Home သတင်း တပ်မဟာ ၂ နယ်‌မြေတွင် KNDO နှင့် စစ်‌ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

တပ်မဟာ ၂ နယ်‌မြေတွင် KNDO နှင့် စစ်‌ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

4381

ဩဂုတ် ၂၄၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ‌တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်‌မြေတွင် စစ်‌ကောင်စီ တပ်အင်အား အများအပြား တက်လာပြီး‌နောက် ယ‌နေ့ (ဩဂုတ် ၂၄) နံနက်ပိုင်းတွင် ‌ဒေသအ‌ခြေစိုက် KNDO တပ်ဖွဲ့ဝင်များနှင့် နာရီဝက်ခန့်အကြာ ထိပ်တိုက်‌တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KNDO တာဝန်ရှိသူတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ စစ်‌ကောင်စီတပ်ဘက်မှ တပ်အင်အားအပြည့်ပါလာသည့် စစ်တပ်ကား ၂၈ စီးသည် ဩဂုတ် ၂၃ရက်၊ ‌နေ့လယ် တစ်နာရီဝန်းကျင်တွင် KNU တပ်မဟာ-၂ ‌ဘောဂလိမှ တက်လာပြီး‌နောက် ဩဂုတ် ၂၄ ရက် တွင်ထန်းတပင်မြို့နယ် ‌သေး‌လေးထာဘက်မှ ဆက်လက်ထွက်ခွာလာရာ ‌မော်ခီးကားလမ်း၊ ကိုး‌ဒေးစခန်းအနီး ‌ရောက်ရှိသည့်အချိန်တွင် နယ်‌မြေခံ KNDO တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်‌တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နယ်‌မြေခံ KNDO တပ်ရင်း(၄) တပ်ရင်းရုံးထိုင်မှူး ဗိုလ်ကြီး ‌စောတာဘိုမူး ‌ကေအိုင်စီသို့‌ပြောသည်။

ယ‌နေ့နံနက် ၆နာရီ ‌ကျော်တွင် ဖြစ်ပွားသည့် တိုက်ပွဲ‌ကြောင့် စစ်‌ကောင်စီတပ်ဘက်မှ ၁ဝ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရှိထားပြီး KNDO တပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုမရှိ‌ကြောင်း ၎င်းက ယခုလို ‌ပြောသည်။

“ပစ်ခတ်မှုဖြစ်‌တော့ စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်။ အတိအကျ‌တော့ မရရှိ‌သေးဘူး။ သူတို့က ဘယ်အထိ ဆက်သွားမလဲ‌တော့ မသိ‌သေးဘူး။ ‌တောင်ငူခရိုင်မှာ ရန်သူဘက်က စစ်‌ရေးလှုပ်ရှားမှု ပိုတိုးလာမယ့် သ‌ဘော ရှိတယ်။ ဒီလိုဘဲ စစ်‌ရေးလုပ်ရှားမှုလုပ်ရင်‌တော့ ကျ‌နော်တို့လူထု‌တွေက ပိုထိခိုက်မယ်။ ဘာဘဲဖြစ်ဖြစ် ကျ‌နော်တို့ ကရင်တစ်မျိုးသားလုံးအတွက် ကျ‌နော်တို့ပြည်သူ၊ ကျ‌နော်တို့ နယ်‌မြေအတွက် ကာကွယ်‌ပေးရမယ့် တာဝန်ရှိ တယ်” ဟု ဗိုလ်ကြီး ‌စောတာဘိုမူး ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖေါ်ဝါရီ ၁ ရက်‌နေ့တွင် စစ်တပ် အာဏာသိမ်းယူပြီး‌နောက် မတ်လမှတင်၍ ယခု ဩဂုတ်လ အထိ KNUတပ်မဟာ(၂) နယ်‌မြေတွင် ပစ်ခတ်မှု အကြိမ်‌ရေ ၆ဝ ‌ကျော်ရှိသွားပြီဖြစ်ကာ စစ်‌ကောင်စီတပ်ဘက်မှ ၄ဝ ဦး ‌ကျော် ကျဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ အ‌ယောက် ၁၀ဝ ‌ကျော်ရှိ‌ကြောင်း KNDO ထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ‌ကေအဲန်ယူ၊ ထိန်းချုပ်နယ်‌မြေများဖြစ်သည့် ‌တောင်ငူခရိုင် (တပ်မဟာ-၂)၊ သထုံခရိုင် (တပ်မဟာ-၁)၊ မူ‌တြော်ခရိုင်(တပ်မဟာ-၅) ၊ ဒူးပလာယာခရိုင် (တပ်မဟာ-၆) နယ်‌မြေများတွင် စစ်‌ကောင်စီ တပ်မှတပ်အင်အား အ‌မြောက်အများ တိုးချဲ့လာပြီး စစ်‌ရေးလှုပ်ရှားမှုများရှိကာ ပစ်ခတ်မှု ‌နေ့စဉ်ဖြစ်ပွား လျက် ရှိသည်။ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့ဝင်များကလည်း စစ်‌ကောင်စီတပ်နှင့်အတူ ပူး‌ပေါင်းပြီး ပစ်ခတ်တိုက်ခိုက်လျက်ရှိ‌ကြောင်း နယ်‌မြေခံ KNU တာဝန်ရှိသူများထံမှ သိရသည်။