Home သတင်း ကရင့်အမျိုးသားအာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံ

ကရင့်အမျိုးသားအာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံ

3687

ကရင့်အမျိုးသားအာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံ

၁၉၅ဝခုနှစ်၊ ဩဂုတ်လ (၁၂)ရက်‌နေ့သည် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ဥက္ကဌ ‌စောဘဦးကြီး၊ ဗိုလ်ချုပ် စိုင်း‌ကေနှင့် အ‌ပေါင်းပါတို့ ‌တော်လှန်‌ရေး တာဝန်ထမ်း‌ဆောင်ရင်း အာဇာနည်ဆန်စွာ ကျဆုံးသွားရသည့်‌နေ့ ဖြစ်သည်။ ‌စောဘဦးကြီးကို ဧရာဝတီတိုင်းရှိ ပုသိမ်မြို့မှ မိုင် ၄ဝခန့်ကွာ‌ဝေး‌သော “ဘဲဂယက်”ရွာ၌ ၁၉၀၅ခုနှစ်က ‌မွေးဖွားခဲ့ဖြစ်ပြီး ဖခင်မှာ ‌စောသာမြတ်ကြီး ဖြစ်သည်။ သူသည် ‌ကေအဲန်ယူ ဥက္ကဌ ဖြစ်လာပြီး‌နောက် မကျဆုံးမီ အမျိုးသားညီလာခံကို ၁၉၅ဝခုနှစ်၊ ဇူလိုင်လ ၁၇ရက်မှ ၁၉ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ဦး‌ဆောင်ကျင်းပခဲ့သည်။
ထိုညီလာခံ၌ ဘဦးကြီးမူ ‌လေးချက်ကို တရားဝင် ‌ရေးသားခဲ့ပြီး ၎င်းအချိန်က ‌မော်ချီးရှိ ‌ကော်သူး‌လေ အသံလွှင့်ဌာနမှ ‌ကြေညာ‌လေသည်။

၎င်းမူ (၄)ချက်မှာ …….
၁။ လက်နက်ချစကား အလျဉ်းမ‌ပြောရ
၂။ ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်
၃။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်
၄။ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံ‌စေရမည်

မူ(၄)ချက်ကို ‌ကြေညာပြီး‌နောက် ‌စောဘဦးကြီးသည် အ‌ရေးကြီးကိစ္စဖြင့် ‌ကော့ကရိတ်ဘက်ဆင်းသွားခဲ့သည်။ တာဝန် ကို ‌လေးစားခြင်း၊ မိမိအမျိုးသားများကို ယုံကြည်ခြင်းများ‌ကြောင့် တပ်စိပ်တစ်စိပ်နှင့် မိုးသည်းထန်စွာ ရွာသွန်းကာ ‌ချောင်း‌ရေကြီးသည့်အချိန် ခရီးဆက်ခဲ့ရာ နဘူးမြို့နယ်၊ ထို့‌ကော်ကိုးရွာသို့‌ရောက်‌သော် ထီးစွမ်းရွာသား ‌မောင်အဲသည် ‌ကောင်းစွာ ကြိုဆိုသ‌ယောင်နှင့် သတင်းတိကျစွာယူ၍ နဘူးမြို့ရှိ ရန်သူတပ်ကို သွား‌ရောက်သတင်း‌ပေးသဖြင့် ဥက္ကဌ ‌စောဘဦးကြီး‌နေသည့်တဲမှာ ညအချိန် မိုးထဲ‌ရေထဲ ဝိုင်းထားခံခဲ့ရသည်။ ထို့‌နောက် နံနက်‌ဝေလီ‌ဝေလင်းအချိန်တွင် အတင်း တိုက်ခိုက်‌လေရာ ဥက္ကဌ ‌စောဘဦးကြီးတို့မှာ အင်အားနည်း‌သော်လည်း အညံ့မခံဘဲ အပြန်အလှန် ခုခံတိုက် ခိုက်ရင်း အသက်‌ပေးလှူသွားခဲ့ရသည်။

ရန်သူကို လက်မ‌မြှောက် အရှုံးမ‌ပေးဘဲ ရဲရင့်ပြတ်သားစွာ အပြန်အလှန် ခုခံတိုက်ခိုက်ရင်း ဂုဏ်‌ပြောင်စွာ ကျဆုံးခဲ့‌သော ဩဂုတ်လ (၁၂)ရက်‌နေ့ကို ကရင့်အမျိုးသား အာဇာနည်‌နေ့ဟု သတ်မှတ်လျှက် ယ‌နေ့ထိတိုင် ဂုဏ်ပြုခဲ့ကြသည်။

