Home ဆောင်းပါး တ‌ပြေးညီ တပြိုင်နက် စစ်မျက်နှာဖွင့် တိုက်ကြ

တ‌ပြေးညီ တပြိုင်နက် စစ်မျက်နှာဖွင့် တိုက်ကြ

1601

တ‌ပြေးညီ တပြိုင်နက် စစ်မျက်နှာဖွင့် တိုက်ကြ

‌မောင်‌ကျော်စွာ

(၂၀၂၁ ခုနှစ်၊ ‌အောက်တိုဘာ ၁၀)

(NUG) တာဝန်ရှိသူတစ်ဦးရဲ့ တင်ပြချက်အရ (၇-၉-၂၀၂၁)ရက်မှ (၆-၁၀-၂၀၂၁)ရက်‌နေ့အထိ ၁လတာကာလ အတွင်း အာဏာသိမ်းအကြမ်းဖက်(စကစ) ခါးပိုက်‌ဆောင်တပ်များဘက်မှ ‌သေဆုံးသူ ၁၅၆၂ဦး၊ ဒဏ်ရာရသူ ၅၅၂ဦး၊ စစ်‌ရေးပစ်မှတ်၊ နိုင်ငံ‌ရေးပစ်မှတ်၊ စီးပွား‌ရေးပစ်မှတ်များ စုစု‌ပေါင်းပစ်မှတ် ၉၅၃ခုကို တိုက်ခိုက်နိုင်ခဲ့‌ကြောင်း သိရှိရပါ တယ်။

ဒါ့အပြင် အကြမ်းဖက်(စကစ)စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ ‌နေ့စဉ်ထုတ်သတင်းစာထဲမှာလည်း (၁-၂-၂၀၂၁) ရက်‌နေ့မှ (၂၇-၉-၂၀၂၁)ရက်‌နေ့အထိ မြို့နယ် ၁၀၅မြို့နယ်တွင် ရဲစခန်း ၁၁၆ခု၊ ရဲကင်း ၄၆ခု၊ ရုံး ၂၈ရုံး၊ အ‌ဆောက်အ ဦး ၅၈လုံး ထိခိုက်ပျက်စီးခဲ့တယ်။ ဒလန်သတ်ဖြတ်ခံရသူ ၄၀၆ဦး၊ ဒဏ်ရာရသူ ၂၈၅ဦး၊ မြို့နယ် ၃၇၂မြို့နယ်တွင် လက် ပစ်ဗုံး/လက်လုပ်ဗုံးပစ်ခတ်မှု/‌တွေ့ရှိမှု ဖြစ်စဉ်အကြိမ် ၂၄၆၀၊ မြို့နယ် ၁၃၄မြို့နယ်တွင် တူမီး‌သေနတ်ဖြင့် ပစ်ခတ်မှုအ ကြိမ် ၃၄၀၊ မြို့နယ် ၂၆မြို့နယ်တွင် လက်နက်ကြီးပစ်ခတ်ခံရမှု ၃၄ကြိမ်၊ မြို့နယ် ၄၂မြို့နယ်တွင် လမ်း၊ တံတား ‌ဖောက် ခွဲခံရမှု ၅၆ကြိမ်ရှိ‌ကြောင်း စာရင်းရှည်ကြီး‌ရေးပြီး ငိုချင်းချပြထားပါတယ်။

အထက်မှာ‌ဖော်ပြခဲ့တဲ့ သတင်းမူလဇစ်မြစ်မတူတဲ့ ‌ဖော်ပြချက် ၂ခုမှာပါရှိတဲ့ အချက်အလက်‌တွေ၊ ကိန်းဂဏန်း ‌တွေက တိုက်ပွဲ‌တွေ အား‌ကောင်းလာတယ်။ ထိထိမိမိ တိုက်ခိုက်နိုင်စွမ်းရှိလာတာကို အားရစဖွယ်‌တွေ့ရမှာ ဖြစ်ပါ တယ်။ ဒီလိုတိုက်ပွဲ‌တွေ နိုင်ငံနဲ့အဝန်း တိုးတက်များပြားလာတဲ့အခါ အကြမ်းဖက်စစ်အုပ်စုမှာ ကြံရာမရဖြစ်ပြီး ‌သွေးခွဲ သပ်လျှိုမှု‌တွေကို ‌ကြောက်ကျွဲခတ်သလို ကမူးရှူးထိုး တိုးလုပ်လာပါတယ်။

