Home သတင်း မြဝတီ-‌ကော့ကရိတ် အာရှလမ်း ကွမ်းခြံ‌ကွေ့အဆင်းတွင် ‌မြေသည်ယာဉ်တစ်စီး တိမ်း‌မှောက်၊ ယာဉ်‌ပေါ်ပါသူ ၂၃ ဦး ဒဏ်ရာရမှုရှိခဲ့

မြဝတီ-‌ကော့ကရိတ် အာရှလမ်း ကွမ်းခြံ‌ကွေ့အဆင်းတွင် ‌မြေသည်ယာဉ်တစ်စီး တိမ်း‌မှောက်၊ ယာဉ်‌ပေါ်ပါသူ ၂၃ ဦး ဒဏ်ရာရမှုရှိခဲ့

892

‌အောက်တိုဘာ ၁၁ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီ-‌ကော့ကရိတ် အာရှလမ်း ကွမ်းခြံ‌ကွေ့ အဆင်း‌နေရာတွင် ယ‌နေ့ နံနက် ၇ နာရီအချိန်ခန့်က ‌မြေသည်ယာဉ်တစ်စီး တိမ်း‌မှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်‌ပေါ်ပါသူ ၂၃ ဦး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့‌ကြောင်း သိရသည်။

‌ကော့ကရိတ်ဘက်က‌နေ မြဝတီဘက်ကိုလာတဲ့ ‌မြေသည်ယာဉ် အာရှလမ်း ကွမ်းခြံ‌ကွေ့ကုန်းဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ‌တောင်နံရံကို ဝင်တိုက်မိပြီး တိမ်း‌မှောက်မှု ဖြစ်ခဲ့ရာ ယာဉ်‌ပေါ်ပါလာသူ ၂၃ ဦးခန့်မှာ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့၍ မြဝတီခရိုင်ပြည်သူ့‌ဆေးရုံသို့ ပို့‌ဆောင်‌ပေးခဲ့‌ကြောင်း သဃင်္န်းညီ‌နောင် လူမှုကယ်ဆယ်‌ရေး အဖွဲ့က ‌ပြောသည်။

“ဒီ‌နေ့ မြဝတီ-‌ကော့ကရိတ် အာရှလမ်း ‌ဒေါန‌တောင်‌ပေါ်မှာ မိုးရိပ်‌တွေနဲ့ ရာသီဥတုက သိပ်မကြည်လင်ဘူး။ ဒီလိုအ‌ခြေအ‌နေမှာ ယာဉ်မကြာခဏ တိမ်း‌မှောက်မှုများ ဖြစ်ပွား‌လေ့ရှိတဲ့အတွက် ယာဉ်‌မောင်းသူများအ‌နေဖြင့် အထူး သတိရှိကြဖို့ လိုအပ်တယ်” ဟု ယာဉ်‌မောင်းတစ်ဦးက ‌ပြောသည်။