Home သတင်း ကျဆုံးတပ်ဖွဲ့ဝင်အ‌လောင်းများ ပြန်‌ကောက်နိုင်ရန် စစ်‌ကောင်စီဘက်က တပ်မဟာ(၆)ထံ ဆက်သွယ်ညှိနှိုင်း‌နေ

ကျဆုံးတပ်ဖွဲ့ဝင်အ‌လောင်းများ ပြန်‌ကောက်နိုင်ရန် စစ်‌ကောင်စီဘက်က တပ်မဟာ(၆)ထံ ဆက်သွယ်ညှိနှိုင်း‌နေ

2230

‌အောက်တိုဘာ ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ်တွင် ယမန်‌နေ့(‌အောက်တိုဘာလ ၂ဝရက်)က ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော်(KNLA)နှင့် ဖြစ်ပွားသည့် တိုက်ပွဲ၌ ကျဆုံးသွားသည့်အ‌လောင်းများကို ပြန်လည်‌ကောက်ယူနိုင် ရန် စစ်‌ကောင်စီဘက်မှ ဆက်သွယ်ညှိနှိုင်းမှုများရှိလာသည်ဟု KNLA နှင့် နီးစပ်သူများက ‌ပြောသည်။

နယ်‌မြေကျူး‌ကျော်ဝင်‌ရောက်လာသည့် စစ်‌ကောင်စီတပ် ‌ခြေလျင်တပ်ရင်း-ခလရ(၂၈၃)သည် ဝင်း‌ရေးမြို့နယ် သံမရာ ‌ချောင်းဖျားနှင့် ခုံခံ‌ကျေးရွာကြားအ‌ရောက်တွင် နယ်‌မြေခံ KNLA တပ်ရင်း-၁၆၊ တပ်ခွဲ(၂)နှင့် နှစ်ကြိမ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ စစ်‌ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် ၆ဦးကျဆုံးခဲ့‌ကြောင်း (KNLA)သတင်းအရင်းအမြစ်အရသိရသည်။

ပစ်ခတ်မှုအတွင်း ကျဆုံးသွား‌သော စစ်‌ကောင်စီတပ်ဖွဲ့ဝင် အ‌လောင်းများကို ယခုအချိန်ထိ အခင်းဖြစ်ပွားသည့်‌နေရာ တွင် တည်ရှိ‌နေဆဲဖြစ်ပြီး အဆိုပါအ‌လောင်းများကို ‌ကောက်ခံနိုင်ရန် စစ်‌ကောင်စီဘက်မှ သက်ဆိုင်ရာ KNLA တပ်မှူး တာဝန်ရှိသူများကို ဆက်သွယ်ညှိနှိုင်းမှုများရှိသည်ဟု သိရှိရသည်။

KNLA တပ်ရင်း(၁၆)မှ တပ်မှူးတစ်ဦးက “အ‌လောင်းလာ‌ကောက်မယ်လို့‌တော့ ‌ပြောတယ်။ ကျ‌နော်တို့ကို အသိ‌ပေးတာ ‌တွေရှိရင်‌တော့ ပစ်ခတ်ဖြစ်မှာ‌တော့ မဟုတ်ဘူး။ ကျ‌နော်တို့ကို ဆက်သွယ်လာတာ မရှိဘူး။ ဟိုချုံထဲဝင်၊ ဒီချုံထဲဝင်ရင် ‌တော့ ထပ်ဖြစ်ဖို့ အလားအလာရှိတယ်‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo: KNLA

ယမန်‌နေ့ နံနက် ၁၁နာရီနှင့် ည ၈နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း ကျဆုံးသွား‌သော စစ်‌ကောင်စီတပ် ဖွဲ့များထံမှ လက်နက်ငယ် ၇လက် သိမ်းဆည်းရမိသည်ဟုလည်း KNLA ဘက်က ‌ပြောသည်။

“ကျသွားတာက ၆‌ယောက်ရှိတယ်။ တပ်ရင်းမှူးတစ်‌ယောက်ပါတယ်။ နာမည်က သာဝင်းထွန်း။ ကျန်တဲ့ဗိုလ်‌တွေကျ ‌တော့ နာမည်မသိဘူး။ လက်နက်အချို့ကိုလည်း သိမ်းရတယ်‌ပေါ့‌နော်။ အခုထိ‌တော့ အ‌လောင်းမ‌ကောက်ရ‌သေးဘူး။ လာ‌ကောက်ဖို့ တက်လာတယ်လို့ သိရတယ်။”ဟု အဆိုပါ KNLA တပ်မှူးက ဆက်‌ပြောသည်။

ယင်းပစ်ခတ်မှု‌ကြောင့် အနီးအနားရှိ ‌ဒေသခံရွာသားအချို့မှာ အသက်‌ဘေး လွတ်ရာသို့ ထွက်‌ပြေးတိမ်း ‌ရှောင်‌နေကြရပြီး ယခုအချိန်ထိ ၎င်းတို့၏‌နေအိမ်သို့ ပြန်လာနိုင်ခြင်းမရှိ‌သေး‌ကြောင်း သိရှိရသည်။

ထို့အတူ ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့‌တောင်ပိုင်းတွင်လည်း ‌အောက်တိုဘာလဆန်းပိုင်းမှစ၍ ယမန်‌နေ့ ‌အောက်တို ဘာလ ၁၉ရက်‌နေ့အထိ နယ်‌မြေခံ ကရင်တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့တို့အကြား ‌နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိ သည်။