အကြမ်းဖက်(စကစ)စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ ‌နေ့စဉ်ထုတ်သတင်းစာထဲက ‌ဆောင်းပါးတစ်ပုဒ်မှာ ‘အကြမ်းဖက်မှု‌တွေ ‌ပေါ်‌ပေါက်‌စေဖို့ ကိုယ်တိုင်ပါဝင် ‌ဆောင်ရွက်‌နေတဲ့အဖွဲ့နဲ့ ကူညီ‌နေတဲ့အဖွဲ့‌တွေဆိုပြီး အဖွဲ့အစည်း နာမည်နဲ့တကွ ‌ဖော်ထုတ်‌ရေးသားလာပါတယ်။

သတင်းစာပါ ‌ရေးသားချက်အတိုင်း ‌ဖော်ပြရမယ်ဆိုရင် ‘ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA)၊ ချင်းအမျိုး သားတပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၊ တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (TNLA)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP)နဲ့ သျှမ်းပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ (RCSS)ဖြစ်တယ်’လို့ ဆိုပါတယ်။

ဒါ့အပြင် ‘တချို့အဖွဲ့‌တွေက အဖွဲ့အစည်းအလိုက် ပါဝင်ကြတာ မဟုတ်‌ပေမယ့် ကိုယ့်လက်‌အောက်ခံတပ်ဖွဲ့ ‌တွေကို မအုပ်ချုပ်နိုင်တာ ‌တွေ့ရပါတယ်’လို့ ‌ရေးသားထားပါတယ်။

ဒီလိုဘာ‌ကြောင့် အဖွဲ့အစည်းအမည်နဲ့တကွ ထုတ်‌ဖော်‌ရေးသားလာရသလဲဆိုတာဟာ ဖြစ်နိုင်‌ခြေ ၂မျိုးရှိတယ် လို့ ယူဆပါတယ်။ ပထမတစ်ခုက (EAO)‌တွေဟာ (CRPH/NUG/PDF)‌တွေနဲ့ ပုံစံမျိုးစုံနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်‌နေတယ်။ ဒုတိယတစ်ခုက‌တော့ ဒီအဖွဲ့‌တွေကို လာမယ့်ပွင့်လင်းရာသီမှာ စစ်‌ရေးဖိအား‌ပေးရမယ်ဆိုတဲ့ အာ‌ဘော်ဖန်တီးတာပဲလို့ ယူဆပါတယ်။

ပြီး‌တော့ အခုလို သူတို့‌ရေးသားချက်ဟာ ‌အောက်တိုဘာလဆန်းစက သူတို့‌ရေးသားခဲ့တဲ့ အချက်အလက်‌တွေ နဲ့လည်း ‌ရှေ့‌နောက်မညီ ဖြစ်‌နေပါတယ်။ သူတို့အ‌နေနဲ့ EAO ‌တွေရဲ့ နယ်‌မြေ‌တွေထဲမှာ NUG/PDF ‌တွေ လက်ခံထား ခြင်းရှိ/မရှိ တရားဝင် ‌မေးမြန်းခဲ့ရာမှာ EAO အများစုက သူတို့နယ်‌မြေ‌တွေထဲမှာ NUG/PDF ‌တွေ မရှိ‌ကြောင်း တရားဝင် ပြန်ကြားခဲ့တယ်လို့ သူတို့သတင်းစာမှာ ‌ရေးသားခဲ့ပါတယ်။ ကြည့်ရတာ သူတို့ တစ်ပတ်ရိုက်ခံရတယ်လို့ ‌ပြောချင်‌နေသ လား‌တော့ မသိပါဘူး။

‌သေချာတဲ့အချက်က‌တော့ အကြမ်းဖက် (စကစ) စစ်အုပ်စုဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း‌တွေ နဲ့ (CRPH/NUG/PDF)‌တွေနဲ့ ဆက်စပ်သွားမှာ၊ ညီညွတ်‌သွေးစည်းသွားမှာကို ထိတ်လန့်‌ကြောက်ရွံ့‌နေတဲ့အချက်ပါ။ ဒါ ‌ကြောင့် တစ်ဖက်မှာ ‘(NCA)စာချုပ်၊ ၅လတာ အပစ်အခတ်ရပ်စဲ‌ကြေညာချက်’တို့နဲ့ EAO ‌တွေကို ‌ချော့‌မော့ အချိုသပ် မြှူဆွယ်‌နေပြီး အခြားတစ်ဖက်မှာ‌တော့ (CRPH/NUG/PDF)‌တွေနဲ့ ရန်တိုက်‌သွေးခွဲမှု‌တွေ အဆက်မပြတ် လုပ်‌ဆောင် ‌နေပါတယ်။

ဒါ့အပြင် အဆက်ဆက်‌သော အုပ်စိုးသူများနဲ့ ရင်ဆိုင်တိုက်ခိုက်လာခဲ့ဖူးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်း EAO ‌တွေကို သူငယ်နှပ်စား‌လေး‌တွေသဖွယ် အထင်အမြင်‌သေးပုံလည်း အင်မတန်မှ ‌ပေါ်ပါတယ်။

