Home သတင်း မယ်‌တော်‌ဆေးခန်းတွင် ကျန်းမာ‌ရေးဝန်‌ဆောင်မှုအားလုံး ရက်အကန့်သတ်မရှိ ပိတ်ထား

မယ်‌တော်‌ဆေးခန်းတွင် ကျန်းမာ‌ရေးဝန်‌ဆောင်မှုအားလုံး ရက်အကန့်သတ်မရှိ ပိတ်ထား

2669

ဩဂုတ် ၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကိုဗစ်‌ကြောင့် မယ်‌တော်‌ဆေးခန်းရှိ ကျန်းမာ‌ရေးဝန်ထမ်းနှင့်အတူ မိသားစုဝင်များ၊ ကျန်းမာ‌ရေး ဝန်‌ဆောင်မှု‌ပေး‌နေ သည့် လူထုအသိုင်းအဝိုင်းတို့ ‌ဘေးကင်းလုံခြုံ‌ရေးအတွက် ထိုင်းမြန်မာနယ်စပ် မဲ‌ဆောက်မြို့ မယ်‌တော်‌ဆေးခန်းတွင် ကျန်းမာ‌ရေးဝန်‌ဆောင်မှုအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ထား‌ကြောင်း မယ်‌တော်‌ဆေးခန်း၏ အွန်လိုင်းစာမျက်နှာ မှ ထုတ်ပြန်ထားချက်အရ သိရသည်။

မယ်‌တော်‌ဆေးခန်းတွင် ကိုဗစ်လူနာများကို ကူညီ‌စောင့်ကြည့်‌ပေး‌နေရခြင်းရှိသည့်အတွက် ယခုကာလတွင် ကိုဗစ်စစ် ‌ဆေး‌ပေးရန် လာ‌ရောက်သူမှလွှဲ၍ အခြား‌ဆေးကုသမှုဆိုင်ရာ ဝန်‌ဆောင်မှုအားလုံးကို ဇူလိုင်လ ၁၅ရက်‌နေ့မှ စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ထား‌ကြောင်း ဇူလိုင်လ ၃ဝရက်‌နေ့တွင် ထုတ်ပြန်ထားသည်။

မဲ‌ဆောက်တွင်‌နေထိုင်ကြသူများအ‌နေဖြင့် ကိုဗစ်ပိုးစစ်‌ဆေးမှု လိုအပ်သည်ဟုထင်ပါက မဲ‌ဆောက်‌ဆေးရုံကြီး၏ ‌ခေါ်ဆို နိုင်သည့် ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်သလို ကိုယ်ဝန်‌ဆောင်မိခင် ကျန်းမာ‌ရေးကိစ္စများနှင့်ပတ်သက်၍ မဲ‌ဆောက် ‌ဆေးရုံကြီး (သို့မဟုတ်) အနီးစပ်ဆုံး‌ဆေးခန်းသို့ ဆက်သွယ်နိုင်သည့်အပြင် နာတာရှည်‌ရောဂါများနှင့်ပတ်သက်၍ ‌ဆေး ကုသရန် အကူအညီလိုအပ်ပါက မယ်‌တော်‌ဆေးခန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထည့်သွင်းအသိ‌ပေးထားသည့် ကူညီ‌ပေးနိုင်သူ ဆရာ/ဆရာမများထံ ဆက်သွယ်နိုင်‌ကြောင်းလည်း ထုတ်ပြန်ထားသည်။

“‌လော‌လောဆယ် ‌ဆေးခန်းက ပြန်ဖွင့်လို့မရး‌သေးဘူး‌ပေါ့‌နော်။ နာတာရှည်‌ရောဂါ‌တွေအတွက်က အကူအညီလိုရင် ဖုန်းဆက်‌မေးလို့ရတယ်။ ဘာ‌ဆေး‌တွေ‌သောက်ရမလဲ အဲလို‌တွေ‌ပေါ့။ ပြီး‌တော့ မဲ‌ဆောက်‌ဆေးရုံကို သွားပြဖို့လိုရင် ကျမတို့ လမ်းညွန်‌ပေးမယ်။ ဒီအချိန်မှာ အခြား‌ရောဂါ‌တွေအတွက် ‌ဆေးခန်းမှာ လာပြရင်လည်း သူတို့အတွက် ‌ဘေး ကင်းလုံခြုံမှု‌တော့ မရှိ‌သေးဘူး‌လေ။ အဲဒါ‌ကြောင့် ဘယ်အချိန်ပြန်ဖွင့်ဖို့က မ‌ပြောနိုင်‌သေးဘူး။”ဟု မယ်‌တော်‌ဆေးခန်းမှ ဆရာမ‌နော်အယ်နီက ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲ‌ဆောက်မြို့တွင် လက်ရှိ ဖြစ်‌ပေါ်‌နေသည့် ကိုဗစ်ကူးစက်မှု တတိယလှိုင်ုမှစတင်၍ မဲ‌ဆောက်‌ဆေးရုံကြီးမှ မယ်‌တော် ‌ဆေးခန်းသို့ လွှဲ‌ပြောင်း‌ပေးလာသည့် ကိုဗစ်လူနာများရှိသည့်အပြင် ‌ရောဂါပိုး‌တွေ့ရှိသည့် ‌ဆေးခန်းဝန်ထမ်းမိသားစုဝင် များ၊ မိတ်ဖက်အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်ရှိ လူမှုအသိုင်းအဝိုင်းမှ ပိုးကူးစက်ခံရသူ လူနာများကိုလည်း မယ်‌တော် ‌ဆေးခန်းတွင် ‌စောင့်ကြည့်ကူညီ‌ပေး‌နေရခြင်းလည်းရှိသည်။

