Home သတင်း ကွင်းက‌လေးတိုက်ပွဲတွင် စစ်‌ကောင်စီဘက်မှ တစ်ဦး‌သေ၊ နှစ်ဦးဒဏ်ရာရရှိပြီး ‌ဒေသခံ ၃ဦးကို ဖမ်းဆီးသွား

ကွင်းက‌လေးတိုက်ပွဲတွင် စစ်‌ကောင်စီဘက်မှ တစ်ဦး‌သေ၊ နှစ်ဦးဒဏ်ရာရရှိပြီး ‌ဒေသခံ ၃ဦးကို ဖမ်းဆီးသွား

2103

ဩဂုတ်လ ၂၄ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကွင်းက‌လေး‌ကျေးရွာတွင် ယမန်‌နေ့(ဩဂုတ် ၂၃ရက်)တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် စစ်‌ကောင်စီဘက်မှ တစ်ဦး‌သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကာ ‌ဒေသခံ ၃ဦးကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့ သည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်များက ‌ပြောသည်။

အဆိုပါ ‌ကေအဲန်ယူ တပ်မဟာ-၆ လက်‌အောက်ခံတပ်များနှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်တို့ ထိ‌တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ‌နောက် ယ‌နေ့ (ဩဂုတ် ၂၄ ရက်) နံနက်ပိုင်းတွင် စစ်‌ကောင်စီတပ်များ ကွင်းက‌လေး‌ကျေးရွာမှ ပြန်ဆုတ်သွား‌ကြောင်း အမည်မ‌ဖော်လိုသည့် ‌ဒေသခံတဦးက ယခုလို ‌ပြောသည်။

၎င်းက “ဒီ‌နေ့မနက် ၁၁ခွဲ‌ကျော်မှာ ပြန်သွားတယ်။ သူတို့ဘက်က တစ်‌ယောက်‌သေတယ်။ နှစ်‌ယောက်လား ဒဏ်ရာရ တယ်။ ‌ကော်သ‌နော့က ရွာလူကြီး ၂‌ယောက်နဲ့ ဝက်တခုံ(ယွာတကုံ)က ရွာသားတစ်‌ယောက်ကို ‌ခေါ်သွားတယ်‌ပေါ့‌နော်။ ဒီမနက်ကျ‌တော့ ကွင်းက‌လေး(ယွာဖိုး)က တစ်‌ယောက်ကို ‌ခေါ်သွားတယ်။ လမ်းပြဖို့အတွက်။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ခရိုင်၊ တပ်မဟာအတွင်း တိုက်ပွဲများ၏ ‌နောက်ဆက်တွဲ အ‌ခြေအ‌နေနှင့် ပတ်သက်ပြီး ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က ယမန်‌နေ့ ပစ်ခတ်မှုဖြစ်စဉ် အ‌သေးစိတ်ကို သိထား‌သော်လည်း ဩဂုတ် ၂၄ရက်‌နေ့ ‌နောက်ဆက်တွဲ အ‌ခြေအ‌နေကိုမူ စုံစမ်းအတည်ပြု‌နေဆဲ ဖြစ်သည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌နေ့က‌တော့ ‌အောက်‌ခြေက သတင်းပို့တာ ဘာမှ မရ‌သေးဘူး။ သူတို့ အဲ့ဒီမ‌နေ့က ကမိုင်ကုန်း ဘုန်းကြီး‌ကျောင်းမှာ တပ်စွဲထားတာ ပြန်ရုတ်သိမ်းတာလည်း မ‌တွေ့ရ‌သေးဘူး။ အဲ့လိုပဲ သိရ‌သေးတယ်‌လေ”ဟု ၎င်းက ‌ပြောသည်။

စစ်‌ကောင်စီတပ်ဖွဲ့သည် ကျိတ်တပ်စခန်းမှ ဆုတ်ခွာပြီး‌နောက် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်ရင်း(၁၈)တို့မှ သွား‌ရောက်ရှင်းလင်း‌နေရာယူသည့်အတွက် စစ်‌ကောင်စီဘက်မှ ‌တောင်းဆိုမှု ရှိလာသည့်အချိန် တွင် ကျူး‌ကျော်မှု မပြုလုပ်ရန်နှင့် လှုပ်ရှားမှုမပြုလုပ်ရန် သတိ‌ပေးတားမြစ် ‌ပြောဆိုမှုရှိခဲ့ပြီး‌နောက် ယခုလို ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ပဒို‌စောလစ္စတန်က ‌ပြောသည်။

လက်ရှိ ကွင်းက‌လေး‌ကျေးရွာတွင် တပ်စွဲထားသည့် စစ်‌ကောင်စီတပ်များသည် ယ‌နေ့မနက်တွင် ကျိုက်ဒုံဘက်သို့ ပြန် ဆုတ်သွား‌ကြောင်းနှင့် ကျိတ်‌ကျေးရွာတွင် BGF များ အ‌ခြေချ‌နေထိုင်‌ကြောင်း ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရ သည်။ ထို့အပြင် ‌ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်း‌ကျေးရွာတွင် စစ်‌ကောင်စီနှင့် BGF တို့ ပူး‌ပေါင်းပြီး ကမိုင်ကုန်းရွာ ဘုန်းကြီး ‌ကျောင်း၌ နယ်ခြား‌စောင့်တပ်များဖြင့် အင်အားဖြည့်ကာ တပ်စွဲထားပြီး ယ‌နေ့ ဩဂုတ်လ ၂၄ရက် နံနက်ပိုင်းတွင်လည်း ပစ်ခတ်မှုများရှိ‌နေ‌သေး‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။