Home သတင်း ‌ရေဖြူမြို့နယ်တွင် စစ်‌ကောင်စီက နယ်‌မြေရှင်းလင်း‌ရေးလုပ်‌ဆောင်မှု‌ကြောင့် တိမ်း‌ရှောင်‌နေသူအချို့ အိမ်မပြန်ရဲ‌သေး

‌ရေဖြူမြို့နယ်တွင် စစ်‌ကောင်စီက နယ်‌မြေရှင်းလင်း‌ရေးလုပ်‌ဆောင်မှု‌ကြောင့် တိမ်း‌ရှောင်‌နေသူအချို့ အိမ်မပြန်ရဲ‌သေး

1658

စက်တင်ဘာ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၄ နယ်‌မြေ၊ ‌ရေဖြူမြို့နယ် ‌ကျေးဇူး‌တော်‌ကျေးရွာအနီးတွင် ဩဂုတ် ၂၆ ရက်‌နေ့က စစ်‌ကောင်စီတပ်များ အလုံးအရင်းဖြင့် ဝင်‌ရောက်လာပြီး နယ်‌မြေရှင်းလင်း‌ရေးလုပ် ‌ဆောင်မည်ဟု သတင်းထွက်‌ပေါ်လာသည့်အတွက် ‌ဒေသခံများထွက်‌ပြေးတိမ်း‌ရှောင်ရကာ ယ‌နေ့ အချိန်ထိ အချို့ အိမ်မပြန်ရဲ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ‌ကျေးရွာအနီးနားတွင် စစ်‌ကောင်စီတပ်ဘက်မှ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့-PDF များ လက်နက်ချ အလင်းဝင်ရန်နှင့် လက်နက်မချပါက လက်စတုန်း‌ချေမှုန်းမည်ဟု ‌ရေးသားထားသည့်စာ ‌ကျေးရွာအတွင်း လိုက်ကပ်ထားသည့်အတွက် ‌ဒေသခံများ စိုးရိမ်ကာ တိမ်း‌ရှောင်ရ‌နေရခြင်းဖြစ်‌ကြောင်း ‌ဒေသခံတဦးက ယခုလို ‌ပြောသည်။

၎င်းက “စစ်‌ကောင်စီတပ်က ရွာဝင်လာတဲ့အချိန်မှာ ကျ‌နော်တို့ အ‌ပျော်တမ်း ငှက်လိုက်ပစ်တဲ့ ‌လေ‌သေနတ် ‌တွေကို မသုံးဘဲ အိမ်မှာပစ်ထားတာကို သူတို့‌တွေ့ပြီး‌တော့ PDF ပစ္စည်းဆိုပြီး စွပ်စွဲထားတာရှိတယ်။ ပြီး‌တော့ PDF ‌တွေကို သူတို့‌ချေမှုန်းဖို့ လိုက်ကပ်တဲ့စာ‌ကြောင့် ‌ဒေသခံ‌တော်တာ်များများက ‌ကြောက်တယ်။ အခု ၁၅ အိမ်ပဲ ပြန်လာရဲ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ အချိန်တွင် ‌ကျေးဇူး‌တော်‌ကျေးရွာအပြင် ရှင်ထဘီရွာ၊ နှမ်ကျယ်စသည့်‌ကျေးရွာများရှိ ‌ဒေသခံအချို့ ‌နေအိမ် သို့ ပြန်လာခြင်းများရှိသလို အချို့က ပြန်မလာရဲသည့်အတွက် ရွာအပြင်ဘက်တွင် ဆက်လက်တိမ်း‌ရှောင် ‌နေထိုင်သူ များလည်း ရှိ‌ကြောင်း သိရသည်။

‌ကျေးဇူး‌တော်‌ကျေးရွာတွင် အိမ်‌ထောင်စု ၅၈ စုမှ လူဦး‌ရေ ၂၂၄ ဦး၊ ရှင်ထဘီ‌ကျေးရွာတွင် အိမ်‌ထောင်စု ၆၈ စုမှ လူဦး‌ရေ ၃၀ဝ ဦးနှင့် နှမ်ကျယ်‌ကျေးရွာတွင် အိမ်‌ထောင်စု ၁၇ စုမှ လူဦး‌ရေ ၆၂ ဦးရှိသည်ဟု ‌ဒေသခံများ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။

စစ်‌ကောင်စီတပ်ဘက်မှ PDF ကိစ္စနှင့်ပတ်သက်၍ KNU တပ်မဟာ-၄၊ ဘိတ်-ထားဝယ်ခရိုင် တစ်ခုလုံးနီးပါး လုံးပမ်း‌ဆောင်ရွက်‌နေသည့်အတွက် နယ်‌မြေခံ KNUနှင့်ထိ‌တွေ့ပစ်ခတ်မှုမရှိရန် သတိထား‌နေရသည့် အပိုင်းရှိ‌ကြောင်း တပ်မဟာ-၄၊ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒို‌စောဖ‌လော်စိုးဝင်းက ‌ပြောသည်။

၎င်းက “ အခုအဲဒီဘက် တပ်ဘက်က လာရှင်းပြီးပြီးဆို‌တော့ အဲဒါဘာမှ‌တွေ့တာလည်း မဟုတ်ဘဲဟာ။ လူထု က‌တော့ တပ်နှစ်ဖက် နီးလာပြီးဆိုရင် သူတို့က ‌ပြေးတာဘဲ‌လေ။ ပစ်ကြလား မပစ်ကြဘူးလား သိမှမသိတာ။ ဘာမှမဖြစ်ဘူး သွား‌ပြောရင်လည်း အဲဒီမှာ မ‌တော်တဆ ပစ်ခတ်တိုက်ခိုက်မှုရှိရင် မ‌ပြေးရင် အဆင်မ‌ပြေဘူးဆို‌တော့ ကြို‌ပြေးတာက ပထမ‌ပေါ့” ဟု ‌ပြောသည်။

ထို့အပြင် လက်ရှိ ‌ကျောင်းပိတ်ချိန်ဖြစ်သည့်အတွက် ‌ဒေသခံများ‌တောထဲတွင်သွား‌နေထိုင်မှုများလည်း ရှိသလို သတင်းအမျိုးမျိုးထွက်‌ပေါ်‌နေ‌သော်လည်း တပ်မဟာ-၄ တွင် ထူးခြားမှု မရှိ‌သေး‌ကြောင်း ခရိုင်တာဝန်ရှိသူများ ထံမှ သိရသည်။