Home သတင်း ဖားအံမြို့နယ် တပ်မ‌တော်‌ထောက်ခံပွဲတွင် မြိုင်ကြီးငူ‌ဒေသခံများ ပါဝင်ခဲ့

ဖားအံမြို့နယ် တပ်မ‌တော်‌ထောက်ခံပွဲတွင် မြိုင်ကြီးငူ‌ဒေသခံများ ပါဝင်ခဲ့

1703

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လူအင်အား‌ထောင်နှင့်ချီ‌သော စစ်‌ကောင်စီ(မြန်မာ့တပ်မ‌တော်) ‌ထောက်ခံသည့် လမ်း‌လျှောက်ချီတက်ပွဲကို ကရင်ပြည် နယ်၊ ဖားအံမြို့နယ်‌တောင်ဘက် ဇွဲကပင်‌တောင်‌ခြေရှိ လုမ္ပဏီဥယျာဉ်တွင် ‌အောက်တိုဘာလ ၃ဝရက်‌နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြိုင်ကြီးငူ‌ဒေသခံများလည်း ပါဝင်ခဲ့ကြသည်။

လမ်း‌လျှောက်ချီတက်ကြသူများမှာ ‘မြန်မာ့တပ်မ‌တော်ကို အပြည့်အဝ ‌ထောက်ခံပါသည်’ ‘တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု မပြိုကွဲ‌ရေး’ စသည့်ဆိုင်းဘုတ်များနှင့်အတူ၊ စစ်‌ကောင်စီ‌ခေါင်း‌ဆောင်မင်း‌အောင်လှိုင်၏ ရုပ်ပုံပိုစတာများ၊ နိုင်ငံ ‌တော်စက္ကူအလံငယ်များ ကိုင်‌ဆောင်ကာ ဖဲကြိုးတံဆိပ်များကိုကပ်ထားပြီး အများစုမှာ ကရင်အကျင်္ီများကို ဝတ်ဆင် ထားကြခြင်းဖြစ်သည်။

ချီတက်ပွဲကိုမြင်‌တွေ့ကြည့်ရှုခဲ့သူတစ်ဦးက “‌တွေ့ချိန်က‌တော့ သူတို့လူစုခွဲပြီး ပြန်ထွက်လာ‌နေပါပြီ။ ချီတက်လာသူ‌တွေ အကုန်လုံးနီးပါးက‌တော့ ကရင်အကျင်္ီ‌တွေ ဝတ်ထားကြတယ်။ ‌မေးကြည့်‌တော့ မြိုင်ကြီးငူဘက်က လာတာလို့‌ပြောကြ တယ်။ ဇွဲကပင်‌တောင်‌ခြေ လုမ္ပဏီဥယျာဉ်ဘက်က‌နေ ပြန်လာ‌နေကြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌ထောက်ခံပွဲအပြီး ပြန်ထွက်လာသူများထဲတွင် ဖားအံမြို့ဘက်သို့ ပြန်သွားကြသည့် မြိုင်ကြီးငူ‌ဒေသခံ ကရင်ရွာ သူရွာသားများမှာ ၎င်းတို့ပါဝင်တက်‌ရောက်သည့် ‌ထောက်ခံပွဲရည်ရွယ်ချက်ကို ‌သေချာသိနားလည်ပုံမ‌ပေါက်‌ကြောင်း အဆိုပါမြင်‌တွေ့ခဲ့သူက ဖြည့်စွက်‌ပြောဆိုသည်။

ထို့အပြင် အချို့‌ကျေးရွာများမှ လူငယ်အချို့မှာလည်း တပ်မ‌တော်‌ထောက်ခံပွဲ သွား‌ရောက်ရမည်ဟု မသိရှိထားဘဲ ပါဝင် ခဲ့ပြီး ‌ငွေတစ်‌သောင်း‌ပေးမည်ဟု စည်းရုံးခံခဲ့ရ‌ကြောင်း၊ သို့‌သော် မည်သည့်‌ငွေ‌ကြေးမှမရရှိခဲ့ဘဲ ပါဝင်ခဲ့ရ‌ကြောင်း သွား ‌ရောက်ခဲ့ရသည့် လူငယ်များနှင့်နီးစပ်သူများ၏ ‌ပြောပြချက်အရ သိရှိရသည်။

