အောက်တိုဘာ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထို(မွန်ပြည်နယ်၊ ဘီးလင်း)မြို့နယ်ရှိ အလူးကြီးကျေးရွာသို့ လေယာဥ်ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ခြေထောက်ပြတ်ရှ ဒဏ်ရာပြင်းထန်စွာရရှိပြီး အသက်ရှင်ကျန်ရစ်သည့် ကလေးငယ်အတွက် လက်ရှိဆေးကုသစရိတ် ထောက်ပံ့မှုလိုအပ်နေကြောင်း နီးစပ်ရာသတင်းအရင်းအမြစ်များမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ(၁၃)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က အလူးကြီးကျေးရွာထဲသို့ စစ်အုပ်စု...