(CRPH/NUG/PDF) တို့က တိုင်းပြည်အာဏာရရှိ‌ရေးအတွက် လုပ်‌နေတာတဲ့။ တကယ်‌တော့ သူတို့‌ရေးတဲ့ အ‌ခြေခံဥပ‌ဒေကို ‌ကျော်လွန်‌ဖောက်ဖျက်ပြီး အကြမ်းဖက် အာဏာသိမ်းထားတာက ဗိုလ်မင်း‌အောင်လှိုင် – ဗိုလ်စိုးဝင်း (စကစ)စစ်အုပ်စုပဲ မဟုတ်ပါလား။ ပြီး‌တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ ‘လူမျိုး‌ရေး၊ ဝါဒ‌ရေး၊ ‌ဒေသ‌ရေးအတွက် လက်နက်ကိုင်ရပ်တည်‌နေတာ ဖြစ်တယ်။ အ‌ပေးအယူ မျှတမှုနဲ့ ငြိမ်းချမ်း‌ရေးကို လိုလားချက်ရှိ တယ်’တဲ့။ ဘယ်‌လောက် အထင်‌သေး‌စော်ကားတဲ့ ‌ရေးသားချက် ဖြစ်ပါသလဲ။

တိုင်းရင်းသားလက်နက်ကိုင်‌တွေ အစဉ်တစိုက် ‌တောင်းဆိုလာခဲ့ကြတဲ့ ဒီမိုက‌ရေစီ‌ရေး၊ တန်းတူ‌ရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် (ဝါ) စစ်မှန်တဲ့ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဆိုတာ ‘လူမျိုးစုတစ်စု၊ ‌ဒေသတစ်ခု’အ တွက်ကွက်ပြီးလုပ်‌ဆောင်လို့ ဘယ်လိုမှမရနိုင်ဘူး၊ မဖြစ်နိုင်ဘူးဆိုတာကို လူမျိုးစုတိုင်းက သူတို့ဖြတ်သန်းမှုအရ ‌ကောင်း‌ကောင်း နားလည်ထားပြီးသားဖြစ်ပါတယ်။

(ဖဆပလ)အစိုးရနဲ့ အဲဒီ‌နောက်ပိုင်း နာမည်အမျိုးမျိုးနဲ့ အုပ်စိုးခဲ့ကြတဲ့ စစ်အုပ်စုအုပ်စိုးသူများရဲ့ အုပ်စိုးမှု ‌အောက်မှာ ဘယ်တိုင်းရင်းသားလူမျိုးစုမျှ တန်းတူ‌ရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဝါ) စစ်မှန်တဲ့ဖက်ဒရယ်ပြည်‌ထောင်စု မရ ရှိခဲ့ကြဘဲ လိမ်ညာလှည့်စားမှုအမျိုးမျိုးကိုသာ ကြုံ‌တွေ့ခဲ့ရတာဖူးတာပါ။ ဒါဟာ ၁၉၄၈ ခုနှစ်က‌နေ ဒီ‌နေ့အထိ ပကတိ အ‌ခြေအ‌နေမှန်ပါ။ ၁၉၆၃ခုနှစ်မှာ ‌စေ့စပ်‌ဆွေး‌နွေးကြတဲ့အခါ ‌ကော်ကဆာ‌စောဟန်တာသာ‌မွှေး ဦး‌ဆောင်တဲ့ (KRC) တစ်ဖွဲ့နဲ့ပဲ ဗိုလ်‌နေဝင်းရဲ့‌တော်လှန်‌ရေး‌ကောင်စီတို့ အ‌ပေးအယူ တည့်သွားဖူးပါတယ်။ ‘‌ကော်သူ‌လေးပြည်နယ်’ လို့ ၂ ရက်တစ်ပိုင်း‌လောက်၊ ‘စတိ’‌လောက် ‌ကြေညာ‌ပေးပြီး‌နောက်ပိုင်း ဖျက်သိမ်းပစ်လိုက်တယ် မဟုတ်ပါလား။ အဲဒီလိုခွဲ ထုတ်၊ လိမ်ညာလှည့်စားမှု‌တွေသာ လူမျိုးစုတိုင်းရင်းသား‌တွေ အလီလီကြုံခဲ့ကြရတာပါ။ ဒါ‌ကြောင့် ၁၉၄၈ ခုနှစ်က‌နေ ယ‌နေ့အထိ အုပ်စိုးသူအဆက်ဆက်‌အောက်မှာ လက်နက်ကိုင်တိုင်းရင်းသား‌တွေ ကြုံ‌တွေ့ခဲ့ရတဲ့ သမိုင်းလက်‌တွေ့ဟာ “အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုနဲ့ လိမ်ညာလှည့်စားမှု‌တွေ”ပဲ ဖြစ်ပါတယ်။

