Home သတင်း ကျိုက်ထိုမြို့နယ်တွင် စစ်‌ကောင်စီတပ် လှုပ်ရှားမှုများလာသဖြင့် KNLA နှင့် ထိ‌တွေ့ပစ်ခတ်မှု ပိုများလာ

ကျိုက်ထိုမြို့နယ်တွင် စစ်‌ကောင်စီတပ် လှုပ်ရှားမှုများလာသဖြင့် KNLA နှင့် ထိ‌တွေ့ပစ်ခတ်မှု ပိုများလာ

1230

‌အောက်တိုဘာ ၂၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် (တပ်မဟာ-၁)၊ ကျိုက်ထိုမြို့နယ်တွင် ယခု ‌အောက်တိုဘာလအ တွင်း စစ်‌ကောင်စီတပ်များ၏ စစ်‌ရေးလှုပ်ရှားမှုများ သိသိသာသာ များပြားလာသည့်အတွက် နယ်‌မြေအတွင်း ပစ်ခတ် တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာသည်ဟု KNU ဘက်က ‌ပြောသည်။

ကျိုက်ထိုမြို့နယ်ထဲတွင် စစ်‌ကောင်စီတပ် ‌ခြေမြန်တပ်ရင်း ခမရ (၂၀၇)တပ်ရင်းနှင့် ခမရ(၅၉၈)တပ်ရင်းများသည် ယခု‌အောက်တိုဘာလမှစ၍ စစ်‌ရေးလှုပ်ရှားမှုများ ပိုမိုလုပ်‌ဆောင်လာသည့်အတွက် ယခုရက်သတ္တတစ်ပတ်အတွင်း နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ရင်း(၃)နှင့် ထိ‌တွေ့ပစ်ခတ်မှု ၆ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက်မှ ၂ဝဦး‌ကျော် ကျဆုံးခဲ့သည်ဟု နယ်‌မြေခံ KNLA တပ်မှူးတစ်ဦးက ‌ပြောသည်။

“ကျ‌နော်တို့ ကျိုက်ထိုမြို့နယ်မှာဆိုရင် သိသိသာသာ လှုပ်ရှားလာတာရှိတယ်။ မ‌နေ့တုန်းက ဆင်းသွားတာ အ‌ယောက် ၁၀၀‌ကျော်‌ကျော်‌လောက်ရှိတယ်။ အ‌ယောက် ၂၀‌လောက်က တစ်‌ယောက်ကို ‌သေနတ်နှစ်လက်စီ ကိုင်သွားတာရှိ တယ်။ ကျ‌နော်တို့နယ်‌မြေထဲမှာဝင်လာရင် ကျ‌နော်တို့ဘက်က ပြန်ကာကွယ်ရမှာပဲ‌လေ”ဟု KNLA တပ်ရင်း(၃)မှ တပ် မှူးတစ်ဦးက ယမန်‌နေ့ ‌အောက်တိုဘာလ ၂၈ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်‌ကောင်စီတပ်များ ပိုမိုလှုပ်ရှားလာသည့်အတွက် ‌အောက်တိုဘာလ ၂၃ရက်‌နေ့က မုပ္ပလင်နှင့် မရမ်း‌ချောင်ဂိတ်ကြား၌လည်း‌ကောင်း၊ ‌အောက်တိုဘာလ ၂၆ရက်‌နေ့တွင် ကျိုက်ထီးရိုး‌လေးလမ်းဆုံ တစ်‌နေရာ၌လည်း ‌ကောင်း စစ်‌ကောင်စီတပ်ယာဉ်တန်းကို KNLA တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း ‌ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် ‌အောက်တိုဘာလ ၂၇ရက်‌နေ့ကလည်း ကျိုက်ထိုမြို့နယ် မိုး‌ပေါင်း‌ချောင်းအနီး သွားလာ‌နေသည့် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များနှင့် နယ်‌မြေခံ KNLA တပ်ဖွဲ့တို့ကြား ထိ‌တွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီဘက်မှ (၈)ဦးကျဆုံးကာ (၅)ဦး ထိခိုက်ဒဏ်ရာရရှိ‌ကြောင်း KNLA ဘက်က ‌ပြောသည်။

ယခုလအတွင်း သထုံနှင့် ဘီးလင်းမြို့နယ်များ၌လည်း စစ်‌ကောင်စီတပ် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၈) လက် ‌အောက်ခံ တပ်ဖွဲ့ဝင်များသည် စစ်‌ရေးလှုပ်ရှားမှုနှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ကျူးလွန်‌သော‌ကြောင့် KNLA တပ် မဟာ(၁) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲအကြိမ်‌ပေါင်း ၃၀‌ကျော်ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

အလားတူ ‌ကေအဲန်ယူ သထုံခရိုင်၊ ဖားအံမြို့နယ်ထဲတွင် လှုပ်ရှား‌နေသည့် BGF-၁၀၁၄ တပ်ရင်း၊ တပ်ခွဲ(၂)မှူး ဗိုလ်တင်ဝင်းဆိုသူက KNLA တပ်ဖွဲ့ဝင်များ ၎င်းတို့ကို လာ‌ရောက်ပစ်ခတ်ပါက ၎င်းတို့ကလည်း KNLA တပ်ဖွဲ့ဝင်များ၏ မိသားစု ဝင်များ ‌နေထိုင်‌သော ‌ကျေးရွာများအတွင်း ပြန်လည်ပစ်ခတ်မည်ဟု ‌အောက်တိုဘာလ (၂၇)ရက်‌နေ့က ဝဲပျံ‌ကျေးနယ် အုပ်စု၊ ‌ပေပင်ဆိပ်‌ကျေးရွာ(ဘုရားကုန်း)တွင် တ‌ကောင်ဘိုး၊ မဲလံ၊ နိုးကွာ စသည့်‌ကျေးရွာ(၃)ရွာမှ ရပ်မိရပ်ဖများနှင့် ရွာ သူကြီးများအား ‌ခေါ်ယူပြီး ခြိမ်း‌ခြောက်‌ပြောဆိုခဲ့သည်ဟု KNU သထုံခရိုင် သတင်းနှင့်ပြန်ကြား‌ရေးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်း စစ်‌ကောင်စီသည် စစ်‌ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ခုနှစ်၊ ‌အောက်တိုဘာလ ၁ရက်‌နေ့မှ ၂၀၂၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂၈ရက်‌နေ့အထိ ငါးလတာ အပစ်ရပ်‌ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်‌နေ့က ‌ကြေညာချက် ထုတ်ပြန်ထားခဲ့သည်။

သို့‌သော်လည်း မြန်မာနိုင်ငံ၏ အ‌နောက်‌မြောက်ဘက်တွင် ‌ဒေသခံ ပြည်သူ့ ကာကွယ်‌ရေးတပ်များနှင့် ပစ်ခတ်တိုက်ခိုက် မှုများ ပိုမို ပြင်းထန်လာသကဲ့သို့ ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေများတွင် ယခင်ကထက် စစ်‌ရေးလှုပ်ရှားမှုများရှိလာသည့် အတွက် ပစ်ခတ်မှုများ၊ တိုက်ပွဲများ ‌နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။