ဇူလိုင် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါလေလမ်းပိုင်းရှိ ကဆောဝါးလေး(ဆင်ဖြူကုန်း)တောင်ကျော၊ သုံးထပ်ကွေ့ ရပ်တော်မူဘုရားကုန်းနေရာကို ယနေ့မနက်ပိုင်းက စစ်အုပ်စုမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့၍ ကျောင်းထိုင်သံဃာတော်(၁)ပါး ပျံလွန်တော်မူသွားကြောင်း ဆေးဘက်ဆိုင်ရာသတင်းအရင်းအမြစ်မှ သိရသည်။
ဇူလိုင်လ (၂၈)ရက်နေ့ နံနက်(၁၀)နာရီကျော်အချိန်က အဆိုပါဘုရားကုန်းအား ဂျက်ဖိုက်တာဖြင့်...