ဒါ‌ကြောင့် ‘၂၀၀၈ အ‌ခြေခံဥပ‌ဒေကို ပြင်ဆင်လိုက်ရင် တန်းတူတဲ့ ဖက်ဒရယ်ပြည်‌ထောင်စု ဖြစ်လာနိုင်တယ်၊ (NCA)စာချုပ်ဟာ ပြည်တွင်းငြိမ်းချမ်း‌ရေးကို အရယူ‌ပေးနိုင်လိမ့်မယ်’ စသဖြင့် ဒီ‌နေ့အထိ ယုံကြည်‌နေ‌သေးတယ်။ ‌မျှော် လင့်‌နေ‌သေးတယ်ဆိုရင် အဲဒီလူနဲ့ အဲဒီအဖွဲ့အစည်းဟာ အင်မတန်မိုက်မဲသူ၊ ရိုးအ ထုံထိုင်းသူ‌တွေပဲလို့ အားနာနာနဲ့ ‌ပြောရပါလိမ့်မယ်။

ဗိုလ်မင်း‌အောင်လှိုင် – ဗိုလ်စိုးဝင်းတို့ရဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုလက်ထဲမှာ တန်းတူမှုမရှိဘူး၊ ဗိုလ်ကျ လွှမ်းမိုးချုပ်ကိုင်မှုပဲ ရှိတယ်။ ‘စစ်မှန်တဲ့ ဒီမိုက‌ရေစီ’လည်း မရှိဘူး၊ တင်းကြပ်တဲ့ ချုပ်ကိုင်မှုမျိုးစုံနဲ့ ကွက်ပြည့်နင်းထား တဲ့ ‘စည်းကမ်း ပြည့်ဝတဲ့ဒီမိုက‌ရေစီ’ အတုအ‌ယောင်ပဲရှိတယ်။ ‘စစ်မှန်တဲ့ငြိမ်းချမ်း‌ရေး’လည်း မရှိဘူး။ အဖက်ဖက်က အကြမ်းဖက် ဖိနှိပ်ခြိမ်း‌ခြောက်ထားတဲ့ ‘ငြိမ်ဝပ်ပိပြား‌ရေး’ပဲ ရှိတယ်။ အဲဒီ ‘ငြိမ်ဝပ်ပိပြား‌ရေး’ကို စစ်အုပ်စုက ‘ထာဝရ ငြိမ်းချမ်း‌ရေး’လို့ နာမည်လှလှတပ်ပြီး လှည့်ဖြား‌လေ့ရှိတယ်။

အသက်‌တွေ၊ ‌သွေး‌တွေနဲ့ ရင်းနှီး‌ပေးဆပ်၍ ရယူခဲ့ရ‌သော အမျိုးမျိုး‌သော သမိုင်းလက်တွ့သင်ခန်းစာ‌တွေကို အ‌လေးအနက်ထားပြီး အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံ‌သွေးစည်းညီညွတ်‌ရေး အလျင်အမြန် တည်‌ဆောက်ဖို့ လိုပါတယ်။ သို့မှ သာ အခုကာလမှာ ပြည်တွင်းပြည်ပ အကြပ်အတည်းမျိုးစုံဆိုက်‌နေတဲ့ ဗိုလ်မင်း‌အောင်လှိုင် – ဗိုလ်စိုးဝင်းအကြမ်းဖက် (စကစ)စစ်အုပ်စုကို အကုန်အစင် တိုက်ဖျက်‌ချေမှုန်းပစ်နိုင်ပါလိမ့်မယ်။ ကိုယ်က သူ့ကို အပြတ်မ‌ချေမှုန်းနိုင်ဘူးဆိုရင် သူက ကိုယ့်ကိုတစ်ပိုင်းပြီးတစ်ပိုင်း၊ တစ်‌ဒေသပြီးတစ်‌ဒေသ အစိတ်စိတ်အမွှာမွှာကွဲ‌အောင် သပ်လျှို‌သွေးခွဲပြီး ‌ချေမှုန်း သွားပါလိမ့်မယ်။

တစ်တိုင်းတစ်ပြည်လုံးနဲ့ ပြည်သူတစ်ရပ်လုံးက နိုးကြား‌တော်လှန်‌နေတဲ့ အခုလိုအချိန်ကာလမျိုးမှာ သမိုင်း ဖြတ်သန်းမှုရှိပြီး အ‌တွေ့အကြုံများတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေဟာ တ‌ပြေးညီ တစ်ပြိုင်နက် စစ် မျက်နှာ ဖွင့်လှစ်ကြကာ ပါဝင်တိုက်ခိုက်ကြခြင်းဖြင့် သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့။