Home သတင်း ‌ကော့ကရိတ်မြို့ ‌ကော့နွဲ့ရွာအနီး ကရင်ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ပစ်ခတ်မှုဖြစ်ပွား၍ စစ်‌ကောင်စီတပ် ၂ ဦး‌သေဆုံး

‌ကော့ကရိတ်မြို့ ‌ကော့နွဲ့ရွာအနီး ကရင်ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ပစ်ခတ်မှုဖြစ်ပွား၍ စစ်‌ကောင်စီတပ် ၂ ဦး‌သေဆုံး

1946

‌အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့၏ ‌တောင်ဘက် ‌ကော့နွဲရွာအနီးတွင် ယ‌နေ့‌အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ကရင်ပူး‌ပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့တို့အကြား နာရီဝက်ခန့်အကြာ ပစ်ခတ်မှု ဖြစ်သွားခဲ့ပြီး စစ်‌ကောင်စီတပ်ဘက်မှ ၂ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

ယ‌နေ့နံနက်တွင် ‌ကော့နွဲ့ရွာမှ မြို့‌ဟောင်းကို သွားမည့် တပ်အင်အား ၇ဝ ခန့်ပါ စစ်‌ကောင်စီတပ်နှင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ ၆၊ တပ်ရင်း ၁၈ နှင့် ခွဲထွက် DKBA ပူး‌ပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNLA နှင့် နီးစပ်သူတစ်ဦးက ယခုလို‌ပြောသည်။

၎င်းက ” ဒီ‌နေ့ ၈ နာရီခွဲ‌လောက်မှာ ပစ်ကြတယ်‌ပေါ့‌နော်။ သူတို့(စစ်‌ကောင်စီ)က ‌ကော့နွဲ့က‌နေ မြို့‌ဟောင်းကို သွားမှာကိုး။ နယ်‌မြေ‌ကျော်‌တော့ ဟိုဘက်ကလည်း ပစ်တာ‌ပေါ့‌နော်။ ‌လော‌လောဆယ်သိရသ‌လောက်‌တော့ စစ်တပ်က ၂ ‌ယောက်‌သေတယ်။ ထိခိုက်ဒဏ်ရာရတာ‌တော့ မကြားဘူး။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့ ‌အောက်တိုဘာ ၁ဝ ရက်‌နေ့ကတည်းက မြဝတီ-‌ကော့ကရိတ် အာရှလမ်း ‌ကော့ကရိတ်ဘက်ခြမ်း ‌တော‌နော်‌ရေတံခွန်အနီးနှင့်‌ဒေါန‌တောင်‌ခြေဘက်တွင် စစ်‌ကောင်စီတပ်ဖွဲ့မှ နယ်‌မြေစိုးမိုး‌ရေးအတွက် အင်အားတိုးချဲ့မှုများ လုပ်‌ဆောင်လျက်ရှိ‌နေသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ယ‌နေ့နံနက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရခြင်းမှာ ‌ကော့ကရိတ်မြို့ ‌တောင်ဘက် ‌ကော့နွဲ့ရွာဘက်တွင်ခွဲထွက် DKBA အဖွဲ့ နှင့် PDF အဖွဲ့များ ‌ရောက်ရှိ‌နေ‌ကြောင်း သတင်းအရ စစ်‌ကောင်စီ အဖွဲ့က နယ်‌မြေရှင်းလင်း‌ရေး ‌ဆောင်ရွက်ရာမှ ပစ်ခတ်မှုများ ဖြစ်သွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုအ‌ခြေအ‌နေကို မသိရှိရ‌သေး‌ကြောင်း စစ်‌ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

ထိုသို့ ပစ်ခတ်ရာတွင် စစ်‌ကောင်တပ်ဖွဲ့မှ ‌ခြေမြန်တပ်ရင်း (ခမရ ၅၅၆) တပ်နှင့် နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့များ ပါဝင်သလို ‌ကော့ကရိတ်အ‌ခြေစိုက် ‌ခြေလျင်တပ်ရင်း (ခလရ ၉၇ )တပ်မှ လက်နက်ကြီးများ နှင့် ပစ်ကူ‌ပေးခဲ့သည်ဟု ၎င်းစစ်‌ကောင်စီတပ်နှင့်နီးစပ်သူက ဆက်‌ပြောသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက “ပစ်ခတ်မှုက နာရီဝက်ခန့် ကြာမယ်ထင်တယ်။ မနက် ၉ နာရီခန့်မှာ ‌သေနတ်သံ‌တွေ‌တော့ သိပ်မကြား‌တော့ဘူး။ ဒါ‌ပေမယ့် စစ်‌ကောင်စီဘက်က စစ်‌ရေးလှုပ်ရှားမှု‌တွေ ရှိ‌နေတာ‌ကြောင့် ထပ်မံ၍တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်လျက်ရှိ‌နေတယ်” ဟု ‌ပြောသည် ‌ကော့ကရိတ်မြို့ ‌တောင်ဘက်အခြမ်းတွင် စစ်‌ကောင်စီတပ်ဖွဲ့နှင့် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွား‌လေ့ရှိပြီး လက်ရှိအချိန်ထိ စစ်‌ကောင်စီတပ်မှ နယ်‌မြေစိုးမိုး‌ရေးအတွက် စစ်‌ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်‌ဆောင်လျက်ရှိသည်ဟု သိရသည်။