Home သတင်း ကျိတ်‌ကျေးရွာသို့ ပြန်ဝင်လာသည့် စစ်‌ကောင်စီတပ်များ ဘုန်းကြီး‌ကျောင်းနှင့် ‌နေအိမ်တို့တွင် တပ်စွဲ၊ ‌ဒေသခံတို့ စိုးရိမ်

ကျိတ်‌ကျေးရွာသို့ ပြန်ဝင်လာသည့် စစ်‌ကောင်စီတပ်များ ဘုန်းကြီး‌ကျောင်းနှင့် ‌နေအိမ်တို့တွင် တပ်စွဲ၊ ‌ဒေသခံတို့ စိုးရိမ်

1479

စက်တင်ဘာ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်‌ကျေးရွာသို့ အင်အားရာချီ ပြန်လည်ဝင်‌ရောက်လာသည့် စစ် ‌ကောင်စီတပ်နှင့် နယ်ခြား‌စောင့်တပ် (BGF)များ ‌ကျေးရွာရှိဘုန်းကြီး‌ကျောင်းနှင့် လူ‌နေအိမ်တွင် တပ်စွဲထားသည့် အတွက် ‌ဒေသခံလူထုများ စိုးရိမ်ထိတ်လန့်‌နေသည်ဟု အမည်မ‌ဖော်လိုသူ ရွာသားတဦးက ‌ကေအိုင်စီသို့‌ပြော သည်။

အဆိုပါစစ်‌ကောင်စီတပ်ဖွဲ့ဝင် ၁၀ဝ ဦးခန့်သည် ဘုန်းကြီး‌ကျောင်းနှင့် လူ‌နေအိမ်၊ ဆိုင်ခန်းများ၌ အကာအကွယ်ယူ တပ်စွဲထားသည့်အတွက် ‌ဒေသခံအချို့ ‌နေအိမ်စွန့်ခွာပြီး နီးစပ်ရာ အသိမိတ်‌ဆွေများထံသို့ ‌ပြောင်း‌ရွှေ့‌နေထိုင် ‌နေ ကြသည်ဟု ‌ဒေသတွင်း သတင်းရင်းမြစ်များက ‌ပြောသည်။

စစ်‌ကောင်စီတပ်များသည် ဩဂုတ် ၂၁ ရက်‌နေ့တွင် ကျိတ်စခန်းကို စွန့်ခွာသွားပြီး‌နောက် ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA)၊ တပ်ရင်း (၁၈)က စခန်းကို သွား‌ရောက်ရှင်းလင်းခဲ့‌သေးသည်။

သို့‌သော် စစ်‌ကောင်စီတပ်များ စခန်းသို့ ပြန်လည်အ‌ခြေချလိုသည့်အတွက် နယ်‌မြေခံ KNLA နှင့် ‌ကော်သ‌နောက် ‌ကျေးရွာတွင် ပစ်ခတ်မှုအကြိမ်ကြိမ်ဖြစ်ပွားပြီး‌နောက် ကျိတ်‌ကျေးရွာတွင် အင်အား ၂၀ဝ ခန့် ပြန်လည်‌ရောက်ရှိ လာခြင်းဖြစ်သည်ဟု ‌ဒေသခံများထံမှ သိရသည်။

ထို့အပြင် KNLA တပ်ရင်း (၁၈)နှင့် စစ်‌ကောင်စီတို့ကြား စက်တင်ဘာလ ၁ ရက်‌နေ့တွင် ကျိတ်‌ကျေးရွာ၏ ‌မြောက် ဘက် တစ်မိုင်ခန့်အကွာအ‌ဝေးရှိ ပိုင်ကလန်ဒုံ‌ကျေးရွာအကြားရှိ မိုက်ကလိန်ထားတွင် ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားကာ စစ်‌ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိသည်ဟု ‌ဒေသခံများထံမှ သိရသည်။

ထို့‌နောက် စစ်‌ကောင်စီတပ်များ ပိုင်ကလန်ဒုံ‌ကျေးရွာကို‌ရောက်ရှိပြီး ‌ကျေးရွာရှိ ဘုန်းကြီး‌ကျောင်းတွင် တပ်စွဲထား ခြင်း‌ကြောင့် ‌ဒေသခံများစိုးရိတ်ထိတ်လန့်ပြီး ဆိုင်များပိတ်ကာ ‌ပြောင်း‌ရွှေ့‌နေထိုင်‌နေရသည်ဟု ‌ဒေသခံပြည်သူ များ ‌ပြောဆိုသည်။

ယခုလို ပစ်ခတ်မှုဖြစ်ပွားပြီး‌နောက် ကျိုက်ဒုံရှိ BGF အင်အား ၁၀ဝ ခန့်သည် စက်တင်ဘာလ ၁ ရက် ညပိုင်းတွင် ကျိတ်‌ကျေးရွာတွင် ‌ရောက်ရှိလာသည်။ အလားတူ စစ်‌ကောင်စီတပ်ဖွဲ့ အင်အား ၁၀ဝ ‌ကျော်ခန့်သည် ပိုင်ကလန်ဒုံ ‌ကျေးရွာမှ မိုက်ကသို‌ကျေးရွာသို့ ‌ရောက်ရှိ‌နေပြီး ကျန်တပ်ဖွဲ့ဝင်များက ကျိတ်‌ကျေးရွာရှိ ဘုန်းကြီး‌ကျောင်း၊ လူ‌နေအိမ်နှင့် ‌နေအိမ်ဆိုင်ခန်းများတွင် တပ်စွဲထား‌ကြောင်း ‌ဒေသခံပြည်သူများထံမှ သိရှိရသည်။

လက်ရှိ ကျိတ်‌ကျေးရွာတွင် စစ်‌ကောင်စီတပ်များ ဘုန်းကြီး‌ကျောင်း၊ လူ‌နေအိမ်နှင့် ဆိုင်ခန်းများတွင် တပ်စွဲထား ‌သော်လည်း ရွာအတွင်းရှိ ‌ဈေးဆိုင်အချို့ ပြန်ဖွင့်ကာ သွားလာလှုပ်ရှားမှုရှိ‌သော်လည်း ပစ်ခတ်မှုဖြစ်မည်ကို စိုးရိမ်‌နေရ‌ကြောင်း သိရသည်။