Home သတင်း ဗုံးခိုကျင်းထဲ အသက်ရှူကြပ်၍ ‌အောက်‌ကော့ရင်းရွာသူ ၄ဦး‌သေဆုံး

ဗုံးခိုကျင်းထဲ အသက်ရှူကြပ်၍ ‌အောက်‌ကော့ရင်းရွာသူ ၄ဦး‌သေဆုံး

1548

‌အောက်တိုဘာ ၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ‌အောက်‌ကော့ရင်း‌ကျေးရွာအုပ်စု စိမ့်ပိုင်း(ကနစိုးကုန်း)တွင် ရွာခံအမျိုးသမီး မိသားစုဝင် ၄ဦးမှာ ‌အောက်တိုဘာလ ၉ရက်၊ ယ‌နေ့နံနက်တွင် ဗုံးခိုကျင်းအတွင်းသို့ ပစ္စည်းဝင်ယူရင်း အသက်ရှူကြပ်ကာ ‌သေဆုံး သွားခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယ‌နေ့နံနက် ၉နာရီအချိန်တွင် အနက် ၆‌ပေ၊ အကျယ် ၁၄‌ပေနှင့် ဝင်‌ပေါက် ၂‌ပေပတ်လည်ရှိ ဗုံးခိုကျင်းထဲတွင် အဆိုပါရွာသူအမျိုးသမီးများ ‌သေဆုံး‌နေသည်ကို ရွာသူရွာသားများက သွား‌ရောက်‌တွေ့ရှိရာက အ‌လောင်းများကို သယ် ထုတ်ယူခဲ့ကြခြင်းဖြစ်‌ကြောင်း ‌ဒေသခံရွာသားများက ‌ပြောသည်။

ရွာခံအမျိုးသမီးငယ်တစ်ဦးက “အခုဖြစ်တဲ့မိသားစုက အစားအစာ အဓိက ဆန်စပါး၊ ဆီ၊ ဆား၊ ကုန်‌ခြောက်‌တွေ ခြမ တက်‌အောင်၊ ပိုးမတက်‌အောင် ခြ‌ဆေး၊ ခြင်‌ဆေးဖျန်းထားပြီး ကျင်းထဲအဖုံးပိတ်ပြီး ထားထားတယ်။ ခု‌နွေ‌ရောက်‌တော့ မုရင်းထဲ၊ လယ်ထဲဆင်းဖို့ သိမ်းထားတာ‌တွေထုတ်ပြီး မုရင်းထဲ လယ်ထဲ ‌ပြောင်း‌ရွှေ့ဖို့ ကျင်းထဲဆင်းဝင်ပြီး ပစ္စည်းထုတ် ဖို့လုပ်ရာက‌နေ တစ်‌ယောက် ဆင်းဝင်ပြီး အသံမကြား ‌ခေါ်မရ။ ‌နောက်ထပ်တစ်‌ယောက် ထပ်ဆင်းဝင် ထပ်‌ခေါ်မရ။ ‌လေး‌ယောက်အထိ ဆင်းပြီး ၄‌ယောက်စလုံး ဖြစ်သွားတာ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ဖြစ်သည့်အတွက် အိမ်ချင်းကပ်လျက်‌နေ အသက် ၆၃နှစ်အရွယ် ရွာသား ‌စောခင်လှ‌မောင်က ကူညီကယ်တင်ရန် ကျင်းထဲသို့ဆင်းခဲ့ရာ ချက်ချင်း ကျင်း‌ပေါ်ပြန်တက်လာခဲ့‌သော်လည်း အသက်ရှူကြပ်ပြီး ‌အောက်ဆီဂျင်ကျကာ ဖားအံ ‌ဆေးရုံသို့ အမြန်ပို့‌ဆောင်ခဲ့ရ‌ကြောင်းလည်း သူမက ဆက်လက်‌ပြောပြသည်။

‌သေဆုံးသွားသည့် ရွာသူအမျိုးသမီးများမှာ ‌နော်တင်လှိုင် ၆၃နှစ်(အဖ ‌စောပန်းမြိုင်)နှင့် သမီးများဖြစ်ကြသည့် ‌နော်မြ စိန် ၃၉နှစ်၊ ‌နော်တင်လှ‌မွေး ၃၃နှစ်၊ ‌နော်‌အေးစံပယ် ၃ဝနှစ်(အဖ ‌စောကတု ‌ခေါ် ‌စောမြတ်ထွန်း‌အောင်)တို့ဖြစ်ကြပြီး ၎င်းတို့၏အ‌လောင်းများကို ဖားအံမြို့ရှိ ပြည်သူ့‌ဆေးရုံသို့ ပို့‌ဆောင်ထား‌ကြောင်း သိရသည်။

ဖားအံပြည်သူ့‌ဆေးရုံနှင့် နီးစပ်သူ ဆရာဝန်တစ်ဦးက “အခု ‌လေး‌ယောက် ဆုံးတယ်ဆိုရင် အသက်ရှူကြပ်လို့ ‌သေတာ လား။ အ‌လောင်းကို ခွဲစိပ်ရင် သိရတာမျိုးပါ။ အခြားပ‌ယောဂပါ‌သေးလား။ မပါလား‌ပေါ့။ ဘာ‌ကြောင့်‌သေဆုံးလဲ ဆိုတာ ကို Post Mortem မှုခင်း‌ရေးရာဌာနက အ‌လောင်းကို ခွဲစစ်တာမျိုး‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့နယ် သံလွင်မြစ်အ‌နောက်ဖက်ကမ်းရှိ အဆိုပါ‌ကျေးရွာကို အထက်‌ကော့ရင်း၊ ‌အောက်‌ကော့ရင်း‌ကျေးရွာဟူ၍ နှစ်ပိုင်းခွဲထားပြီး ‌ဖေ‌ဖော်ဝါရီလကတည်းက စစ်တပ်က အာဏာသိမ်းပြီး‌နောက်ပိုင်း ရွာသူရွာသားအချို့မှာ စစ်‌ရေးပဋိ ပက္ခများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် မိမိတို့လုံခြုံ‌ရေးအတွက် ‌နေအိမ်အ‌တော်များများမှာ ဗုံးခိုကျင်းများ တူးထား ကြသည့်အပြင် အစားအ‌သောက်များကိုလည်း သို‌လှောင်ထားကြသည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။