‌စောဘဦးကြီး၏ ထူးခြားချက် (၇)ချက်
၁။ ပညာစွန့်လွှတ်ခြင်း – (Bar At Law)ဖြင့် ဗြိတိသျှအင်ပါယာတစ်ခုလုံး ‌ရှေ့‌နေလိုက်ခွင့်ရ‌သော်လည်း လူမျိုးနှင့် တိုင်း ပြည်အတွက် ‌နေရပ်ပြန်လာခဲ့သည်။
၂။ သားမယား စွန့်လွှတ်ခြင်း – စစ်အတွင်း မိသားစုလုံခြုံ‌ရေးအတွက် အဂင်္လန်သို့ပြန်သွားသည့် ဇနီး၊ သားသမီး‌နောက် သို့ မလိုက်ဘဲ ကရင့်နိုင်ငံ‌ရေးလိုအပ်ချက်အရ မိမိဘဝကို မြှုပ်နှံခဲ့သည်။
၃။ ရာထူးစွန့်လွှတ်ခြင်း – ၁၉၄၇ ‌အောက်တိုဘာလတွင် (KNU)‌မော်လမြိုင်ညီလာခံ၌ ကရင်ပြည်မရရှိပါက အစိုးရအဖွဲ့ အတွင်းရှိ ကရင်‌ခေါင်း‌ဆောင်များ မိမိရာထူးမှ နှုတ်ထွက်ရန်ဆို‌သော ဆုံးဖြတ်ချက်အရ ကရင်အမျိုးသားနိုင်ငံ‌ရေးအ တွက် ဝန်ကြီးရာထူးမှ နှုတ်ထွက်ခဲ့သည်။
၄။ ကရင်ပြည်သူများအား နိုင်ငံ‌ရေးလမ်းပြခဲ့ခြင်း – ပင်လုံကတိကဝတ်များမှ လွှဲ‌ချော်ခဲ့သည့် ၁၉၄၇ အ‌ခြေခံဥပ‌ဒေကို ဆန့်ကျင်၍ ကရင်ပြည်သူတို့အား ဒီမိုက‌ရေစီနည်းကျကျ နိုင်ငံ‌ရေးလမ်းပြခဲ့ပြီး ကရင့်‌ကြွေး‌ကြော်သံ (မူ)ချ‌ပေးခဲ့သည်။
(က) ကရင်ပြည် ချက်ချင်း‌ပေး
(ခ) ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ
(ဂ) လူမျိုး‌ရေးအဓိကရုဏ်း အလိုမရှိ
(ဃ) ပြည်တွင်းစစ် အလိုမရှိ
၁၉၅ဝ ဖာပွန်ကွန်ဂရက်တွင် လမ်းညွှန်ခဲ့သည့်စကားများ
– ကရင့်‌တော်လှန်‌ရေးသည် ပထမဆုံးနှင့် ‌နောက်ဆုံးအကြိမ် ဖြစ်သည်။
– ကရင်‌တွေ ရန်ကုန်ဆင်းပြီး လည်စင်းမခံသ‌ရွေ့ ကရင့်‌တော်လှန်‌ရေး ဘယ်‌တော့မှ မရှုံးဘူး။
ကရင်ပြည်ရရှိ‌ရေး နည်းလမ်း (၃)သွယ်
– ရန်သူက ‌ပေးချင်‌သောဆန္ဒ‌ကြောင့်ရခြင်း
– ရန်သူကို အနိုင်တိုက်၍ရခြင်း
– ပြည်ပအ‌ခြေအ‌နေ တွန်းပို့မှု‌ကြောင့်ရခြင်း တို့အပြင် မူ‌လေးချက်ကိုပါ ချမှတ်‌ပေးခဲ့သည်။
၅။ အကြီးမားဆုံး စည်းရုံးနိုင်ခဲ့ခြင်း – ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် ကရင်လူထုဆန္ဒပြပွဲကို ဦး‌ဆောင်နိုင်ခဲ့ သည်။ ထို‌နေ့တွင် တစ်ပြည်လုံး ကရင်လူထုအင်အား ၄သိန်း‌ကျော် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

၆။ စီးပွားစွန့်လွှတ်ခြင်း – မအူပင်ဘဏ် ‌ဖောက်ထွင်းမှုတွင် ကရင်လူငယ် (၁၉)ဦး ပါဝင်ခဲ့သည့်ကိစ္စ ကရင့်ဂုဏ်သိက္ခာ ထိန်းသိမ်း‌ရေးအတွက် မိမိပိုင်ဆိုင်သည့် လယ်ဧက (၁၀၀၀)ဖြင့် ‌ပေး‌လျော်ရန် ကတိ‌ပေးခဲ့သည်။

၇။ အသက်စွန့်လွှတ်ခြင်း – ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့တွင် ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကူးရွာ၌ ကရင်တစ် မျိုးသားလုံးနှင့် ကရင့်‌တော်လှန်‌ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည်။