောက် ညီလာခံ (ဒုတိယပိုင်း)ကိစ္စကိုလည်း ယ‌နေ့ အစည်းအ‌ဝေးပွဲတွင် ‌ဆွေး‌နွေးပြီး ညီလာခံ ကြိုတင်ပြင်ဆင်‌ရေး‌ကော်မတီ တစ်ရပ် ဖွဲ့စည်းသွားမည်ဟုလည်း နိုင်‌အောင်မင်း၏ မိန့်ခွန်း၌ ‌ဖော်ပြ ‌ပြောဆိုထားသည်။