ယခုကဲ့သို့ ကိုဗစ်ကူးစက်မှု အ‌ရေးကြီးသည့်ကာလတွင် မဲ‌ဆောက်မြို့နယ် ကျန်းမာ‌ရေးဌာန၏ တရားဝင် အသိအမှတ် ပြုမှုဖြင့် ဇွန်လ ၂၈ရက်‌နေ့ကတည်းက မယ်‌တော်‌ဆေးခန်းကို ကိုဗစ်ကုသ‌ရေး‌ဆေးရုံအဖြစ်ထားရှိပြီး မဲ‌ဆောက်‌ဆေးရုံ ကြီးမှ လွှဲ‌ပြောင်း‌ပေးသည့်လူနာများကို ‌ဆေးခန်းရှိ ကျန်းမာ‌ရေးဝန်ထမ်းများက ကုသ‌ပေးလျက်ရှိသည့်အပြင် မဲ‌ဆောက်‌ဆေးရုံနှင့် အခြား‌သော ကျန်းမာ‌ရေးဌာနရှိ ဝန်ထမ်းများနှင့်အတူ ကိုဗစ်လူနာများကို အနီးကပ် ‌စောင့်ကြည့် စစ်‌ဆေး‌ပေးရန် တာဝန်ယူထားရသည်များလည်းရှိ‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ကျန်းမာ‌ရေးကိစ္စနှင့်ပတ်သက်၍ မယ်‌တော်‌ဆေးခန်းကို အားကိုး‌နေရသူ ‌ရွှေ့‌ပြောင်းအလုပ်သမား ‌အောင်သူလင်းက “အခု ရပ်ကွက်‌တွေမှာလည်း ‌လော့‌ဒေါင်းချထား‌တော့ အပြင်ထွက်လို့မရဘူး။ ‌နေမ‌ကောင်းဖြစ်ပြီး အ‌ရေး‌ပေါ်မဟုတ်ရင် အိမ်မှာပဲ ကုခိုင်းတာ‌ပေါ့။ ကျ‌နော်တို့ကလည်း ‌ဆေးအ‌ကြောင်း ဘာမှမသိဘူး။ ပါရာစီတ‌မောတစ်မျိုးပဲသိ‌တော့ အဆင် မ‌ပြေဘူး။ အလုပ်သမားတချို့ကလည်း မဲ‌ဆောက်‌ဆေးရုံဆိုရင် မသွားပြချင်ဘူး။ မယ်‌တော်‌ဆေးခန်းကိုပဲ သွားပြချင် တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုအချိန်၌ ‌ဆေးခန်းတွင် အ‌ထွေ‌ထွေပစ္စည်းများဖြစ်သည့် အစာ‌ခြောက်၊ အာဟာဖြည့်အစာ၊ အိပ်ယာအသုံးအ‌ဆောင် ပစ္စည်းများအပြင် ‌ဆေးဝါးအ‌ထောက်အပံ့များ၊ ပိုးသတ်‌ဆေးရည်များ၊ ဓာတ်ခွဲခန်းသုံးအ‌ထောက်အကူပစ္စည်းများ၊ တစ်ကိုယ်ရည် သန့်ရှင်း‌ရေး အသုံး‌ဆောင်ပစ္စည်းများ လိုအပ်ချက်ရှိပြီး လှူဒါန်းလိုပါက ဆက်သွယ်‌မေးမြန်းနိုင်‌ကြောင်း လည်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၊ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ဩဂုတ်လ ၄ရက်‌နေ့ စာရင်းအရ ကိုဗစ်ပိုး ထပ်မံ ကူးစက်ခံ ရသူ (၂၀,၂၀၀)ဦး တိုးလာကာ ကူးစက်ခံရသူ စုစု‌ပေါင်း (၆၇၂၃၈၅)ဦးရှိပြီး ‌သေဆုံးသူ‌ပေါင်း (၅၅၀၃)ဦးရှိပြီဖြစ်‌ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် နှစ် ၃၀‌ကျော် ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေးလျှက်ရှိသည့် ‌ဒေါက်တာစင်သီယာ‌မောင် ဦး‌ဆောင်‌သော မယ်‌တော်‌ဆေးခန်းကို ၁၉၈၉ခုနှစ်တွင် စတင်တည်‌ထောင်ဖွဲ့စည်းခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်သို့ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ရောက်ရှိလာသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များနှင့် မြန်မာပြည်အ တွင်းမှ ပြည်သူများအတွက် အခမဲ့ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေးရန် ရည်ရွယ်၍ ‌ဆေးခန်းကို တည်‌ထောင်ခဲ့ခြင်းဖြစ် သည်။