တပ်‌ထောက်ခံပွဲပြုလုပ်ရာ‌နေရာဖြစ်သည့် ဒုံရင်းတိုက်နယ်၊ ‌တော်ပုံ‌ကျေးရွာနှင့် အနီးအနား ‌ကျေးရွာအချို့မှ အုပ်ချုပ် ‌ရေးမှူး၊ ရာအိမ်မှူးများကိုလည်း တက်‌ရောက်‌စေခဲ့‌ကြောင်း အမည်မ‌ဖော်လိုသူ ရွာသားတစ်ဦးက ယခုလို‌ပြောသည်။

“ကျ‌နော်တို့ကို‌တော့ ရွာမှာ တစ်အိမ်တစ်‌ယောက် သွားရမယ်လို့ လာ‌ပြောတာ‌တော့ မရှိပါဘူး။ ရွာက လူကြီး‌တွေ‌တော့ တစ်ဦးစီ သွားရမယ်လို့ပဲ သိထားတယ်။ ကျ‌နော်တို့လည်း မသွားဘူး။ ဘာလုပ်မှန်းလည်း မသိဘူး။”ဟု ၎င်းရွာသားက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ထောက်ခံပွဲ ကျင်းပပြုလုပ်ရန်အတွက် ယမန်‌နေ့ ‌အောက်တိုဘာလ ၂၉ရက်ကတည်းက ‌လေ့ကျင့်ပွဲ(ရီဟာစယ်) လုပ်ထားကြပြီး ယ‌နေ့ နံနက် ၄နာရီခန့်ကတည်းက လုံခြုံ‌ရေးများ လာ‌ရောက်ချထားကာ ချီတက်‌ထောက်ခံပွဲကို နံနက် ၆နာရီတွင် စတင်လူစုကာ ကျင်းပခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲများဖြင့် လုံခြုံ‌ရေးအပြည့်ချထားသည့် အဆိုပါ‌ထောက်ခံပွဲကို ယ‌နေ့နံနက် ၉နာရီ ‌ကျော်အထိ လမ်း‌လျှောက်ချီတက်ခြင်း အပါအဝင် ‌ကြွေး‌ကြော်သံများဖြင့်လည်း‌ကောင်း၊ အမျိုးသား‌ရေး သီချင်းများဖွင့် လှစ်ခြင်းဖြင့်လည်း‌ကောင်း ‌ဆောင်ရွက်ခဲ့ကြသည်ဟု ကိုယ်တိုင်ကြားသိခဲ့သူများက ‌ပြောပြသည်။

ယ‌နေ့ပြုလုပ်သည့် တပ်မ‌တော်‌ထောက်ခံပွဲ‌နေရာ ဇွဲကပင်‌တောင်‌ခြေမှ လုမ္ပဏီဥယျာဉ်ကို ဇွဲကပင်ဆရာ‌တော် အရှင် ကဝိဓဇ ဦးစီးတည်ထားခြင်းဖြစ်ပြီး ၎င်းဆရာ‌တော်မှာ ကရင်ပြည်နယ်၏ အမျိုးဘာသာ၊ သာသနာထိန်းသိမ်း‌စောင့် ‌ရှောက်‌ရေးအဖွဲ့(မဘသ)၏ ဥက္ကဌဖြစ်သည်။

ယခုနှစ် ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးချိန်မှစ၍ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် တပ်မ‌တော် ‌ထောက်ခံပွဲကိုပြုလုပ်ခဲ့သည်မှာ ယခုဆိုလျှင် ဒုတိယအကြိမ်‌မြောက်ဖြစ်ပြီး ပထမအကြိမ်ကို မတ်လက ‌တောင်က‌လေး ‌ကျေးရွာ၊ နှစ်သစ်ကူးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။